နိုင်ငံရေး

စစ်ထောက်လှမ်းရေးအရာရှိနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ SNA တပ်ဖွဲ့ဝင်တွေကို မိုးကောင်းပြောက်ကျားတပ်က ဖမ်းမိထားတယ်လို့ဆို

ပြီးခဲ့ရက်ပိုင်းအတွင်း ဖမ်းမိခဲ့တဲ့ စစ်ထောက်လှမ်းရေးအရာရှိနဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ SNA(ရှမ်းနီ လက်နက်ကိုင်တပ်) ဒေသခေါင်းဆောင်တဦးအပါအဝင် ကိုးဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ မိုးကောင်းမြို့နယ် ပြည် သူ့ကာကွယ်ရေးအဖွဲ့ UG Black K တာဝန်ရှိသူက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့က အဲ့ဒီ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျွန်းလှနယ်တောင်ယာဆိပ်ကျေးရွာမီးရှို့ဖျက်ဆီးခံရ၊ကန့်ဘလူခရိုင်မှာ ပြည်သူတသောင်းကျော်ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် တောင်ယာဆိပ်ရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ(၃၀)ရက် ဒီကနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်တွေနဲ့ တခြား ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေး ဘူးလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့ကပြောပါတယ်။ စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၈နဲ့ပျူစောထီး စုပေါင်းအင်အား ၁၂၀ဝန်းကျင်ပါစစ်ကြောင်းက ဒီကနေ့မနက်အစောပိုင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီပဲယင်းမြို့ပေါ် ရပ်ကွက်တခုမှာ စစ်တပ်က အရပ်သားတွေကိုနှင်ထုတ်ပြီး အိမ်နှစ်ဆယ်ကျော်မီးရှို့

စစ်ကိုင်းတိုင်း၊ဒီပဲယင်းမြို့၊ ကွက်သစ်ရပ်ကွက်မှာနေထိုင်သူတွေကို စစ်သားတွေက ညတွင်းချင်းနှင်ထုတ်ကာ နေအိမ်တွေကို မီးရှို့ခဲ့လို့ အိမ်နှစ်ဆယ်ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒီပဲယင်း ဒေသခံတဦးက DNA ကိုပြောပါတယ်။ “နှစ်ဆယ့်နှစ်အိမ် မီးလောင်ပျက်စီးသွားတယ်လို့ သိရတယ်၊နေအိမ်ထဲကလူတွေကို ထွက်ကြထွက်ကြလို့ အထွက်ခိုင်းပြီး ရှို့တာ” လို့ ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီနဲ့ TNLA လားရှိုးမြို့နယ်အတွင်း တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း၊ လာရှိုးမြို့နယ်၊ မန်ကောင်ရွာအနီးမှာ အာဏာသိမ်းစစ်တပ်ရဲ့ ခမရ (၅၀၄) တပ်နဲ့ တအောင်းလွတ်မြောက်ရေးတပ်တို့ ဇန်နဝါရီ ၂၉ ရက် မနေ့က တိုက်ပွဲပြင်းထန်ပြီး လက်ရှိအထိစစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ TNLA ဘက်ကပြောပါတယ်။ “ ကျွန်တော်တို့ တပ်ရင်းရှိတဲ့နေရာကို စကစလက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ကြီးမြို့မှာ စစ်တပ်ပိုင်မြေပေါ်ကဖယ်ပေးရတဲ့ ဆိုင်ခန်းတွေ ဘူဒိုဇာခပေးရ

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်မှာ စစ်တပ်ပိုင်မြေပေါ်မှာဌားရမ်းဖွင့်ထားတဲ့ ဆိုင်ခန်းပေါင်း ၅၀၀ ကျော်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့က ဘူဒိုဇာနဲ့ရှင်းလင်းပြီးဖယ်ခိုင်းခဲ့ပြီး ဆိုင်ခန်းပိုင်ရှင်တွေဆီက ဘူဒိုဇာခ တောင်းခံခဲ့တယ်လို့ ဆိုင်ခန်းပိုင်ရှင်တွေကပြောပါတယ်။ ဒီဆိုင်ခန်းတွေဟာဆိုရင် ၁၉၉၄ ခုနှစ်ကတည်းက စစ်တပ်ရံပုံငွေအတွက်ဆိုပြီး ဌားရမ်းခဲ့တာဖြစ်ပြီးစာချုပ်ပြည့်တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်အာဏာသိမ်းပြီးနောက် NLD ပါတီဝင် တထောင့်နှစ်ရာကျော်ဖမ်းဆီးခံရပြီး ရှစ်ဆယ်ကျော်သတ်ဖြတ်ခံရ

