ဒေသအလိုက် သတင်းကဏ္ဍ

ငွေကျပ်ဘီလီယံချီ လိမ်လည်ထွက်ပြေးသွားတဲ့ ကုမ္ပဏီတာဝန်ရှိသူတွေကို အမှုဖွင့်တိုင်ကြားမှု ရဲကလက်မခံ

ဇူလိုင်၊ ၂၀   ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အမည်ခံပြီး အစုရှယ်ယာတွေ ရောင်းချကာ လူဦးရေ အများအပြားဆီက ငွေကျပ်သိန်းပေါင်းသောင်းချီ လိမ်လည်ထွက်ပြေးသွားသူတွေကို အမှုဖွင့်တိုင်ကြားဖို့ ကြိုးပမ်းခဲ့ပေမယ့် ရဲစခန်းက လက်မခံဘူးလို့ နစ်နာခဲ့သူတချို့က DNA ကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယာယီပိတ်ထားတဲ့ ရွှေဘို-မန္တလေး လမ်းပိုင်း ပြန်လည်အသုံးပြုနိုင်ပြီလို့ ထုတ်ပြန်

ဇူလိုင်၊၂၀ ရွှေဘို-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် ဇူလိုင် ၂၀ ရက် ဒီကနေ့ မနက်ပိုင်းကစတင်ပြီး ယာယီပိတ်ထားရာကနေ နေ့လယ်ပိုင်းမှာတော့ပြန်ဖွင့်ပေးခဲ့တယ်လို့ ရွှေဘိုသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။ “ယနေ့နံနက်ပိုင်းမှာ မြေပြင်စစ်ရေးအခြေအနေအရ ယာယီသွားလာမှုပိတ်ပင်ထားတဲ့ ရွှေဘို-မန္တလေး လမ်းပိုင်းကို ပြန်လည်သွားလာလို့ရပါပြီ။ လိုက်နာပေးတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သနပ်ပင်မှာ စက်လှေမှောက်လို့ ကလေးနှစ်ဦးအပါအဝင်လေးဦးသေဆုံး

ဇူလိုင်၊၂၀ ပဲခူးတိုင်း၊သနပ်ပင်မြို့နယ်၊ကျွဲဖြူချောင်းကျေးရွာအနီးက ချောင်းထဲမှာ မနေ့ကစက်လှေမှောက်လို့ ကလေးနှစ် ဦးအပါအဝင် စုစုပေါင်း လေးဦးသေဆုံးသွားတယ်လို့ အဲ့ဒီဖြစ်စဉ်ကို ကူညီပေးခဲ့တဲ့ မြို့ခံလူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတဦးကDNAကို ပြောပါတယ်။ “ဘုရားဖူးသွားကြတာ၊ကျွဲဖြူကျောင်းက ဆရာတော်ကိုလည်း ဝါဆို သင်္ကန်းကပ်ဖို့လည်း ပါတယ်၊စက်လှေ အရှိန် ကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျောက်တံခါးမြို့နယ်၊ နံဇကျေးရွာကို စစ်ကောင်စီတပ်မီးရှို့ပြီးနောက် PDF တွေနဲ့တိုက်ပွဲပြင်းထန်နေ

ဇူလိုင် ၊ ၂၀ ပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်၊ စစ်တောင်းမြစ် အနောက်ဘက်ကမ်းပေါ်က နံဇကျေးရွာ ကနေအိမ်နှစ်ဆယ် ကျော်ကို  စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးသွားပြီး လက်ရှိမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတယ်လို့ ကျောက်တံခါးမြို့နယ် ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့PDFတာဝန် ရှိသူတဦးကပြောပါတယ်။ “လောလောဆယ် ထိတွေ့မှုက မပြီးသေးလို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရတ်မှာရှိတဲ့ ဆွီဒင်သံရုံးကို ဆန္ဒပြသူတွေက စီးနင်းတိုက်ခိုက်

ဇူလိုင် ၊ ၂၀ အီရတ်နိုင်ငံမှာရှိတဲ့ ဆွီဒင်သံရုံးကို ဘာသာရေး အစွန်းရောက် ဆန္ဒပြသူတွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးမှုတွေ ကျူးလွန်ခဲ့ကြပါတယ်။  ဇူလိုင် ၂၀ မနက်အစောပိုင်းက ဆန္ဒပြသူတွေဟာ သံရုံးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြပြီး အုတ်တံတိုင်းကို ကျော်တက်ခဲ့ကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဩဇာအကြီးဆုံး ပတ်စ်ပို့တွေ စာရင်းမှာ စင်ကာပူ ကျော်တက်တာ ခံလိုက်ရတဲ့ ဂျပန်

