နိုင်ငံတကာရေးရာ

ကျူးဘားရဲ့ ထိပ်တန်းဟိုတယ်မှာ ဂက်စ်ပေါက်ကွဲမှုကြောင့် လူ ၂၀ကျော်သေဆုံး

ကျူးဘားနိုင်ငံ ၊ မြို့တော်ဟာဗားနားက  ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်တခုမှာ  မေလ ၆ရက်နေ့က ဂက်စ်ယိုစိမ့်ပြီး အားပြင်းတဲ့ ပေါက်ကွဲမှုကြောင့်  လူပေါင်း ၂၂ဦးသေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ပေါက်ကွဲမှုဟာ  Hotel Saratoga ကို ဂက်စ်ပို့ပေးတဲ့ ထရပ်ကားတစ်စီးကြောင့် ဖြစ်ပွားခဲ့တာလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အာဖဂန်နစ္စတန်မှာ ရာသီဥတုဆိုးရွားမှုကြောင့် လူ၂၀ကျော်သေဆုံးပြီး အိမ်ရာချီပျက်စီး

အာဖဂန်နစ္စတန်နိုင်ငံမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၂၂ဦးသေဆုံးခဲ့ပြီး အိမ်ရာချီ ပျက်စီးခဲ့တယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနတာဝန်ရှိသူတဦးက ဒီကနေ့ မေလ ၅ရက်နေ့က ပြောပါတယ်. အာဖဂန်ပြည်နယ်တွေရဲ့ သုံးပုံတပုံကျော်မှာ ရေဘေးပြဿနာရဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး ကောက်ပဲသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။ ပြည်နယ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားက အရှေ့ဘက်ကမ်းလွန်ဆီကို  ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်

ဒီကနေ့ မေလ ၄ရက်နေ့မှာ မြောက်ကိုရီးယားက ပဲ့ထိန်းဒုံးကျည်တစင်းကို အရှေ့ဘက် ကမ်းလွန်ပင်လယ်ပြင်ထဲ စမ်းသပ်ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ ဒါဟာ ဧပြီလ ၂၅ရက်နေ့က ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားအပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးဒုံးကျည်စမ်းသပ်တာဖြစ်ပြီး  မြောက်ကိုရီးယားမြို့တော်ပြုံယမ်း ၊ ဆူနန်ဒေသကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယမှာ အပူဒဏ်လွန်ကဲမှုကြောင့် သေဆုံးသူ ၂၅ဦးရှိလာ

အိန္ဒိယနိုင်ငံ အနောက်ပိုင်းက မဟာရာရှထရာပြည်နယ်မှာ မတ်လနှောင်းပိုင်းကတည်းက အပူဒဏ်လွန်ကဲမှုကြောင့် သေဆုံးသူ ၂၅ဦးရှိလာပြီး ဒါဟာ လွန်ခဲ့တဲ့ငါးနှစ်အတွင်း သေဆုံးမှု အမြင့်ဆုံးဖြစ်တယ်လို့ အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ အိန္ဒိယဟာ နေ့အပူချိန် ၄၀ ဒီဂရီဆဲလ်စီးယပ်ကျော်လွန်နေတာကြောင့် အလားတူသေဆုံးမှုတွေ ထပ်ရှိနိုင် တယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဟေတီမှာ မြို့ပေါ်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာထွက်ပြေး

ဟေတီနိုင်ငံ မြို့တော် ပေါ့တ်အူပရင့်မှာ မေလ ၂ရက်နေ့က လက်နက်ကိုင်ဂိုဏ်းအဖွဲ့တွေအကြား အပြန်အလှန်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် မြို့ပေါ်က ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ Reuters သတင်းဌာနက ဖော်ပြပါတယ်။ မနေ့က အပြန်အလှန်ပစ်ခတ်မှုကြောင့်  ပေါ့တ်အူပရင့်မြို့ပေါ်က ဒေသခံတွေဟာ အထုတ်အပိုးတွေနဲ့ နေအိမ်ကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဗြိတိန်က ယူကရိန်းကို စစ်ရေးအကူအညီ ပေါင်သန်း ၃၀၀ ကူညီမယ်

