နိုင်ငံရေး

တာမွေမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတွေ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲမေတဦးထိခိုက်ဒဏ်ရာရရှိ

မတ်၊ ၂၈   ရန်ကုန်မြို့၊ တာမွေကြီး (က+ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းရဲ့ လမ်းခွဆုံမှာ ယာဥ်ကြောရှင်းနေတဲ့ စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲမေတဦး ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအချို့ရှိခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။   ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

KNU နယ်မြေတွေမှာ စစ်ကောင်စီလက်ချက်နဲ့ နှစ်နှစ်အတွင်း အရပ်သားနှစ်ရာနီးပါးသေဆုံးခဲ့ရ

မတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံးKNU ရဲ့ ထိန်းချုပ်နယ်မြေ (၇) ခုမှာ စစ်အာဏာသိမ်းမှု နှစ်နှစ်အတွင်း စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူ ၁၉၂ ဦး သေဆုံးပြီး ၄၈၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ တယ်လို့ KNU [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စိုင်ပြင်မြို့တွင်းစစ်ကောင်စီတပ်တွေပစ်ခတ်လို့ ၁၂ နှစ်အရွယ် ကလေးငယ်အပါအဝင် ကိုးဦးသေ၊ ငါးဦးဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့မှာ စစ်ကောင်စီတပ်တွေပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် အရပ်သား ကိုးဦးသေဆုံး၊ ငါးဦးဒဏ်ရာရရှိပြီး သေဆုံးသူအရေအတွက် တိုးလာ နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “ခုကသေတဲ့အလောင်းတွေတွေ့နေရပေမယ့်မကောက်ရဲဘူး။ဘာကဘာဖြစ်လို့ဖြစ်မှန်းမသိဘူးဖြစ်ကုန်တာ။သူတို့ကလူရိပ်မြင်တာနဲ့ကိုပစ်နေတော့။စျေးတောင်ထွက်မဝယ်ရဲဘဲရှိတာလေးတွေနဲ့စားနေရတယ်။မရှောင်တဲ့သူတွေအကုန်ပိတ်မိနေတာပေါ့။သူတို့မြို့ထဲကိုဖမ်းလာတဲ့ထဲမှာကလေးပုစုခရုလေးတွေကအစပါတယ်။မြို့ပြင်ကရေသွယ်မြောင်းကိုဘတ်ဖိုးတွေနဲ့ညှိပြီးစခန်းဆောက်ဖို့ပြင်နေတယ်။သေတာကတော့ခုအတည်ပြုနိုင်တာထက်ကိုများဖို့ပဲရှိတယ်”လို့ စိုင်ပြင်မြို့ဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်းတော်မှာဖမ်းဆီးခံထားရတဲ့အလယ်တန်းပြဆရာမအပါအဝင်၊ဒေသခံ ငါးဦး ကိုအကြမ်းဖက်ပုဒ်မနဲ့တရားစွဲ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊အင်းတော် မြို့ပေါ်မှာပြီးခဲ့တဲ့ မတ်လ၃ရက်နေ့ထဲက PDFနဲ့အဆက်စပ်ရှိနေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့CDM ကျောင်းဆရာမသုံးဦးအပါအဝင် ဒေသခံ၁၅ဦးကိုစစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက်ဆရာမတဦးအပါအဝင်ဒေသခံငါးဦးကိုအကြမ်းဖက်ပုဒ်မတွေနဲ့အင်းတော်စစ်ခုံရုံးကတရားစွဲဆိုပြီးကသာထောင်ကိုပို့ဆောင် လိုက်တယ်လို့သိရပါတယ်။ အဲ့ဒီ့လိုဖမ်းဆီးတရားစွဲဆိုခံရသူတွေထဲမှာ အင်းတော်မြို့နယ်အတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးပါဝင်ပြီး ကျန်သုံးဦးကတော့ ကျော်ရွာအလယ်တန်းပြဆရာမ ဒေါ်သိန်း ၊ မြို့မစျေးတိုက်တန်းလျားမှာနေထိုင်တဲ့ ကုန်သည်တွေဖြစ်ကြတဲ့ မခင်ပြည့်ပြည့်ထွန်း၊ဒေါ်အေးတို့ဖြစ်ကြတယ်လို့သိရပါတယ်။ “ပကဖရဲဘော်နှစ်ဦးအဖမ်းခံရတာကနေအလှူရှင်စာရင်းပေါက်သွားပြီးအဖမ်းခံရတာ။လက်ရှိမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘိုမြို့မှာပေါက်ကွဲမှုသုံးကြိမ်ဆက်တိုက်ဖြစ်ပြီး ကလေးတဦးအပါအဝင် နှစ်ဦးသေဆုံး၊ နှစ်ဆယ်ဝန်း ကျင်ဒဏ်ရာရ