ဇူလိုင် ၊ ၂၀ ကမ္ဘာပေါ်မှာ ဩဇာအကြီးဆုံး ပတ်စ်ပို့တ်တွေ ပြိုင်ပွဲမှာ စင်ကာပူက ဂျပန်ကို နောက်ကောက်ချပြီး ထိပ်ဆုံးနေရာကို တက်လှမ်းလာပါတယ်။  Henley Passport Index ညွှန်ကိန်းတွေမှာ အခုအခါ စင်ကာပူဟာ ကမ္ဘာ့ဩဇာအကြီးမားဆုံး ပတ်စ်ပို့တ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သိမ်ဇရပ်မှာ စစ်သားတဦးနဲ့ဆိုင်ကယ်ချင်းတိုက်မိသူတဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ဇူလိုင် ၊ ၂၀ မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊သိမ်ဇရပ်မြို့ မှာ စစ်ကောင်စီစစ်သားတဦးနဲ့ ဒေသခံအမျိုးသားတဦးတို့ ဆိုင်ကယ်ချင်းတိုက်မိရာကနေ အဲဒီအမျိုးသား ကိုဖမ်းဆီးသတ်ဖြတ်ပြီးအလောင်းပြန်ပေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ “သူကဆိုင်ကယ်နဲ့ဈေးဝယ်ပြီး အထုပ်နှစ်ထုပ်နဲ့ပြန်လာတာ၊ ဆိုင်ကယ်ချင်းငြိပြီး စစ်သားကဆိုင်ကယ်မှောက်တော့ ကောင်လေး ကထူပြီးဖေးဖေးမမနဲ့ပြောပါတယ် ၊ဆိုင်ကယ်မှောက်တာဆိုတော့ ပွန်းပဲဒဏ်ရာရတာပေါ့  [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဆော်ဒီ ပရိုလိဂ်ကို ပြောင်းရွှေ့တော့မယ့် လီဗာပူး အသင်းခေါင်းဆောင်

ဇူလိုင် ၊ ၂၀ လီဗာပူးရဲ့ ဝါရင့် အသင်းခေါင်းဆောင်ကြီး ဂျော်ဒန် ဟန်ဒါဆန်ဟာ ဆော်ဒီအာရေးဘီးယား ပရိုလိဂ် ဘောလုံးပြိုင်ပွဲဆီ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိသွားခဲ့ပါပြီ။  အယ်လ်အစ်တီဖက် အသင်းဟာ ဟန်ဒါဆန်အတွက် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၂ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းပြည်ကို ရိက္ခာပို့ထွက်လာတဲ့ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရတာကြောင့် တရက်ခရီးကို တပတ်နီးပါးအထိမရောက်နိုင်သေး

ဇူလိုင် ၊ ၁၉   မကွေးတိုင်းဘက်ကနေ ချင်းပြည်နယ်တောင်းပိုင်းကို ရိက္ခာပို့ထွက်ခွာလာတဲ့ အင်အား သုံးရာဝန်းကျင်ရှိ စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံနေရတာကြောင့် တရက်ခန့်သွားရတဲ့ခရီးကို တပတ်ကြာတဲ့အထိမရောက်နိုင်သေးဘူးလို့ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ “လောင်းရှည်ဘက်ကနေ ချင်းပြည်နယ် ၊ကျင်ဒွေးဒေသဘက်ကိုသွားမယ်ဆိုရင် တရက်ခရီးပဲ ရှိတာပါ။ လက်ရှိ စစ်ကောင်စီတပ်တွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျောက်မျက်ရောင်းဝယ်သူတွေ လိုင်စင်လုပ်ဖို့ ဖိအားပေးတာဟာ စစ်အုပ်စုငွေရှာတာလို့ဝေဖန်

ဇူလိုင်၊ ၁၉ နိုင်ငံတဝန်းက တပိုင်တနိုင် ကျောက်မျက်ရတနာ အရိုင်း၊ အချောရောင်းဝယ်သူတွေကိုပါ လိုင်စင်ပြုလုပ်ဖို့ စစ် ကောင်စီက ဖိအားပေးခိုင်းစေလာတာဟာ သူတို့အတွက် ဝင်ငွေရဖို့ ဦးတည်တဲ့ လုပ်ရပ်တခုသာဖြစ်တယ်လို့ ကျောက်မျက်လုပ်ငန်းအသိုင်းအဝိုင်းက ဝေဖန်ကြပါတယ်။ “ပွဲစားဆိုတာ ကျောက်ပိုင်တဲ့သူဆီက ယူပြီးသူကျောက်ရောင်းရဖို့ [ဆက်လက်ဖတ်ရှုရန်]