ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ လက်နက်ကြီးကြောင့် အရပ်သားတဦးထိခိုက်ဒဏ်ရာရ

နိုဝင်ဘာ ၊ ၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းကို နိုဝင်ဘာလ ၁ ရက်၊ မနက်ပိုင်းမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် ကလေးမြို့အနောက်မြောက်ဘက် မောက်လင်းရွာက အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေထံက သိရပါတယ်။ ” လယ်တောဘက်ငါးရှာသွားရင်း မှန်တာပါ။ လက်နက်ကြီးကျည်စတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြိုု့သုံးမြို့ လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီဝန်ခံ

နိုဝင်ဘာ ၊ ၂ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ အတွင်း ရှမ်းမြောက်က မြို့နယ်သုံးမြို့လက်လွှတ်လိုက်ရတယ်လို့ စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံပြောကြားလိုုက်ပါတယ်။ ‘’ ဒီအချိန်မှာတော့ အစိုးရရဲ့ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ၊ လုံခြုံရေးအဖွဲ့အစည်းတွေလက်လွှတ်ခဲ့ရတဲ့နေရာတွေရှိပါတယ် “ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်ကို စစ်ကူသွားတဲ့တပ်ကို PDFနဲ့ TNLA ကြားဖြတ်တိုက်ခိုက်နေ

နိုဝင်ဘာ ၊ ၂ မန္တလေးတိုင်း၊ ပြင်ဦးလွင်ကနေ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ကို တအာင်းတပ်(TNLA) နဲ့ အတူ ပြင်ဦးလွင်အထွက် နောင်ချိုမှာ ကြားဖြတ်တိုက်ခိုက်နေတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်( MDY PDF [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီကို ဖြိုချဖို့အရှိန်မြှင့်ရမယ့် အချိန်လို့ ABSDF ပြော

နိုဝင်ဘာ၊ ၁  လက်ရှိအချိန်ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး၊တရားစီရင်ရေးနဲ့ဥပဒေပြုရေးမဏ္ဍိုင်သုံးခုလုံးကိုဖြိုချပြီး ဖက်ဒရယ်ပြည်ထောင်စုသစ် တခုပေါ်ထွန်းရေးအတွက်ဘက်ပေါင်းစုံကနေအရှိန်မြှင့်ဆောင်ရွက်ရမယ့် အချိန် ဖြစ် တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မ.က.ဒ.တ (ABSDF)က ဒီကနေ့ ထုတ်ပြန်ပါတယ်။  ABSDF တည်ထောင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဆင်ရေးခြောက်ရက်အတွင်း တပ်စခန်း ကိုးဆယ်နီးပါးသိမ်းပိုက်ပြီး မြို့ သုံးမြို့ကို ထိန်းချုပ် (အရပ်သား ထိခိုက်၊ သေဆုံးသူ ခြောက်ဆယ် ဝန်းကျင်နဲ့ စစ်ဘေးရှောင် နှစ်သောင်းကျော် ရှိလာ)

နိုဝင်ဘာ၊ ၁ မြောက်ပိုင်းညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်နေတဲ့စစ်ဆင်ရေး၁၀၂၇ ခြောက်ရက်အတွင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်း ၈၇ ခု ကို သိမ်းပိုက်ရရှိထားပြီး မြို့သုံးမြို့ကိုလည်း ထိန်းချုပ်ထားနိုင်ပြီဖြစ်တယ်လို့ ထုတ်ပြန်အသိပေးထားပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ တပ်စခန်းတွေဟာ ချင်းရွှေဟော်၊ ကွတ်ခိုင်၊ လားရှိုး၊ သိန္နီ၊ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ပြည်တွင်းရွှေဈေး ၃၄ သိန်းကျော်နဲ့ တလကျော်ကြာ တည်ငြိမ်နေ

နိုဝင်ဘာ၊ ၁ ပြည်တွင်းရွှေစျေးကွက်မှာ အကယ်ဒမီ မီးလင်းရွှေတကျပ်သားကို ၃၄ ကျပ်သိန်းဝန်းကျင်နဲ့ တည်ငြိမ်နေတာ တလကျော်ကြာရှိလာတဲ့အကြောင်း ရန်ကုန်မြို့၊ ရွှေကုန်သည်နဲ့ ရွှေဆိုင်သိုင်းအဝိုင်းက သုံးသပ်ပြောကြား ပါတယ်။ စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာ နှစ်သောင်းတန်ငွေစက္ကူထုတ်ဝေဖို့ထုတ်ပြန်တာရယ်၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နယ်ကျော်လာတဲ့ လေကြောင်း၊ ကြည်းကြောင်း မှန်သမျှတိုက်ထုတ်မယ်လို့ “ဝ”တပ်ဖွဲ့သတိပေး

နိုဝင်ဘာ ၊ ၁ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်တွေရဲ့ ရှမ်းမြောက်တိုက်ပွဲအတွင်း ဘယ်ဘက်ကမှ ပါဝင်တိုက်ခိုက်မှာမဟုတ်သလို လေကြောင်း၊ကြည်းကြောင်းကနေစစ်ရေးဆိုင်ရာနယ်ကျော်လာရင်လည်း တိုက်ထုတ်မယ်လို့  “၀”ပြည်သွေးစည်းညီညွတ်ရေးပါတီ/၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSP/UWSA) က ဒီနေ့ ထုတ်ပြန်ပါတယ်။ “ဝ”တပ်ဖွဲ့အနေနဲ့ ဘက်မလိုက်ရေးမူကို ကျင့်သုံးနေပြီးပဋိပက္ခအတွင်း ပါဝင်နေတဲ့ အင်အားစုတွေအနေနဲ့လည်း စစ်ပွဲတွေရပ်ကာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက CDM ဝန်ထမ်းတွေကို ဘာကြောင့် ပြန်ခေါ်နေတာလဲ

 နိုဝင်ဘာ ၁ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့  CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းဟောင်းတွေနဲ့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံဝန်ထမ်းက နုတ်ထွက် ထားတဲ့သူတွေကို သက်ဆိုင်ရာဌာနတွေမှာ အလုပ်ပြန်လည်ဝင်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ခေါ်နေတယ်လို့ Non CDM ဝန်ထမ်းတွေထံက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဆောင်းပါး

အော်ပရေးရှင်း ၁၀၂၇ က တော်လှန်ရေးမှာ အရေးကြီးတဲ့ အချိုးအကွေ့လား

  နိုဝင်ဘာ၊ ၁ (မြန်မာပြည်သူ တချို့ကတော့ ရှမ်းပြည်နယ် မြောက်ပိုင်းက ထိုးစစ်တွေဟာ ပိုမို ကျယ်ပြန့်တဲ့ အပြောင်းအလဲတွေအတွက် တွန်းအား ဖြစ်စေပြီး အဆုံးသတ်မှာ စစ်တပ် အုပ်စိုးမှုကို ဖယ်ရှားပစ်နိုင်တဲ့ထိ သက်ရောက်မှု ကြီးမားလာဖို့ မျှော်လင့်နေကြပါပြီ) [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

နတ်တလင်းမှာ ပျူစောထီးဆိုသူတဦး ပစ်သတ်ခံရလို့ သေဆုံး

နိုဝင်ဘာ၊ ၁ ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်မှာ ရဲလိုင်းကြေး ကောက်ပေးနေတဲ့ ပျူစောထီး အဖွဲ့ဝင်ဆိုသူတဦးကို မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့တာကြောင့် နေရာမှာပဲ သေဆုံးသွားတယ်လို့ ပြည်ခရိုင် PDF တပ်ဖွဲ့က ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]