နိုင်ငံရေး

စစ်ကောင်စီရဲ့ အွန်လိုင်းထီပထမဆုံးအကြိမ်မှာ ဆုသေးတွေသာထွက်လို့ အားပေးသူတွေမကျေနပ်ကြ

ဇူလိုင်၊ ၁ ဒီကနေ့ဖွင့်လှစ်တဲ့စစ်ကောင်စီရဲ့အောင်ဘာလေထီဖွင့်ပွဲမှာ အွန်လိုင်းထီကနေ ဆုအသေးတွေဘဲ ထွက်ရှိခဲ့ တာ ကြောင့် အဲဒီထီစနစ်ကိုအားပေးနေသူတွေအကြားဝေဖန်မှုတွေထွက်ပေါ်နေပါတယ်။ “ထီဖွင့်တဲ့ပုံကရိုးမှရိုးရဲ့လားမပြောတတ်ဘူး၊အက္ခရာခြောက်လုံးစီထုတ်ရောင်းတာချင်းအတူတူ ပုံနှိပ်ထီက ချည်းပဲ ဆုကြီးတွေရော၊ဆုသေးတွေရောအဆမတန် ထွက်သွားတာ၊ဒီပုံစံနဲ့ဆိုအွန်လိုင်းထီထိုးမယ့်သူတောင်ရှိမှာ မဟုတ်တော့ဘူး”လို့ စစ်ကောင်စီထီကို အားပေးနေသူတဦးကပြောပါတယ်။ ဇွန်လကမှပထမဆုံးစတင်တဲ့အွန်လိုင်းထီကို ပုံနှိပ်ထီနဲ့အတူဒီနေ့မှာဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီထီဖွင့်လှစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရိုဟင်ဂျာအရေးလှုပ်ရှားသူနဲ့ လူ့အခွင့်အရေးအကြံပေး ဦးအောင်ကျော်မိုး NUG ဒုဝန်ကြီးဖြစ်လာ

ဇူလိုင်၊ ၁ ရိုဟင်ဂျာအရေးလှုပ်ရှားသူတဦးဖြစ်သလို လက်ရှိ NUG အစိုးရအဖွဲ့ လူ့အခွင့်အရေးဆိုင်ရာ အကြံပေးတဦး လည်း ဖြစ်တဲ့ ဦးအောင်ကျော်မိုးကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဒီကနေ့ ခန့်အပ်လိုက်ပါတယ်။  ဦးအောင်ကျော်မိုးကို ဒုတိယဝန်ကြီးခန့်အပ်လိုက်တာနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ် စားပြုကော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဒုဥက္ကဌ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခံရ

ဇွန်၊ ၃၀   ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ) ဒုဥက္ကဌဖြစ်သူ ကိုထက်ပိုင်စိုး ကို စစ်ကောင်စီက ဒီကနေ့ ဇွန်လ ၃၀ ရက်မှာအလုပ်နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်လိုက်တယ်လို့ ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းလှမှာ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ ပစ်ခတ်ခံရပြီးသေဆုံး

ဇွန်၊ ၃၀   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး နဲ့ ဇရစ်မြောင်ကျေးရွာ ရာအိမ်မှူး တို့ နှစ်ဦးကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ဇွန်လ ၃၀ ရက် ဒီကနေ့မနက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပျူစောထီးသင်တန်းအတွက် လူမပေးရင် လယ်နဲ့အိမ်သိမ်းမယ်လို့ ဦးဝါသဝခြိမ်းခြောက်ဟုဆို

ဇွန်၊ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်မှာ လာမယ့်လမှာ ဖွင့်လှစ်မယ့် ပျူစောထီးသင်တန်းအတွက် တောင်းခံထားတဲ့ လူဦးရေအတိုင်း မပေးရင် အိမ်နဲ့ လယ်ယာမြေတွေကို သိမ်းမယ်လို့ ပျူစောထီးခေါင်းဆောင် ဦးဝါသဝ က ခြိမ်းခြောက်အကြပ်ကိုင်ပြောဆိုတယ်လို့ ဒေသခံတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက အွန်လိုင်းထီစနစ်ပါသုံးပြီး ထီစောင်ရေတိုးထုတ်ခဲ့ပေမယ့် စောင်ရေသန်းချီ ဝယ်သူမရှိ

ဇွန်၊ ၃၀   စစ်ကောင်စီက အွန်လိုင်းထီစနစ်ကို အခုလမှာ ပထမဆုံးအဖြစ် စတင်ဖွင့်လှစ်ရောင်းချခဲ့ပေမယ့် ရောင်းမကုန်ထီလက်မှတ် စောင်ရေ ငါးသန်းဝန်းကျင်အထိ လက်ကျန်ဖြစ်ခဲ့တယ်လို့ ထီကိုယ်စားလှယ်အသိုင်းအဝိုင်းဆီက သိရပါတယ်။   အာဏာသိမ်းပြီးကတည်းက ထီရောင်းအား ကျသွားလို့ ဝင်ငွေတခု လျော့သွားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီရဲ့ လူကယ်ပြန်ဝန်ကြီးဌာနက လူမှုရေးပင်စင်ထောက်ပံ့မှု ထက်ဝက်လျှော့ချ

ဇွန်၊ ၃၀   စစ်ကောင်စီရဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက လူမှုရေးပင်စင်ထောက်ပံ့ငွေ ကို ထက်ဝက်လျော့ချလိုက်တာကြောင့် သက်ကြီးဘိုးဘွားတွေအနေနဲ့ အခက်တွေ ဖြစ်လာနိုင်တယ်လို့ လက်ရှိလူမှုရေးပင်စင်ထောက်ပံ့မှုနဲ့ ရပ်တည်နေရတဲ့ အဘိုး၊ အဘွားတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမှာ သွေးသောက်အဖွဲ့တံဆိပ်ချိတ်ဆွဲထားတဲ့ အမျိုးသားအလောင်းနှစ်လောင်းတွေ့

ဇွန်၊ ၃၀   မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ကန်တော်ကြီးပတ်လမ်းက Denko ဆီဆိုင်အနီးမှာ ဒီကနေ့ ဇွန်လ ၃၀ ရက်မနက်အစောပိုင်းက ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့အမျိုးသားအလောင်း နှစ်လောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒီကနေ့ မနက်ပိုင်းမှာ ရပ်ကွက်အတွင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထောင်ကလွတ်လာတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) သတ်ဖြတ်ခံရဟု သတင်းတွေထွက်ပေါ်နေ

ဇွန်၊ ၃၀   မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းချခံထားရတဲ့ ဆရာတော်ဦးသောဘိတ (အလင်္ကာကြယ်) ဟာ ထောင်ဒဏ်ကနေ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာချိန် သတ်ဖြတ်ခံလိုက်ရတဲ့ သတင်းတွေ ထွက်ပေါ်နေတယ်လို့ သပိတ်အင်အားစုတွေဆီက သိရပါတယ်။   ဆရာတော်ဟာ ထောင်ကလွတ်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မှာ ကုရ်ဘာနီ အီးဒ်ပွဲတော် လုပ်သူတချို့ ဒဏ်ငွေရိုက်ခံရ

ဇွန်၊​ ၃၀   တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်က အစ္စလာမ် ဘာသာဝင်တွေရဲ့ အထွတ်အမြတ်ဖြစ်တဲ့ ကုရ်ဘာနီ အီးဒ်ပွဲတော် ပြုလုပ်သူတချို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ငွေဒဏ်ရိုက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]