နိုင်ငံရေး

စစ်ကောင်စီဖက်က သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းအမှု ငွေဒဏ်တသိန်းနဲ့ပြီးဆုံး

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် အပေါ်စစ်ကောင်စီက စွပ်စွဲခဲ့တဲ့ အဂတိအမှုအတွက် တရားလိုဖက်မှာ သက်သေထွက်ဆိုပေးခဲ့တဲ့ ဦးဖြိုးမင်းသိန်းကို စစ်ကောင်စီ တရားရုံးက သူအပေါ်စွဲဆိုထားတဲ့ ပြစ်မှုအတွက် ငွေဒဏ်သာချမှတ်ခဲ့တယ်လို့ တရားရေး အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်တိုင်း ဝန်ကြီးချူပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဦးဖြိုးမင်းသိန်းကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန်က စစ်ကောင်စီထောက်ခံသူအများအပြား လိုင်စင်နဲ့သေနတ်ကိုင်ဖို့ပြင်ဆင်နေ

စစ်ကောင်စီက အရပ်သားလက်နက်ကိုင်ဆောင်ခွင့်မူ ထုတ်ပြန်ပြီးနောက် ရန်ကုန်က စစ်ကောင်စီ ထောက်ခံသူ တွေနဲ့ စစ်အုပ်စုနဲ့နီးစပ်သူအများအပြား လက်နက်ကိုင်ဆောင်ခွင့် လျှောက်ထားဖို့ပြင်ဆင်နေကြတယ်လို့ အဲ့ဒီ ပုဂ္ဂိုလ်၊အဖွဲ့အစည်းတွေနဲ့ နီးစပ်သူတွေက   DNAကိုပြောပါတယ်။ လက်ရှိ လက်နက်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားဖို့ပြင်ဆင်နေသူတွေထဲမှာ စစ်မှုထမ်းဟောင်း တွေ၊ဌာန ဆိုင်ရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ယင်းမာပင်မြို့နယ် ပြည်သူတရားရုံးက တနှစ်နီးပါးအတွင်း အမှုပေါင်း ခုနစ်ဆယ်ကျော် စီရင်ခဲ့

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အမျိုးသားညီညွတ်ရေး အစိုးရလက်အောက်ခံ ပြည်သူ့တရားစီရင်ရေးအဖွဲ့က တနှစ်နီးပါးအတွင်း အမှုပေါင်း ၇၀ ကျော်လောက်ကို စီရင်နိုင်ခဲ့တယ်လို့ ယင်းမာပင် ပအဖတာဝန်ခံ ကိုဇော် ထူးအောင်က DNA ကိုပြောပါတယ်။ အဲဒီနယ်မှာ အုပ်ချူပ်ရေးအဖွဲ့အစည်းနဲ့ မသက်ဆိုင်ဘဲ အမှီအခိုကင်းတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က အိမ်ခြေနှစ်ရာကျော်မီးရှို့ပြီး လူငယ်နှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်​တောင်ခြမ်းကမြေမွန်ရွာကအိမ်ခြေ ၂၁၈လုံးကိုမီးရှို့ပြီးကိုင်းရိုးရွာကဒေသခံလူငယ်နှစ်ဦးကို စစ်ကောင်စီတပ်တွေကဖေဖော်ဝါရီလ ၁၉ရက်ကသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ “ကျတော်တို့ကန့်ဘလူတောာင်ပိုင်းမှာတော့ကိုင်းရိုးရွာကလူငယ်နှစ်ယောက်ကိုဖမ်းပြီးပစ်သတ်ပြီးထော်လာဂျီပေါ်တင်သွားတယ်။ခမရ၃၆၈ကသတ်တာနောက်ထပ်ဖမ်းထားတဲ့နှစ်ယောက်ကိုတော့ကျတော်တို့ရွာမှာပဲချန်သွားတယ်”လို့ကန့်ဘလူတောင်ပိုင်း၊ရှမ်းတပ်ကျေးရွာဒေသခံတဦးကပြောပါတယ်။ စစ်​ကောင်စီလက်​အောက်ခံတပ်​တွေဖြစ်တဲ့ ခမရ ၃၆၄၊ခမရ ၃၆၇၊ခမရ ၃၆၈၊ခမရ ၃၆၉နဲ့ပျူ​စောထီးတွေပူး​ပေါင်းကာ စစ်​ကြောင်း လေးကြောင်းနဲ့တပါတ်ကျော်ကြာဝင်ရောက်စစ်ကြောင်းထိုးနေပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက် ၊နေ့လည်ပိုင်းက မြေမွန်ရွာကိုမီးဝင်ရှို့ခဲ့တဲ့အတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖားကန့်မှာ စစ်အုပ်စုကပိတ်ဆို့ထားလို့ စက်သုံးဆီနဲ့စားသောက်ကုန်ဈေးနှုန်းမြင့်တက်နေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ စစ်အုပ်စုက စက်သုံးဆီတင်ကားတွေကို ပိတ်ပင်ထားတဲ့အတွက် အကန့်အသတ်နဲ့သာ တင်သွင်းနေရပြီး  စက်သုံးဆီနဲ့ စားသောက်ကုန် တွေဈေးနှုန်း မြင့်တက်နေတယ် လို့ ဒေသခံ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တလလောက်ကတည်းက ကာမိုင်းနဲ့ ဖားကန့်သွားကားလမ်းပေါ်က နယားစစ်ဆေးဂိတ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ညှိကွပ်ဗိုလ်ချုပ်ကြီးမောင်မောင်အေး အပါအဝင် ကိုးဦးနဲ့ အဖွဲ့ ခုနှစ်ဖွဲ့ကို အီးယူအရေးယူမယ်