ပြည်တွင်းမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက NLD ပါတီဝင် ၁,၂၃၂ ဦးကို ဖမ်းဆီးထားပြီး အဲဒီထဲက လွှတ်တော်ကိုယ်စားလှယ် ၂ ဦးနဲ့ ပါတီဝင် ၈၄ ဦး ကိုတော့ ဖမ်းဆီးထားချိန်မှာ စစ်တပ်ကသတ်ဖြတ်ခဲ့တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ် ထောက်လှမ်းရေး အရာရှိတဦးကို မိုးကောင်းပြောက်ကျားတပ်က ဖမ်းမိ၊စီရင်လိုက်တယ်လို့ဆို

ကချင်ပြည်နယ် ဖားကန့်-မြစ်ကြီးနားသွား ကားလမ်းပိုင်း တစ်နေရာမှာ စစ်တပ်က ကွန်မန်ဒိုထောက်လှန်ရေး အ ရာရှိ ဗိုလ်ကြီး တဦးကို မိုးကောင်းမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ UG BLACK K အဖွဲ့က ဖမ်းမိခဲ့တယ်လို့ အဲ့ဒီ အဖွဲ့တာဝန်ရှိသူတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်ကအမျိုးသားတဦးကိုဖမ်းသွားပြီးနောက် ဒဏ်ရာတွေနဲ့အလောင်းသာမိသားစုဆီပြန်ပို့

ကရင်အမျိဒးသားအစည်းအရုံး၊ကော်သူးလေ အုပ်ချုပ်မှုနယ်မြေ ဆောထိမြို့နယ်ထဲက ဒေသခံ ပြည်သူတဦးက စစ်တပ်က ဖမ်းဆီးသွားပြီးနောက် သုံးရက်အကြာမှာ အညိုအမဲစွဲဒဏ်ရာတွေနဲ့ ရုပ်အလောင်းကိုသာ မိသားစုဆီပြန် ပို့ခဲ့တယ်လို့ KNU ဗဟိုက ဒီကနေ့ ထုတ်ပြန်ပါတယ်။ KNU တပ်မဟာ(၃)နယ်မြေ၊ဆောထိမြို့နယ်၊ဆိတ်ကလေးဆူးတောရွာကအသက်လေးဆယ်အရွယ်  ကိုကျော်ဇင် လတ်(ခ)ရှမ်းကြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ဆယ့်တဦးကို TNLA လွတ်ငြိမ်းခွင့်ပေး

တအာင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ RCSS/SSA တပ်သား စစ်သုံ့ပန်း ၁၁ ဦးနဲ့ အကျဉ်း သား (၈) ဦးတို့ကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။   ဒီနှစ် ဇန်နဝါရီလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရွေးကောက်ပွဲ ပူးပေါင်းပါ ဝင်သူ တွေကိုအရေးယူမယ်လို့ KNDF နဲ့ဒီးမော့ဆို PDF ထုတ်ပြန်

ဒီနှစ်ထဲ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲကို ကရင်နီ(ကယား)တပြည်နယ်လုံးမှာ ပြုလုပ်ခွင့်ပေးမှာ မဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်အားလုံးကို ဆန့်ကျင်သွားမှာဖြစ်တယ်လို့  ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်လိုက်ပါတယ်။  လာမဲ့ ရွေးကောက်ပွဲဟာ စစ်ကောင်စီက စစ်အာဏာ ရှင်စနစ်သက်ဆိုးရှည်ဖို့ ပြုလုပ်တဲ့ အတုအယောင်တခုအဖြစ် ကရင်နီတော်လှန်ရေးအင်အားစုတွေက [ဆက်လက်ဖတ်ရှုရန်]