နိုင်ငံရေး

အသံတိတ်သပိတ်လုပ်ချိန်မြင်ကွင်းကိုဓါတ်ပုံ ရိုက်တဲ့အင်းတော်မြို့ခံတဦးဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊အင်းတော်မြို့မှာဖေဖော်ဝါရီ၁ရက်ကပြုလုပ်ခဲ့တဲ့ အသံတိတ်သပိတ် မှတ်တမ်းဓါတ်ပုံတွေရိုက်ကူးနေတဲ့ဒေသခံတဦးကိုစစ်ကောင်စီရဲ့ ရဲတွေကဖမ်းဆီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ ဖမ်းဆီးခံရသူဟာ အင်းတော်မြို့နယ်အောင်ချမ်း သာရပ်ကွက်မှာနေထိုင်တဲ့ အသက်၄၀ကျော်အရွယ် ဦးလှအောင်ဖြစ်ပြီး အသံတိတ်သပိတ်ကြောင့် ရှင်းလင်းနေတဲ့ အခြေအနေကိုဓာတ်ပုံရိုက်နေချိန် ကင်းလှည့်နေတဲ့ရဲကားနဲ့တွေ့ပြီး ​ဖမ်းဆီးခံခဲ့ရတာလို့ဆိုပါတယ်။ “ဒေသခံက ဘယ်အဖွဲ့စည်းနဲ့မှမပတ်သက်ပါဘူး၊ဒီတိုင်းဓာတ်ပုံရိုက်တာပါ၊အဲ့တာ ကင်းပတ်နေတဲ့ရဲကားနဲ့တိုးပြီး ဖမ်းခံလိုက်ရတာ၊အခုတော့ ရဲစခန်းထဲမှာဖမ်းခံထားရတယ်လို့ကြားတယ်ဗျ”လို့အင်းတော်ဒေသခံတဦးက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CDM ဝန်ထမ်းတွေကို တော်လှန်အလွန်မှာ လစာတလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ NUG ပြော

အာဏာသိမ်းပြီးနောက် CDM လုပ်ခဲ့တဲ့ ဝန်ထမ်းတွေ မထုတ်ခဲ့ရတဲ့လစာတွေကို တော်လှန်ရေးအ လွန်ကာလမှာ တလုံးတခဲတည်းပြန်ထုတ်ပေးမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ထုတ်ပြန်ပါတယ်။ အာဏာသိမ်းမှု နှစ်နှစ်ပြည့်တဲ့ ဖေဖော်ဝါရီ(၁)ရက်မှာ CDM ဝန်ထမ်းတွေနဲ့ပတ်သက်လို့ NUG ကထုတ်ပြန်ရာမှာ အဲ့ဒီလိုဖော်ပြထားတာပါ။ ဒါ့အပြင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆိုမှာ တလအတွင်း စစ်ရှောင် ခုနစ်ဦးသေ ဆုံး၊ သုံးဆယ်ထက်မနည်းဖမ်းဆီးခံထားရ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းစစ်ကောင်စီတပ်ရဲ့လက် နက်ကြီးပစ်ခတ်တာနဲ့ဖမ်းဆီးသတ်ဖြ​တ်ခံရတာတွေကြောင့် စစ်ဘေးရှောင် ခုနစ်ဦးသေဆုံးခဲ့ပြီး ဒေသခံ (၃၀)ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ဒေသ ခံစစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်သူတွေက DNAကိုပြောပါတယ်။   ပြီးခဲ့တဲ့ ဇန်နဝါရီ (၂၉)ရက် မနက် ၉နာရီခွဲဝန်းကျင်က ဒီးမော့ဆိုအရှေ့ခြမ်းကစစ်ဘေးရှောင်တွေနေ ထိုင်ရာဘက်ကို စစ်ကောင်စီတပ်ကလက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် ဒေသခံ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့သစ်ကို ပကဖ တွေက တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းက ရွှေပြည်အေးမြို့သစ်ကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့တွေက တိုက်ခိုက် သိမ်းပိုက်ထားတယ်လို့ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်းက ဒီကနေ့ ဖေဖော်ဝါရီ ၂ရက်က ထုတ်ပြန်ထားပါတယ်။ မနေ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ခန္တီးခရိုင်အမှတ်(၁)တပ်ရင်း-ဟုမ္မလင်း ၊HPDF-124 ၊ HPDF ၊ HPDF- [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါင်မြို့နယ်ကြံ့ခိုင်ရေးပါတီအလုပ်အမှုဆောင်တဦး ပစ်ခတ်ခံရပြီးသေဆုံး

မွန်ပြည်နယ်၊ ပေါင်မြို့ပေါ်မှာ ဒီကနေ့ ဖေဖော်ဝါရီ ၁ ရက် ညနေ ၆ နာရီခွဲလောက်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ်အလုပ်အမှုဆောင် ဦးကိုကိုလေးကို လူနှစ်ယောက်က နေအိမ်ထဲကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။ ပေါင်မြို့နယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဧရာဝတီတိုင်း အစိုးရအဖွဲ့ဝန်ကြီးဒေါက်တာ လှမြတ်သွေး ထောင် နှစ်နှစ်ချမှတ်ခံရ