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်စပ်တဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဥရောပ သမဂ္ဂ (EU)က ထပ်မံ ပိတ်ဆို့ အရေးယူမယ့် စာရင်းအသစ်ကို ဖေဖော်ဝါရီ ၂၀ မှာ အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။  စစ်တပ်က အဓမ္မ အာဏာသိမ်းထားပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အိန္ဒိယက မြန်မာစစ်ရှောင်တွေကို ကွင်းဆင်း စစ်ဆေးပြီး စစ်ရှောင်ကတ်ထုတ်ပေးတော့မယ်

အိန္ဒိယနိုင်ငံ၊ မဏီပူရ်ပြည်နယ်မှာ ခိုလှုံနေကြတဲ့မြန် မာစစ်ဘေးရှောင်တွေကို မဏီရ်ပူပြည်နယ်အစိုးရတာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးပြီး စစ်ရှောင်ကတ်တွေထုတ်ပေးတော့မယ်လို့ မြန်မာစစ်ဘေးရှောင်တွေဆီကနေသိရပါတယ်။ “အချက်အလက်အနေနဲ့ဆို eye screen ဖတ်တာနဲ့ လက်ဗွေစစ်တာပါ ပါတယ်” လို့ မြန်မာစစ်ရှောင်တဦးကပြောပါတယ်။ စစ်ဆေးရေးလုပ်ငန်းတွေကို ဖေဖော်ဝါရီ ၂၂ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ချင်းတိုင်းရင်းသားတွေကို တော်လှန်ရေးတပ်ဦးမှာပါဝင်နေသူတွေအဖြစ် NUG ယာယီသမ္မတဂုဏ်ပြု

ချင်းတိုင်းရင်းသားတွေဟာ နွေဦးတော်လှန်ရေးတပ်ဦးကနေ ဦးဆောင်ပါဝင်ပေးနေသူဖြစ်တယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှိးလက ဂုဏ်ပြုလိုက်သလို ဆက်လက်ဦးဆောင်ပေးကြဖို့လည်း တဆက်တည်းတိုက် တွန်း ပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီ(၂၀)ရက်မှာ ကျရောက်တဲ့(၇၅)နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့အတွက် မိန့်ခွန်းပြော ရာမှာ ယာယီသမ္မတက အဲ့ဒီလိုထည့်သွင်းပြောကြားခဲ့တာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေးမှာမြေမြုပ်မိုင်းကြောင့်လေးဦး ထိခိုက်ခဲ့လို့ ဒေသခံတွေ စိုးရိမ်ထိန့်လန့်နေရ

မွန်ပြည်နယ် ၊ရေးမြို့နယ် ၊လမိုင်းမြို့မှာပြီးခဲ့တဲ့ ဇန်နဝါရီနောက်ဆုံးအပတ်ကနေ ဖေဖော်ဝါရီလ၁၇ရက်နေ့အထိ သုံးပတ်အတွင်းမြေမြုပ်မိုင်းကြောင့်ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အတွက်ဒေသခံတွေဟာမြေမြုပ်မိုင်းအန္တရာယ်တွေအပေါ်စိုးရိမ်ထိန့်လန့်နေကြရပါတယ်။ လမိုင်းမြို့ ၊ဘေးကလွဲကျေးရွာ ကြိုးတံတားချောင်းအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ခလရ( ၆၁)ကင်းစခန်းအနီးတဝိုက်မှာမြေမြုပ်မိုင်းတွေထောင်ထားတာကြောင့်ဒေသခံတွေသွားလာရာတွင်မကြာခဏမိုင်းနင်းမိတာနဲ့ထိခိုက်ဒဏ်ရာရရှိတာတွေရှိနေတယ်လို့ လမိုင်းမြို့ခံတစ်ဦးကပြောပါတယ်။ ” ဘေးကလွဲရွာကချောင်းကူးကြိုးတံတားအနီးမှာမိုင်းတွေထောင်ထားတယ်။အဲ့မှာခလရ၆၁ကလည်းတပ်စွဲထားတယ်။တပ်စွဲတဲ့နေရာကိုဖြတ်ပြီးတံတားဘက်သွားတဲ့သူတိုင်းမိုင်းနင်းမိလို့ ခြေလက်တွေထိတာခနခနပဲဖြစ်နေတယ်” လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်တော်၊တင်းမရွာကစစ်တပ်စခန်းနားမိုင်းပေါက်လို့ စစ်သားနှစ်ဦးသေ၊ဒဏ်ရာရသူတွေလည်းရှိ

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊တင်းမရွာအနီးကတပ်စခန်းနား မိုင်းပေါက်ကွဲလို့ စစ်သားနှစ်ဦး သေဆုံးသလို ထိခိုက်ဒဏ်ရာရသွားသူတွေလည်းရှိတယ်လို့  အနီးဝန်းကျင် မျက်မြင်ဒေသခံတွေက DNA ကိုပြောပါတယ်။ “မိုင်းနှစ်လုံးပေါက်တယ်၊နှစ်ယောက်သေတယ်။ အလောင်းတွေ ထမ်းယူသွားတာကို မြင်လိုက်ရတယ်၊ဒဏ်ရာရ တာလည်း တစ်ယောက်၊ နှစ်ယောက် ရှိမယ်ထင်တယ်၊နေဗီနဲ့ တပ်သားတွေ၊ ရိက္ခာတွေ လာပို့တဲ့နေ့မှာ [ဆက်လက်ဖတ်ရှုရန်]