အီလက်ထရောနစ်ဆိုင်ရာ စစ်ဘက်သုံးပစ္စည်းတွေ ၊ ရေဒါစနစ်တွေအပါအဝင် ယူကရိန်းနိုင်ငံကို နောက်ထပ်စစ်ရေးအကူအညီ ပေါင်သန်း ၃၀၀ ထောက်ပံ့သွားမယ်လို့ ဗြိတိန်နိုင်ငံက မေလ ၂ရက်နေ့မှာ ပြောပါတယ်။  လက်ရှိအချိန်ထိ ဗြိတိန်ရဲ့ ထောက်ပံ့မှု ပေါင်သန်း ၂၀၀ ဝန်းကျင်ရှိပြီလို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဖိလစ်ပိုင်မှာ နေအိမ်အလုံး ၈၀ကျော်မီးလောင် လူ ၈ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာအနီးမှာ  နေအိမ်မီးလောင်မှုကြောင့် ကလေးငယ် ၆ဦးအပါအဝင် လူ ၈ဦးသေဆုံးခဲ့တယ်လို့ ဒေသန္တရအာဏာပိုင်တွေက ပြောပါတယ်။  ဒီကနေ့ မေလ ၂ရက်နေ့ မနက် ၅နာရီလောက်မှာ မီးစလောင်တာဖြစ်ပြီး နေအိမ်အလုံး ၈၀ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။  လူနေအိမ်ထူထပ်တဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Xiaomi ကုမ္ပဏီရဲ့ ကန်ဒေါ်လာ သန်း ၇၀၀ ကျော်ကို အိန္ဒိယအစိုးရသိမ်း

အိန္ဒိယရဲ့ နိုင်ငံခြားငွေကြေးလဲလှယ်မှုဆိုင်ရာဥပဒေကို ချိုးဖောက်ပြီး တရားမဝင် ငွေကြေးလွှဲပြောင်းခဲ့တဲ့ စွပ်စွဲချက်နဲ့ တရုတ် စမတ်ဖုန်းကုမ္ပဏီ Xiaomi ဆီကနေ အမေရိကန်ဒေါ်လာ ၇၂၅သန်း သိမ်းယူလိုက်တယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဧပြီလ ၃၀ရက်နေ့က ပြောပါတယ်။  Xiaomi ကုမ္ပဏီရဲ့ ဒေသန္တရဌာနခွဲကနေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးတိုးမြင့်ဖို့ ဂျပန်နဲ့ ဗီယက်နမ်သဘောတူ

ဂျပန်နဲ့ ဗီယက်နမ်တို့ဟာ  ယူကရိန်းမှာ စစ်ပွဲတွေရပ်ဖို့ တောင်းဆိုခဲ့ကြပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံရေးမြှင့်တင်ဖို့ သဘောတူခဲ့ကြတယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida က ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဟာ ဧပြီလ ၃၀ရက်နေ့က ဗီယက်နမ်နိုင်ငံကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ပိုင်းဒေသတွေမှာ တိုက်ပွဲပြင်းထန်နေ 

ယူကရိန်းနိုင်ငံ တောင်ပိုင်းနဲ့ အရှေ့ပိုင်းမှာ ရုရှားတပ်တွေက လက်နက်ကြီးသုံး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေပြီး  ယူကရိန်းတပ်ဖွဲ့တွေကလည်း  ကြံ့ကြံ့ခံ တွန်းလှန်ပြီး ထိန်းထားနေနိုင်တယ်လို့ သိရပါတယ်။  ယူကရိန်း စက်မှုလုပ်ငန်း အဓိကနေရာတခုဖြစ်တဲ့ ဒွန်ဘက်စ်ဒေသကို သိမ်းနိုင်ဖို့ ရုရှားအစိုးရက ကြိုးစားနေတာဖြစ်ပြီး ရုရှားထိုးစစ်ဟာ [ဆက်လက်ဖတ်ရှုရန်]