နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်နိုင်ငံရဲ့ တာလီဘန်အုပ်ချုပ်မှုခြောက်လအတွင်း ပိုကျပ်တည်းလာ

တာလီဘန်တွေရဲ့လက်အောက် ကျရောက်ခဲ့တဲ့ နှစ်ဝက်ကာလအတွင်း အာဖဂန်နစ္စတန်မှာ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေကလောက်  အကြမ်းဖက်မှုတွေ မတွေ့ရတော့ပေမယ့် နိုင်ငံစီးပွားရေး ကျဆင်းမှုကို ရင်ဆိုင်နေရပါတယ်။ သောင်းချီတဲ့ လူလတ်တန်းပညာတတ် အာဖဂန်ပြည်သူတွေဟာ နေအိမ်တွေကနေ တိမ်းရှောင်ပြေးလွှားနေကြရပြီး ၁၉၉၀ ပြည့်လွန်နှစ်တွေကလို အမျိုးသမီးတွေကို ကျောင်းတက်ခွင့်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နယူးဇီလန်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်ဆန္ဒပြ

နယူးဇီလန်နိုင်ငံမှာ မဖြစ်မနေ မျက်နှာဖုံးတပ်ဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ သတ်မှတ်ချက်တွေကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ လူရာပေါင်းများစွာဟာ အစည်းအဝေးတွေ ပြန်လည်ကျင်းပခါစ လွှတ်တော်အဆောက်အအုံနားမှာ မော်တော်ယာဉ်တွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြနေကြပါတယ်။ ပါးစပ်နဲ့နှာခေါင်းစည်း ဝတ်ဆင်ထားခြင်းမရှိတဲ့ ဆန္ဒပြသူတွေဟာ နိုင်ငံတစ်ဝန်းက ကားတွေနဲ့ ရောက်ရှိလာကြတာဖြစ်ပြီး လွှတ်တော်ရှေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ပြင်သစ်သမ္မတနဲ့ ဆွေးနွေးမှု ရှေ့ဆက်လုပ်ဆောင်ဖို့ စိတ်ကူးကောင်းတွေရနိုင်တယ်လို့ ပူတင်ပြော

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကရင်မလင်ကို သွားရောက်တွေ့ဆုံပြီးနောက်မှာ ရုရှားသမ္မတ ပူတင်က ဒီတွေ့ဆုံမှုဟာ အသုံးဝင်ပြီး တချို့ ဆွေးနွေးချက်တွေအရ ရှေ့ဆက်လျှောက်လှမ်းရနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ယူကရိန်းနယ်စပ်တလျှောက် ရုရှားရဲ့ တပ်ဖြန့်ချထားမှုတွေကြောင့် ရုရှားနဲ့ အနောက်အုပ်စုနိုင်ငံတွေကြား တင်းမာမှုတွေ ပေါ်ပေါက်နေခဲ့ချိန်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လစ်ဗျားလွှတ်တော်က ဝန်ကြီးချုပ်အသစ် ရွေးချယ်ခန့်အပ်ဖို့ရှိ

အသွင်ကူးပြောင်းရေး အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်အသစ်တစ်ယောက်ကို လစ်ဗျားလွှတ်တော်က ရွေးချယ်ခန့်အပ်မယ်လို့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း အဗ္ဗဒူလ်ဟာမစ် ဒဘီဘာ နေရာမှာ အစားထိုးခန့်အပ်ဖို့ နာမည်စာရင်း တင်သွင်းထားသူ နှစ်ဦးထဲမှာ ပြည်ထဲရေး ဝန်ကြီးဟောင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင် တရုတ်နိုင်ငံမှာ တွေ့ဆုံ

တရုတ်နိုင်ငံမှာ ကျင်းပနေတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲကို ရုရှားသမ္မတပူတင် တက်ရောက်ခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတနှစ်ဦး တွေ့ဆုံရာမှ တရုတ်နိုင်ငံနဲ့ မျှော်လင့်တွက်ဆမထားရလောက်အောင် နီးကပ်တဲ့ ဆက်ဆံရေးရှိကြောင်း ပူတင်က ပြောဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်ဘဏ်မှာ ကုလသမဂ္ဂပိုင် ဒေါ်လာသန်းချီပိတ်မိနေပြီး ထုတ်မရဖြစ်နေ

