အမေရိကန်နိုင်ငံတစ်ဝှန်း ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၃၀၀ကျော် ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံတစ်ဝှန်း ဆန္ဒပြပွဲအတွင်း လူပေါင်း ၁၃၀၀ကျော် ဖမ်းဆီးခံရ

၃၁၊ မေလ၊ ၂၀၂၀။ အမေရိကန်နိုင်ငံ မင်နီယာပိုလိစ့်မြို့မှာ မေလ ၂၅ရက်နေ့က လက်နက်မဲ့ လူမည်းအမျိုးသားတစ်ဦး ရဲဖမ်းခံရရင်း သေဆုံးခဲ့ဖြစ်ရပ်ကြောင့် နိုင်ငံတစ်ဝှန်းမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပွဲကြမ်းနေပါတယ်။ ကြာသာပတေးနေ့က စပြီး မြို့ပေါင်း ၁၆မြို့မှာ ရုန်းရင်းဆန်ခတ် ဆန္ဒပြပွဲတွေအတွင်း လူပေါင်း ၁၃၀၀ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၄၆နှစ်အရွယ် အာဖရိကနွယ်ဖွား အမေရိကန်နိုင်ငံသားဂျော့ဖလွိုက် သေဆုံးမှုကို မကျေနပ်ကြလို့ နယူးယောက်၊ ချီကာဂိုနဲ့ လော့စ်အန်ဂျလိစ့်အပါအဝင် တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး…

Read More
တောင်ကိုရီးယားမှာ စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ပြီ

တောင်ကိုရီးယားမှာ စာသင်ကျောင်းတွေ ပြန်ပိတ်လိုက်ပြီ

၃၀၊မေလ၊ ၂၀၂၀။ တောင်ကိုရီးယားနိုင်ငံမှာ စာသင်ကျောင်းတွေ ပြန်ဖွင့်လိုက်ပြီး ရက်ပိုင်းအကြာမှာပဲ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း တစ်ကျော့ပြန်မြင့်တက်လာလို့ စာသင်ကျောင်း ၂၀၀ကျော်ကို ပြန်ပိတ်လိုက်တယ်လို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုင်ရာကန့်သတ်မှုတွေ စတင်ဖြေလျော့နေပြီး မေလ ၂၇ရက်နေ့မှာ ထောင်ချီတဲ့ ကျောင်းသားတွေဟာ စာသင်ခန်းတွေဆီ ပြန်ရောက်လာခဲ့ကြပါတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာပဲ နိုင်ငံတွင်း ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၇၉)ဦး စံချိန်တင်ထပ်တိုးလာခဲ့ပြီး အဲဒီအရေအတွက်ဟာ နှစ်လအတွင်း နေ့အလိုက်ရောဂါပိုးတွေ့ရှိသူအများဆုံးဖြစ်ပါတယ်။ ထပ်တိုးလူနာအများစုဟာ တောင်ကိုရီးယားမြို့တော် ဆိုးလ်မြို့အပြင်ဘက်က ဖြန့်ချီရေးစင်တာတစ်ခုနဲ့ ဆက်စပ်နေတယ်လို့…

Read More
ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၂၄ဦးသေဆုံး

ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်ကြောင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ လူ ၂၄ဦးသေဆုံး

(သတင်းတို) ၂၁၊ မေ၊ ၂၀၂၀ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်ကြောင့် အိန္ဒိယနိုင်ငံအရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လူ၂၄ဦးသေဆုံးခဲ့ပြီး နေအိမ်ထောင်ချီပျက်စီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အမ်ဖန် ဆိုင်ကလုန်းမုန်တိုင်းဟာ ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းက တစ်နာရီကို အများဆုံးလေတိုက်နှုန်း (၁၁၉)မိုင်နှုန်းနဲ့ အိန္ဒိယနိုင်ငံအရှေ့ပိုင်းကို ကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာပါ။ လက်ရှိမှာတော့ မုန်တိုင်းအရှိန် အားပျော့သွားပြီး မုန်တိုင်းဗဟိုချက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်မှာဆက်ပြီးရွေ့လျားနေတယ်လို့ သိရပါတယ်။ ဆိုးရွားတဲ့ ရာသီဥတုအခြေအနေကြောင့် အိန္ဒိယအရှေ့ပိုင်းက West Bengal ပြည်နယ်မှာ (၁၂)ဦး…

