နိုင်ငံရေး

ရေစကြိုမီးလောင်ကျွန်းမြောက်ရွာမှာအရပ်သားတဦးအသတ်ခံရပြီးတဦးပျောက်ဆုံးနေ

မတ်၊ ၂၁ မကွေးတိုင်း၊ရေစကြိုမြို့နယ်ထဲကရေလယ်ကျွန်းရှိမီးလောင်ကျွန်းမြောက်ရွာကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့ မနက် ၆ နာရီလောက်မှာပဲစစ်ကောင်စီတပ်တွေဝင်ရောက်ပစ်ခတ်စီးနင်းကာအသက် ၅၈ နှစ်အရွယ် ဒေသခံတဦးကိုပစ်သတ်ခဲ့သလို တဦးပျောက်ဆုံးနေပြီး အနီးအနားရွာကစစ်ရှောင်လာနေကြတဲ့ပြည်သူတွေကိုလဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ “ရွာခေါင်းရင်းကနေပစ်ခတ်ပြီးဝင်ချလာတာလာ။လာရှောင်နေကြတဲ့ရွာကပြည်သူတွေကပြေးဖို့လွှားဖို့ကျတော့နယ်မြေမကျွမ်းတော့အကုန်ပိတ်မိကုန်ပြီးအဖမ်းခံရတာ။ဦးမောင်ဟန်ကိုကျအနောက်ကနေပစ်သွားတာအလောင်းတွေ့တော့ဘုန်းကြီးကျောင်းနားမှာပဲ။ဖမ်းခံရတဲ့သူတွေတော့သူတို့ပြန်ထားခဲ့တယ်”လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်လာစဉ်မှာပဲကျေးရွာဘုန်းကြီးကျောင်းထဲမှာစစ်ရှောင်ရင်းရောက်ရှိနေတဲ့ရွှေလှိုင်၊ဇရပ်နီအစရှိတဲ့ကျေးရွာတွေကကအရပ်သားတွေအပါအဝင်ဒေသခံတွေကိုပစ်ခတ်ဖမ်းဆီးတာတွေပြုလုပ်ခဲ့တာလို့သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်း PTTEP လုပ်ငန်း NUG နဲ့ ရက်ပေါင်း သုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမရှိရင် တရားစွဲမယ်

မတ်၊ ၂၁ အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းနိုင်ငံ PTTEP  ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရက်ပေါင်းသုံးဆယ်အတွင်း ပူးပေါင်းဆောင်ရွက်မှုမရှိရင် စင်ကာပူနိုင်ငံက အနုညာတရားရုံးမှာ တရားစွဲဆိုမယ် လို့ မတ်လ ၂၀ ရက် မနေ့ကအွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။ ကမ်းလွန်ရေနံ့နဲ့ သဘာဝဓာတ်ငွေစီမံကိန်းထဲမှာအကြီးဆုံးဖြစ်တဲ့ ရတနာကမ်းလွန်စီမံကိန်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကိုင်းတိုင်း၊ချောင်းဦးနယ်ကတော်လှန်အလှူ

မတ် ၊ ၂၀ လက်ရှိနွေဦးတော်လှန်ရေးကာလ စစ်ကိုင်းတိုင်းလို့ ဆိုလိုက်တာနဲ့ စစ်ကြောင်းထိုးမီးရှို့၊သတ်ဖြတ်၊တိုက်ပွဲဖြစ် ဆိုတဲ့ စကားလုံးတွေကိုပဲ အရင်ဆုံးပြေးမြင်မိကြမှာပါ။စစ်ကိုင်းတိုင်းနဲ့တွဲပြီး နောက်ထပ် သတိရသင့်တဲ့ စကားလုံးတခုကတော့ “အာဏာရှင်ဆန့်ကျင် တော်လှန် ဆန္ဒ ပြမှု”တွေဖြစ်ပါတယ်။ ခုခံတော်လှန်စစ်ရဲ့ အချက်အခြာဒေသလို့တင်စားခံရလေ့ရှိတဲ့ စစ်ကိုင်းနယ်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဖမ်းမိတဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကိုအသုံးချမျှားခေါ်ပြီးစစ်ကောင်စီကပစ်ခတ်လို့ ပီဒီအက်ဖ်ငါးဦးကျဆုံး၊ နှစ်ဦး ဒဏ်ရာရ

မတ် ၊ ၂၀ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေ ကျွန်းချောင်းအခြေစိုက်ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ် ဦးကို စစ် ကောင်စီတပ်တွေရဲ့ကင်းပုန်းတွေကဖမ်းဆီးပြီးတခြားတပ်ဖွဲ့ဝင်တွေကိုမျှားခေါ်ကာသတ်ဖြတ်ခဲ့တာကြောင့်ငါးဦးကျဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ဒေါင်းရင်သွေးပြောက်ကျားတပ်ဖွဲ့(ပခုက္ကူခရိုင်PDF တပ်ရင်း ၁၃)က တပ်ဖွဲ့ဝင်နှစ်ဦးဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လောင်းလုံးမြို့မှာ စစ်ကောင်စီက အရပ်သားတွေကို ဖမ်းဆီးပြီး နေအိမ် နှစ်ဆယ်ကျော်မီးရှို့