အာဖဂန်နစ္စတန်ဘဏ်မှာ အပ်နှံထားတဲ့ ကုလသမဂ္ဂ ရန်ပုံငွေဒေါ်လာ ၁၃၅ သန်းခန့်ဟာ တာလီဘန်အစိုးရက ထိန်းချုပ်ထားတဲ့ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနှင့် ဖလှယ်မပေးနိုင်တဲ့အတွက် ထုတ်ယူမရဖြစ်နေကြောင်း ကုလသမဂ္ဂအရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၃ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ဗဟိုဘဏ်က အာဖဂန်ငွေကြေးနဲ့ ဖလှယ်ပေးပါမယ်ဆိုတဲ့ကတိကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စစ်အုပ်စုကို လုံခြုံရေးကောင်စီက အခိုင်အမာအရေးယူဖို့ ကုလဆိုင်ရာ ကန်သံအမတ် တိုက်တွန်း

မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အခိုင်အမာ အရေးယူဆောင်ရွက်ဖို့ကုလဆိုင်ရာအမေရိကန်သံအမတ်ကြီးက တိုက်တွန်းထားတယ်လို့သိရပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ဟာ ဒေသစံတော်ချိန်ဖေဖေါ်ဝါရီလ ၃ ရက် ညနေက မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းသူလျှိုအဖြစ် စွပ်စွဲခံရသူကို ရုရှားက ထောင်ဒဏ် ၁၂ နှစ် အမိန့်ချ

ခရိုင်းမီးယားဒေသက တရားရုံးတစ်ခုမှာ ယူကရိန်းသူလျှိုအဖြစ် တရားစွဲဆိုခံထားရသူ တင်သွင်းထားတဲ့ အယူခံကို ပယ်ချပြီး ထောင်ဒဏ် ၁၂ နှစ်အမိန့်ချခဲ့တယ်လို့ TASS သတင်းဌာနက ရုရှားလုံခြုံရေးဌာနကို ကိုးကားချက်နဲ့ သတင်းဖော်ပြခဲ့ပါတယ်။ ယူကရိန်းရဲ့ နိုင်ငံခြားရေးဝန်ကြီးက ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ကွန်စတန်တင် ရှီရင်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယနိုင်ငံတော်ဘတ်ဂျတ်မှာ မြန်မာနဲ့ အာဖဂန်နစ္စတန်အတွက် ကူညီပံ့ပိုးမှုငွေကြေး ထည့်သွင်းရေးဆွဲ

အိန္ဒိယနိုင်ငံက ၂၀၂၂ ခုနှစ်အတွက် နိုင်ငံတော်ဘတ်ဂျတ်ကို အတည်ပြုပြီးနောက်မှာ မြန်မာနိုင်ငံနဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေအပါအဝင် နိုင်ငံတကာ ကူညီပံ့ပိုးမှုတွေအတွက် ရူပီး ၁၇,၂၅၀ ကုဋေ သုံးစွဲသွားဖို့ သတ်မှတ်ခဲ့ပါတယ်။ အသစ်တက်လာတဲ့ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာမရှိသေးတဲ့ အိန္ဒိယအစိုးရဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ လူသားချင်းစာနာမှု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီကွေဒေါနိုင်ငံမှာ ပိုက်လိုင်းကျိုးပေါက်ပြီး ရေနံယိုဖိတ်မှု စည်ပေါင်း ၆,၃၀၀ ခန့်ထိ များပြား

အီကွေဒေါနိုင်ငံအတွင်း အမေဇုန်ဒေသမှာ ရေနံပိုက်လိုင်းတစ်ခု ပျက်စီးခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဧရိယာအတွင်း ရေနံပမာဏ စည်ပေါင်း ၆,၃၀၀ လောက် ယိုဖိတ်သွားခဲ့တယ်လို့ ရေနံကုမ္ပဏီက ဖေဖော်ဝါရီ ၂ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလ ၂၈ ရက်နေ့က [ဆက်လက်ဖတ်ရှုရန်]