Read More
အိန္ဒိယမှာ တီဗီရုပ်သံလိုင်းကနေတဆင့် ကျောင်းသားတွေ စာလေ့လာနိုင်တော့မယ်

အိန္ဒိယမှာ တီဗီရုပ်သံလိုင်းကနေတဆင့် ကျောင်းသားတွေ စာလေ့လာနိုင်တော့မယ်

၁၀၊ မေ၊ ၂၀၂၀။ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ရောဂါကြောင့် စာသင်ကျောင်းတွေပိတ်ထားတဲ့ကာလအတွင်း ကျောင်းသားတွေအတွက် သင်ကြားရေး တီဗီရုပ်သံလိုင်း ၁၂လိုင်းကို ထုတ်လွင့်ပေးသွားမယ်လို့ အိန္ဒိယအစိုးရက ကြေငြာလိုက်ပါတယ်။ အဲဒီအစီအစဥ်ဟာ စမတ်ဖုန်းတွေ ၊ လက်ပတော့တွေ မဝယ်နိုင်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ကျောင်းသားတွေကို အထောက်အကူပြုဖို့ ရည်ရွယ်ပြီး ဘယ်အတန်းမဆို ကျောင်းသားအားလုံး လေ့လာသင်ယူနိုင်မှာလည်း ဖြစ်ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာ လော့ဒေါင်းကာလကို တဖြည်းဖြည်း ဖြေလျော့ပေးနေပေမယ့် စာသင်ကျောင်းတွေနဲ့ အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတွေဟာ မတ်လလယ်ကတည်းက ပိတ်ထားတာ…

Read More
အင်ဒိုနီရှားမှာ ဒေသန္တရရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းမယ်

အင်ဒိုနီရှားမှာ ဒေသန္တရရွေးကောက်ပွဲတွေ ရွှေ့ဆိုင်းမယ်

၆၊ မေ၊ ၂၀၂၀။ အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု မြင့်တက်လာတာကြောင့် စက်တင်ဘာလ ၂၃ရက်နေ့မှာ တစ်ပြိုင်နက်တည်း ကျင်းပမယ့် ဒေသန္တရရွေးကောက်ပွဲတွေကို ရွှေ့ဆိုင်းသွားမယ်လို့ သိရပါတယ်။ အခုနှစ် ရွေးကောက်ပွဲတွေကို စက်တင်ဘာလကနေ ဒီဇင်ဘာလအထိ ရွှေ့ဆိုင်းသွားမယ့် (ဒါမှမဟုတ်) ကိုဗစ်ကပ်ရောဂါ အခြေအနေပေါ် မူတည်ပြီး ပိုကြာတဲ့ကာလအထိ ရွှေ့ဆိုင်းသွားမယ့် ဥပဒေတစ်ရပ်ကို အင်ဒိုနီးရှားက သမ္မတ ဂျိုကို ဝီဒိုဒိုက လက်မှတ်ရေးထိုးလိုက်ပြီလို့ အစိုးရတရားဝင် ဝက်ဆိုက်မှာ မေလ ၅ရက်နေ့နှောင်းပိုင်းက ကြေငြာခဲ့တာပါ။…

Read More
အိန္ဒိယမှာ ကိုဗစ်ကာလအတွင်း အရက်ဝယ်သူတွေ တိုးကြိတ်နေလို့ အစိုးရက အရက်ခွန်တိုးကောက်

အိန္ဒိယမှာ ကိုဗစ်ကာလအတွင်း အရက်ဝယ်သူတွေ တိုးကြိတ်နေလို့ အစိုးရက အရက်ခွန်တိုးကောက်

၅၊ မေ၊ ၂၀၂၀။ အိန္ဒိယနိုင်ငံမှာ သီတင်းပတ် ၆ပတ်ကြာ လော့ဒေါင်းကာလဖြေလျာ့ပေးလိုက်ပြီးနောက် မေလ ၅ရက်နေ့က မြို့တော်ဒေလီက စတိုးဆိုင်တွေမှာ အရက်ဝယ်သူတွေ စုပြုံတိုးကြိတ်နေကြပါတယ်။ ဒါ့ကြောင့် ကိုဗစ်ရောဂါကာလအတွင်း လူစုလူဝေးဖြစ်ပေါ်တာကို ဟန့်တားဖို့ အစိုးရက မြို့တော်ဒေလီမှာ အရက် လက်ကားဝယ်ယူမှုကို အကောက်ခွန် ၇၀ ရာခိုင်နှုန်းအထိ တိုးမြင့် သတ်မှတ်လိုက်ပါတယ်။ မေလ ၄ရက်နေ့က မြို့တော်ဒေလီမှာ ဆိုင်တွေပြန်ဖွင့်ကြတဲ့အခါ အရက်အရောင်းဆိုင်တွေမှာ လူရာချီတန်းဆီ ဝယ်နေကြလို့ ရဲတပ်ဖွဲ့က တုတ်တွေနဲ့ရိုက်ပြီး…