မတ်၊ ၂၈ စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့က နေရာသုံးခုမှာ ဒီကနေ့ မနက်ပိုင်းနဲ့နေ့လယ်ပိုင်းတွေမှာ နာရီပိုင်းအတွင်းပေါက်ကွဲမှု သုံးကြိမ်ဆက် တိုက် ဖြစ်ကာ လေးနှစ်အရွယ်ကလေးတဦးနဲ့ အသက်ခြောက်ဆယ်အရွယ်အမျိုးသားတဦး သေ ဆုံးတဲ့အပြင် ဒဏ် ရာ ရသူနှစ်ဆယ်ဝန်းကျင်ရှိတယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေဆီကသိရပါတယ်။  ရွှေဘို့မြို့ အဝေး‌ပြေးကားဝန်းအနီးတံတား‌ပေါ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကို KNLA သိမ်းပိုက်

မတ်၊ ၂၈ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊ မုဒြာ(ဖာပွန်)ခရိုင် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ် စခန်းကိုကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့မှ မတ် ၂၈ ရက် နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ “ကျွန်တော်တို့ ဒီမနက်ကပဲ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျည်အစစ်တွေသုံးပြီးပြည်ပကျွမ်းကျင်ပညာရှင်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ NUG ရဲ့တော်ဝင်ဒေါင်းစစ်ကြောင်း

မတ်၊ ၂၈ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၂) စစ်ဒေသ၊ တောင်ပိုင်းစစ်ဒေသအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်တခုဖြစ်တဲ့ တော်ဝင်ဒေါင်းစစ်ကြောင်းက ရဲဘော်တွေရဲ့ စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတွေကို မနေ့မတ်လ ၂၇ ရက်က အဖွဲ့ကထုတ်ပြန်ထားပါတယ်။ စစ်မြေပြင်အထောက်အကူပြုစေမယ့် စစ်ရေးလေ့ကျင့်မှုတွေကို ကျည်အစစ်တွေသုံးပြီး ပြည်ပက ကျွမ်းကျင်ပညာရှင်တွေနဲ့ စာတွေ့လက်တွေ့သင်ကြားပို့ချမှုတွေပြုလုပ်နေတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ရက်ရှည်မွမ်းမံသင်တန်းတက်ရောက်ပြီးသူတွေဟာ ရှေ့တန်းစစ်မျက်နှာကိုရောက်နေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီအတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းပေးနေသူတွေကိုဗြိတိန်ကပိတ်ဆို့ဒဏ်ခတ်

မတ်၊​ ၂၇ အာဏာသိမ်းစစ်တပ်အတွက် လေယာဉ်ဆီနဲ့ လက်နက်တင်သွင်းနေသူတွေကို ဒဏ်ခတ်ပိတ်ဆို့အရေးယူ လိုက်တယ်လို့ ဗြိတိန်နိုင်ငံက ဒီကနေ့ ကြေညာပါတယ်။ အဲ့ဒီအရေးယူမှုစာရင်းမှာ ထိုင်းနိုင်ငံံမှာ ဖမ်းဆီးခံထားရတဲ့ လက်နက်ပွဲစားထွန်းမင်းလတ်၊ Shoon Energy Pte Ltd နဲ့ အဲ့ဒီကုမ္ပဏီရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အာဏာသိမ်းစစ်တပ်က လူတထောင်ကျော်ကို ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့

မတ်၊​ ၂၇ အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီက ဖမ်းဆီးပြီးမှ သတ်ဖြတ်ခဲ့သူ တထောင်ကျော် အထိ ရှိနေပြီး အဲ့ဒီအထဲက ၆၅ ဦးဟာ အသက် (၁၈)နှစ်မပြည့်သေးသူတွေဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရသိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲဖြစ်ခဲ့တဲ့ တမူးမြို့နယ် ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါးမီးရှို့

မတ်၊​ ၂၇ ပြီးခဲ့ရက်ပိုင်းက ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်ခဲ့တဲ့ တမူးမြို့နယ်အထက်ပိုင်း၊ တမူး-အောင်ဇေယျ လမ်းပိုင်းက ကွန်းတောင်းရွာသစ်ကို စစ်ကောင်စီတပ်က မတ်လ ၂၅ရက်၊ ၂၆ ရက်တွေမှာနှစ်ရက်ဆက် မီးရှို့ခဲ့ တာကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးခဲ့တယ်လို့ တမူးဒေသခံတွေက ပြောပါတယ်။  ” [ဆက်လက်ဖတ်ရှုရန်]