နိုင်ငံရေး

ဖားကန့်မှာ မျက်နှာအဝတ်စည်းပြီး လက်ပြန်ကြိုးတုပ် ပစ်သတ်ခံထားရတဲ့ အလောင်းနှစ်လောင်းတွေ့

သြဂုတ်၊ ၁၇   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ယူမာကျေးရွာမှာ သြဂုတ်လ ၁၇ ရက် ဒီကနေ့ မနက်ပိုင်းမှာ အသတ်ခံထားရတဲ့ အမျိုးသားနှစ်ဦး ရုပ်အလောင်း တွေ့ရှိရပြီး လည်ပင်းမှာလည်း စာတွေရေးသားချိတ်ဆွဲထားတာ တွေ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီးမော့ဆို-ဖရူဆို ခြေလျင်သုံးနာရီခရီးကိုလာတဲ့ စစ်ကောင်စီတပ် လဝက်ကြာတဲ့အထိ လမ်းတဝက်ပင်မရောက်

သြဂုတ်၊ ၁၇   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့ ကနေ ဖရူဆိုမြို့ ဘက်ကို ခြေလျင်စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ကရင်နီပူးပေါင်းတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် သုံးနာရီခရီးကို လဝက်ကြာတဲ့အထိ မရောက်နိုင်သေးဘဲ လမ်းခုလတ်မှာ ရပ်နားနေရတယ်လို့ KNDF [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပေါက်ခေါင်းမြို့က ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ခံရပြီးသေဆုံး

သြဂုတ်၊ ၁၇   ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ အင်းငါးခွကျေးရွာ အုပ်ချုပ်ရေးမှူးဟာ သြဂုတ်လ ၁၆ ရက်မနေ့က ညနေ ၆ နာရီခန့်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF)တာဝန်ရှိသူတဦးက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

မြန်မာနိုင်ငံကမိတ်ဖက်စက်ရုံတွေမှာ အခွင့်အရေး ချိုးဖောက်နေမှုတွေကို စုံစမ်းစစ်ဆေးမယ်လို့ H&M ပြော

သြဂုတ်၊ ၁၇   မြန်မာနိုင်ငံအတွင်းက H&M အမှတ်တံဆိပ် အဝတ်အထည်တွေကို တာဝန်ယူ ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံ တွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ H&M ကုမ္ပဏီက ထုတ်ပြန်ပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘီလားရုစ်မှာ Wagner ကြေးစားတပ်ကို ပညာရေး အဖွဲ့အစည်းတခုအဖြစ် မှတ်ပုံတင်ထား

သြဂုတ် ၊ ၁၇ ရုရှားမှာ မအောင်မြင်ခဲ့တဲ့ ပုန်ကန်မှု တခုအပြီး ဘီလားရုစ် နိုင်ငံဆီ ရွှေ့ပြောင်း အခြေချထားတဲ့ Wagner ကြေးစားတပ်ဟာ ပညာရေး အဖွဲ့အစည်း တခုအဖြစ် မှတ်ပုံတင်ခဲ့ကြောင်း သိရပါတယ်။ ဩဂုတ် ၄ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောင်ပြောင်းချိန် မိုင်းဆွဲခံရလို့ သေဆုံးခဲ့တဲ့ နိုင်/ကျဉ်း ဒေါက်တာဇော်ထွယ်အောင်ကို မီးသဂြိုဟ်

သြဂုတ် ၊ ၁၇ စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ ထောင်ဒဏ်နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား(နိုင်/ကျဉ်း)တွေ ထောင်နေရာပြောင်းရွှေ့ချိန် ကားမိုင်းဆွဲခံရလို သေဆုံးခဲ့တဲ့ ဒေါက်တာဇော်ထွယ်အောင်ရဲ့ နာရေးကို ဒီကနေ့ ဩဂုတ် ၁၇ ရက်၊မနက်ပိုင်းက မုံရွာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ “အကိုကြီး Dr [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေး အားကောင်းတဲ့ဒေသတွေက လူငယ်တချို့ နိုင်ငံကူးလက်မှတ်လုပ်ရာမှာ ဖမ်းဆီးငွေညှစ်ခံ ရတာတွေ ရှိနေ

သြဂုတ် ၊ ၁၇ အာဏာသိမ်းစစ်ကောင်စီကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းရာဒေသတွေက လူငယ်တွေ ပြည်ပမှာ အ လုပ်သွားလုပ်ဖို့အတွက် နိုင်ငံကူးလက်မှတ်ပြုလုပ်ချိန်မှာ ဖမ်းဆီးခံရတာနဲ့ငွေညှစ်ခံတာတွေရှိနေတယ်လို့ ပြည် ပအလုပ်အကိုင်အသိုင်းအဝိုင်းကပြောပါတယ်။ မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးမှာ နိူင်ငံကူးလက်မှတ်လျှောက်ထားရာမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ မှာပါဝင်နေသူတွေနဲ့နာမည်တူ၊ဒေသတူလူငယ်တွေကို စောင့်ကြည့်ပြီးဖမ်းဆီးထိန်းသိမ်းစစ်ဆေးတာ၊ငွေပေးမှ ပြန် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြည်တွင်းဒေသ အများစု တည်ငြိမ်နေပြီလို့ စစ်ခေါင်းဆောင်က ရုရှား နိုင်ငံမှာလုပ်တဲ့ လုံခြုံရေးညီလာခံမှာပြော

သြဂုတ် ၊ ၁၇ ပြည်တွင်းတည်ငြိမ်ရေး ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ပြီး သာမန်အခြေအနေမဖြစ်သေးဘူးလို့ဆိုကာ မကြာ သေးခင်ကမှ အရေးပေါ်သက်တမ်းထပ်တိုးခဲ့ပေမယ့် ရုရှားနိုင်ငံမှာလုပ်တဲ့ လုံခြုံရေး ညီလာခံမှာတော့စစ်ခေါင်း ဆောင်မင်းအောင်လှိုင်က ပြည်တွင်းဒေသအများစု တည်ငြိမ်နေပြီလို့ ပြောပြန်ပါတယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံမှာ ဩဂုတ်၁၅ ရက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါန်းဇွန်မှာ စစ်တပ်က မီးရှို့လို့ နေအိမ်ခြောက်ဆယ်ခန့်ဆုံးရှုံး၊ ဒေသခံသုံးထောင်ကျော် စစ်ရှောင်နေရ

သြဂုတ် ၊ ၁၇ မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ် ၊အောင်သုခကျေးရွာကို သြဂုတ်လ ၁၆ ရက်၊ မနက် ၅ နာရီခန့်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်က မီးရှို့ခဲ့တာကြောင့် နေအိမ် အလုံး ခြောက်ဆယ်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ဒေသခံ ကာကွယ်‌ရေး တပ်ဖွဲ့တွေဆီက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ထိုင်းဝန်ကြီးချုပ်သစ်ကို လာမယ့်သီတင်းပတ် လွှတ်တော်မှာ မဲပေးရွေးချယ်ဖို့ စီစဉ်

သြဂုတ် ၊ ၁၇ ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ Move Forward ပါတီ (MFP)က ပါတီခေါင်းဆောင် ပီတာ လင်ဂျာရွန်ရတ်ကို ဝန်ကြီးချုပ်နေရာ အဆိုပြုပိုင်ခွင့်အတွက် အယူခံထားတာကို ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ပယ်ချလိုက်ပြီး [ဆက်လက်ဖတ်ရှုရန်]