ဧရာဝတီတိုင်း NLD အစိုးရ အဖွဲ့က လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေး ကို စစ်ကောင်စီ က ထောင် နှစ် နှစ်အမိန့် ချလိုက်တယ် လို့ နီးစပ်သူတွေဆီက သိရပါတယ်။ စစ်ကောင်စီ က ဒေါက်တာလှမြတ်သွေးကို ပုဒ်မ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်ဆေးရုံကCDMဆရာဝန်ဒေါက်တာမင်းထက်ပိုင် ပြန်လည်လွတ်မြောက်လာ

အခုလဆန်းက စစ်ကောင်စီလွတ်ငြိမ်းစာရင်းမှာပါပြီး ပြန်လွတ်ခဲ့ပေမယ့် မြိတ်ထောင်ဘူးဝမှာပြန်ဖမ်းခံခဲ့ရတဲ့ CDM ဆရာဝန် ဒေါက်တာမင်းထက်ပိုင်ဟာ ဇန်နဝါရီ ၃၀ရက်က မြိတ်အကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်သူတွေက DNA ကို ပြောပါတယ်။ ” မနေ့ကပြန်လွတ်လာတာ၊သူ့ကို စစ်ဆေးတာတွေရှိခဲ့တယ်လို့တော့ သိရပါတယ်၊တခြားအကြောင်းအရာကတော့ လက်ရှိအခြေအနေမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော် ငွေတွင်းရွာမှာ တပ်စွဲထားတဲ့စစ်တပ်က ရွာခံသုံးဦးကိုဖမ်းပြီး တဦးကိုသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ငွေတွင်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ပျူစောထီးတွေက ရွာခံအမျိုးသားသုံးဦးကို ဖမ်းဆီးသွားပြီးနောက် တဦးကို ညတွင်းချင်းနှိပ်စက်သတ်ဖြတ်လိုက်တယ်လို့ ဒေသတွင်း တော်လှန်ရေးသတင်းတွေဖော်ပြပေးနေတဲ့ အရာတော်ပို့စ်က ကိုမောင်မောင်က DNA ကိုပြောပါတယ်။ ပျူစောထီးနဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဇန်နဝါရီ ၃၀ရက် မနေ့ကည၈နာရီမှာ ငွေတွင်းရွာခံတွေဖြစ်တဲ့ ကိုဇော်နိုင် [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

အာဏာသိမ်းကာလအတွင်း ကျိုက်ထီးရိုးဘေးမဲ့တောက သစ်တောဧကသုံးရာဝန်းကျင်ခိုးထုတ်ခံရ

စစ်အာဏာသိမ်းပြီးနောက် နှစ်နှစ်နီးပါးအတွင်းမွန် ပြည်နယ် ကျိုက်ထိုမြို့နယ်ကျိုက်ထီးရိုး ဘေးမဲ့တောကသစ်တောဧက ၃၀၀ ဝန်းကျင်အထိ သစ်မှောင်ခိုသမားတွေကခိုးထုတ်ခဲ့တယ်လို့ဒေသခံတွေကDNA ကိုပြောပါတယ်။ ကျိုက်ထီးရိုးဘုရားဘေးမဲ့တောဝန်းကျင်ဒေသက ဒက်ချောင်း၊ရသေ့တောင်၊မြစိမ်းတောင်၊ဝိဇ္ဇာ​တောင်၊စမတောင်နဲ့ ခေါင်းဆေးကန်နေရာတွေမှာ သစ်ခိုးထုတ်မှုတွေကြောင့် သစ်တောဧရိယာတွေ ထိခိုက်ပျက်စီးနေပြီလို့ဆိုပါတယ်။ “ကဒတ်ချောင်းကနေ ရသေ့တောင်၊မြစိမ်းတောင်၊စမတောင် ဆက်စပ်တဲ့တောင်တန်းကြီးနဲ့ခေါင်းဆေးကန်အထိ တတန်းထဲပဲ၊အဲ့နေရာတွေကို ကိုဗစ်ဖြစ်ပြီး​တော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဟားခါးက စစ်တပ်စစ်ဆေးရေးဂိတ်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က လေကြောင်းနဲ့တိုက်ခိုက်

ချင်းပြည်နယ်၊ဟားခါးမြို့၊ ကျောဘုတ်စစ်ဆေးရေးဂိတ်က စစ်ကောင်စီအဖွဲ့ကို ဇန်နဝါရီ (၂၉) ရက် မနက်ပိုင်းမှာCDF – Hakha ကသွားရောက်ပစ်ခတ်ရာမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က စစ်သားတဦးသေဆုံးတယ်လို့ CDF – Hakha ကထုတ်ပြန်ပါတယ်။ ” တိုက်ပွဲမနက်ပိုင်းမှာဖြစ်တာ ဟုတ်ပါတယ်၊ [ဆက်လက်ဖတ်ရှုရန်]