နိုင်ငံရေး

PDF တွေပြန်အခြေချတယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့

မေ၊ ၁၂ ရှမ်းပြည်နယ်၊ ရွာငံနဲ့ သာအစည်နယ်စပ်က ကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ပြန်လည်အခြေချနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက မေလ ၅ ရက်ကစတင်  စစ်ကြောင်းထိုးပြီး နောက်ရက်တွေမှာနေအိမ် ၁၅ လုံးထက် မနည်းကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်အမတ် ဒေါ်ဝင်းမြမြရက်စေ့လို့ အိုးဘိုထောင်ကလွတ်ပြီ

မေ၊ ၁၂ မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်နေးာအတွက် အနိုင်ရ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါ်ဝင်းမြမြဟာ မေလ ၁၂ရက် ဒီကနေ့မနက်မှာ ရက်စေ့လို့အိုးဘိုထောင်ကလွတ်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ် “ဖွားဖွား(ဒေါ်ဝင်းမြမြ)လွတ်တာဟုတ်ပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ဒေါ်ဝင်းမြမြကို စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခါနီးမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်စလုံးတိုက်ပွဲမှာကျဆုံးတဲ့ တပ်ရင်းမှူးနဲ့ တပ်စုမှူးကို စစ်အခမ်းအနားနဲ့သဂြိုဟ်

မေ၊ ၁၁   ရှမ်း-ကယားနယ်စပ်၊ ဖယ်ခုံမြို့နယ်နဲ့ ပင်လောင်းမြို့နယ်ကြားရှိ တောင်စလုံးကျေးရွာမှာ မေလ ၈ ရက်က ဖြစ်ခဲ့တဲ့ တိုက်ပွဲမှာ KNDF တပ်ရင်း-၁၁ တပ်ရင်းမှူးနဲ့ ကရင်နီတပ်ပေါင်းစု အထူးကွန်မန်ဒိုတပ်ရင်းမှ တပ်စုမှူးတို့ ကျဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီကစစ်ရှောင်စခန်းတခုမှာ ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့်သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးရှိ

မေ၊ ၁၁   စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်ကောင်စီတပ်တွေ မီးရှို့လို့ စစ်ဘေးရှောင်နေရတဲ့ အမြဲတမ်းစစ်ရှောင်စခန်းတခုမှာ ၂၀၂၃ ခုနှစ် ငါးလအတွင်း ရာသီဥတုဒဏ်ကြောင့် နာမကျန်းဖြစ်ပြီး သေဆုံးသူ သက်ကြီးရွယ်အို ခုနှစ်ဦးအထိ ရှိလာတယ်လို့ ကနီမြို့က ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဂန့်ဂေါမှာ စစ်ထောက်လှမ်းတဦးပစ်သတ်ခံရအပြီး အမျိုးသမီးတဦးအပါဝင် ဒေသခံတွေဖမ်းဆီးခံရ

  မေ၊ ၁၁   မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်းရွာမှာ စစ်ထောက်လှမ်းရေးတဦးကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ဒီကနေ့ မေလ ၁၁ ရက် မနက်ပိုင်းမှာ ပစ်ခတ်ခဲ့လို့ သေဆုံးပြီးနောက် အမျိးသမီးတဦးအပါအဝင် ဒေသခံအချို့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံတမန်ယာဥ်တန်းပစ်ခတ်ခံရမှုက ပအိုဝ်းတိုင်းရင်းသားတွေရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ PNLO ပြော

မေ၊ ၁၁   ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ကို လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့လာတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရမှုဟာ ပအိုဝ်းအမျိုးသားတွေရဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့ကိစ္စတခု ဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။   “ ထိခိုက်တာကတော့ စစ်ရှောင်မိသားစုတွေပေါ့နော်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

KNU နယ်မြေထဲခိုလှုံနေတဲ့ စစ်ဘေးရှောင်လေးသိန်းကျော်အတွက် အကူအညီတွေလိုအပ်နေ

မေ ၊ ၁၁ စစ်တပ်က အာဏာသိမ်းပြီးချိန်ကနေ လက်ရှိအထိ နှစ်နှစ်ကျော်အတွင်း တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် KNU ထိန်းချုပ်နယ်မြေတွေထဲ ခိုလှုံနေသူစစ်ရှောင်ဦးရေ လေးသိန်း ကျော်အထိ ရှိနေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဒီကနေ့ ထုတ်ပြန်အသိပေးပါတယ်။ ဒါ့အပြင်တိုက်ပွဲတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စဉ့်ကူးမှာPDFကပျူစောထီးခေါင်းဆောင်ကိုဝင်ဖမ်းစဉ် ပစ်ခတ်မှုဖြစ်၊ ဒေသခံ၁၅ဦးဖမ်းဆီးခံရ

မေ ၊ ၁၁  မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊ကြာဥယျာဉ်ရွာမှာရှိတဲ့ပျူစောထီးခေါင်းဆောင်တဦးကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကမနေ့ကမနက်အစောပိုင်းမှာဝင်ရောက်ဖမ်းဆီးစဉ်မှာပဲအပြန်အလှန်ပစ်ခေတ်မှု့ဖြစ်ပွါးခဲ့ပြီးနောက်စစ်ကောင်စီတပ်ကအမျိုးသမီးတွေအပါအဝင်အဝင် ဒေသခံ ၁၅ ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ “မနေ့က မနက်၆နာရီခန့်မှာ ကြာဥယျာဉ်က ပျူ ဇော်ဝမ်းကို ကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်ဖမ်းဆီးရာ အပြန်လှန်ပစ်ခက်မှုဖြစ်ပြီး ပျူဇော်ဝမ်းက လက်ပစ်ဗုံးနဲ့ပစ်ပြီး ထွက်ပြေးလွတ်မြောက်သွားတယ်။အထိအခိုက်တော့ဒီဖက်ကမရှိဘူး “လို့ စဉ့်ကူးနယ်ကင်းထောက်အဖွဲ့တာဝန်ရှိသူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို PDF တွေဝင်တိုက်

မေ ၁၁ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ် ၊ကန်ဒေါ့ကျေးရွာရှိ စစ်အုပ်စုရဲ့ နယ်မြေရဲစခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စစ်အုပ်စုဖက်က ၁၀ ဦးခန့်သေဆုံးသွားတယ်လို့ M7 People’s Defense Army တပ်ဖွဲ့ကတာဝန်ခံ ဗိုလ်မြတ်က [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရခိုင်တိုက်ပွဲကာလမှာဖွင့်ခဲ့တဲ့ စစ်ဆေးရေးဂိတ်တွေ အပစ်ရပ်ထားချိန်ထိ ငွေတောင်းကြမ်းနေ

မေ ၁၀  ရခိုင်ပြည်နယ်အတွင်း အများပြည်သူသွားလာနေတဲ့ လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ ခရီး သွားပြည်သူတွေ၊ ကားသမားတွေဆီကနေ ငွေကြေးတောင်းခံတာတွေ လုပ်နေလို့ အနှောင့်အယှက်ဖြစ်ကြရတယ်လို့ ကိုင်တိုင်ကြုံရသူတွေကDNA ကို ပြောကြပါတယ်။ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်(AA)နဲ့အပစ်ရပ်ထားပေမယ့်လည်း [ဆက်လက်ဖတ်ရှုရန်]