Read More
COVID-19 ကာလကို ဗီယက်နမ်အစိုးရ ဘယ်လိုစီမံခန့်ခွဲခဲ့သလဲ

COVID-19 ကာလကို ဗီယက်နမ်အစိုးရ ဘယ်လိုစီမံခန့်ခွဲခဲ့သလဲ

၄၊ မေ၊ ၂၀၂၀။ ကိုဗစ်ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးစီမံချက်မှာ အောင်မြင်မှုရနေတယ်လို့ ဖော်ညွှန်းခံရတဲ့ ဗီယက်နမ်နိုင်ငံမှာ မေလ ၄ရက်နေ့အထိ (၁၈)ရက်ဆက်တိုက် ပြည်တွင်းရောဂါကူးစက်မှု ထပ်တိုးမလာဘူးလို့ ဗီယက်နမ်မီဒီယာတွေက ဖော်ပြကြပါတယ်။ ဗီယက်နမ်နိုင်ငံမှာ မေလ ၄၇က်နေ့မှာတော့ ၃လကျော်ပိတ်ထားတဲ့ ကျောင်းတွေ ပြန်ဖွင့်လို့ သောင်းချီတဲ့ ကျောင်းသားတွေ စာသင်ခန်းထဲပြန်ရောက်လာပြီး ဟိုချီမင်းစီးတီးနဲ့ မြို့တော်ဟန္နိုင်းက လမ်းမတွေပေါ်မှာ အလုပ်သွားသူတွေ၊ မော်တော်ကားတွေနဲ့ ဆိုင်ကယ်တွေ စည်ကားနေခဲ့ပါတယ်။ သီတင်းပတ်နှစ်ပတ်ကျော်ကြာအထိ ပြည်တွင်းမှာ ကိုဗစ်ရောဂါပိုးရှိသူ ကင်းစင်ပြီးတဲ့နောက် ဗီယက်နမ်အစိုးရက…

Read More
မလေးရှားမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုမယ်

မလေးရှားမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ခွင့်ပြုမယ်

၁ ၊ မေ၊ ၂၀၂၀။ မလေးရှားနိုင်ငံမှာ မေလ ၄ရက်နေ့ကစပြီး စီးပွားရေးလုပ်ငန်းအများစုကို ပြန်လည်ပတ်ခွင့် ပြုသွားမယ်လို့ ဝန်ကြီးချုပ် Muhyiddin Yassin က မေလ ၁ရက်နေ့မှာ ပြောပါတယ်။ အခုလိုခွင့်ပြုတာက မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါပြန့်ပွားမှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဖြေလျော့နေတဲ့ တစ်စိတ်တစ်ပိုင်းလုပ်ဆောင်မှုလည်း ဖြစ်ပါတယ်။ ဘာသာရေးအခမ်းအနားတွေ၊ လူစုလူဝေးလုပ်တာတွေအပြင် ရုပ်ရှင်ရုံတွေ၊ နိုက်ကလပ်တွေကို ပြန်ခွင့်ပြုမှာ မဟုတ်သေးဘဲ စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေကိုလည်း ဆက်ပြီးပိတ်ထားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။…

Read More
ကိုဗစ်ရောဂါပျောက်တယ်ဆိုပြီး အရက်သောက်လို့ လူ (၇၀၀)ကျော်သေဆုံး

ကိုဗစ်ရောဂါပျောက်တယ်ဆိုပြီး အရက်သောက်လို့ လူ (၇၀၀)ကျော်သေဆုံး

၂၈၊ ဧပြီ၊ ၂၀၂၀။ အီရန်နိုင်ငံမှာ ကိုဗစ်ရောဂါပျောက်နိုင်တယ်ဆိုတဲ့ တလွဲယူဆမှုတွေကြောင့် မက်သနောပါဝင်တဲ့ အရက်တွေသောက်မိလို့ လူ (၇၀၀)ကျော် အဆိပ်သင့်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ အခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်ကနေ ဧပြီလ ၇ရက်နေ့အထိ အီရန်နိုင်ငံမှာ အရက်အဆိပ်သင့်လို့ သေဆုံးသူ စုစုပေါင်း (၇၂၈)ဦးရှိတယ်လို့ အီရန် ကိုဗစ်ရောဂါဆိုင်ရာ ကျန်းမာရေးအာဏာပိုင်တွေက ပြောပါတယ်။ အီရန်နိုင်ငံမှာ ၂၀၁၉ ခုနှစ်က အရက်အဆိပ်သင့်သေဆုံးသူ (၆၆)ဦးသာရှိပြီး ယခု Covid-19 ကပ်ရောဂါကာလအတွင်း လက်ရှိ…

Read More
ဝူဟန်မြို့မှာ COVID-19 လူနာတွေအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးပြော

ဝူဟန်မြို့မှာ COVID-19 လူနာတွေအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်အစိုးပြော

၂၇၊ ဧပြီ၊ ၂၀၂၀။ ကမ္ဘာ့ကပ်ရောဂါ COVID-19 စတင်ဖြစ်ပွားတဲ့ တရုတ်နိုင်ငံဝူဟန်မြို့က ဆေးရုံတွေမှာ COVID-19 လူနာတွေအားလုံး ဆေးရုံဆင်းသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ဧပြီလ ၂၆ရက်နေ့မှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။ COVID-19 ရောဂါဟာ တစ်ကမ္ဘာလုံးကို လျင်လျင်မြန်မြန် မပြန့်ပွားခင် ၂၀၁၉ခုနှစ် ဒီဇင်ဘာလက ဝူဟန်မြို့ရဲ့ သားငါးစျေးတစ်ခုကနေ စတင်ပေါ်ပေါက်လာတယ်လို့ ယူဆရတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ လက်ရှိအချိန်အထိ COVID-19ကြောင့် တစ်ကမ္ဘာလုံးမှာ လူပေါင်း နှစ်သိန်း ခုနစ်ထောင်ကျော်…

Read More