မတ် ၊ ၂၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ သပြေရှောင်ကျေးရွာနဲ့အနီးပတ်ဝန်းကျင်ကျေးရွာတွေဘက်ကို ဒီကနေ့ မနက် ငါးနာရီကျော်ခန့်က  စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အင်အား ၅၀ ကျော် စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သားတွေကို  ဖမ်းဆီးသွားပြီးနေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အတင်းအကျပ်ငွေတောင်းမှုတွေကြောင့် လပွတ္တာကငါးဖမ်းစက်လှေတွေအခက်တွေ့နေ

မတ် ၊ ၂၀ ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအသစ်တို့ပူး ပေါင်းပြီးကမ်းနီးကမ်းဝေးငါးဖမ်းစက်လှေတွေကို ငွေကြေးသိန်းချီတောင်းခံတာကြောင့် အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ လပွတ္တာမြို့နယ်ကိုင်းသောင်ကျေးရွာက NLD အ စိုးရလက်ထက်အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီကအခုလ ပထမပတ်မှာ ဖယ်ရှားကာ ကြံ့ခိုင်ရေးပါတီဝင်တဦးကို အစားထိုးခန့်အပ်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီမော့ဆိုမြို့နယ်မှာ စစ်ကောင်စီအထိနာနေလို့ အင်အားဖြည့်တင်းနေ

မတ် ၊ ၂၀ ကရင်နီပြည်နယ်(ကယားပြည်နယ်)၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်းက တနီးလာလဲကျေးရွာအနီးက ကရင်နီတပ်မတော် (KA) ၊ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲမှာ စစ်ကောင်စီတပ် အထိနာတဲ့အတွက် စစ်ကား (၁၀) ကျော်နဲ့ အင်းအားဖြည့်လာတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စမ်းချောင်းမြို့မှာ ဒုတိယဗိုလ်မှူးကြီးတဦးရဲ့ သားဖြစ်သူ ပစ်ခတ်ခံရလို့သေဆုံး၊ ဒဏ်ရာရအမျိုးသမီးစိုးရိမ်ရ

မတ် ၊ ၂၀ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ဆီဆုံလမ်းမှာ ဒီကနေ့ ညနေပိုင်းက စစ်ထောက်လှမ်းရေးအတွက်အလုပ်လုပ်နေတဲ့ ဒုဗိုလ်မှူးကြီးရဲ့သားဖြစ်သူနဲ့မိသားစုဝင်အမျိုးသမီးတဦးတို့ကို အမည်မသိသေနတ်သမားတွေက လာရောက်ပစ်ခတ်ခဲ့တယ်လို့ စမ်းချောင်းမြို့နယ်ဒေသခံတွေက DNAကိုပြာပါတယ်။ အမည်မသိသေနတ်တွေရဲ့ပစ်ခတ်မှုကြောင့် ဒုတိယဗိုလ်မှူးကြီးရဲ့သားဖြစ်သူ ဝင့်မိုးအောင်ဆိုသူဟာ နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး မိသားစုဝင်အမျိုးသမီးတဦးကတော့ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒါရိုက်တာစတီးလ်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ကြောရေးပို့စစ်ဆေးနေ

မတ် ၊ ၂၀ ရန်ကုန်တိုင်း၊ သန်လျင်မြို့မှာနေထိုင်တဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ကို  ဒီကနေ့ မတ်လ ၂၀ ရက်မနက်ပိုင်း မှာ စစ်ကောင်စီတပ်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့မိသားစုဝင်တွေနဲ့  နီးစပ်သူတွေက ပြောပါတယ်။  သန်လျင်၊ အောင်ချမ်းသာရပ်ကွက်မှာရှိတဲ့ ဒါရိုက်တာစတီးလ်ရဲ့ နေအိမ်ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နံပါတ်ပြားအသစ်မတပ်ရင်အရေးယူမယ်ဆို တာကြောင့်လျှောက်ထားသူများပြားနေ

မတ် ၊ ၂၀ မော်တော်ယာဥ်ဖောင်းကြွနံပါတ်ပြားအသစ်တွေကို မတ်လကုန်နောက်ဆုံးထားပြောင်းလဲတပ်ဆင်ဖို့နဲ့ပြောင်းလဲမှုမရှိရင် အရေးယူမယ်ဆိုတာကြောင့် ကညနရုံးတွေမှာ နံပါတ်ပြားပြောင်းလဲလျှောက် ထားသူများပြားနေတယ်လို့ ယာဥ်မောင်းတွေဆီကသိရပါတယ်။ မြို့နယ်နဲ့ ယာဥ်အမျိုးအစားအမည်တွေထပ်တိုးဖော် ပြထားတဲ့ ဖောင်းကြွနံပါတ်ပြားတွေကို ပြောင်းလဲတပ်ဆင်ဖို့ စစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမူဦးစီးဌာန(ကညန)ကညွန်ကြားထားတာဖြစ်ပါတယ်။ အဲဒီနံပါတ်ပြားတွေကို မတ်လ ၃၁ရက်နောက်ဆုံးထားတပ်ဖို့အသိပေးထားတာကြောင့် ဒီရက်ပိုင်းအတွင်း [ဆက်လက်ဖတ်ရှုရန်]