နိုင်ငံရေး

လက်ယက်ကုန်းမှာ လက်နက်ကြီးကြောင့် အမျိုးသမီးတဦး သေဆုံးပြီး လေးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၂   စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ထဲကို နိုဝင်ဘာ ၁ ရက်၊ မနေ့ ညနေ ၆ ခန့်မှာ စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီးတဦး သေဆုံးခဲ့ပြီး ကလေးငယ်သုံးဦး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူနယ်ရှိ ချပ်သင်းရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  နိုဝင်ဘာ၊ ၂   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ မြောက်ဘက် မိုင်နှစ်ဆယ်ကျော်အကွာရှိ ချပ်သင်းကျေးရွာက နယ်မြေရဲစခန်းကို ဒီကနေ့ မနက်မှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ PDF တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့နိုင်တယ်လို့ ပကဖ အဖွဲ့ဝင်တဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မိုးရေးမြို့မှာ ဖမ်းဆီးခံရတဲ့ မြန်မာစစ်ရှောင် သုံးဆယ်ကျော်ထဲက ဆယ်ဦးကို ပြန်မလွှတ်သေး

နိုဝင်ဘာ၊ ၂   အိန္ဒိယနိုင်ငံ နယ်စပ် မိုးရေးမြို့မှာ မြန်မာစစ်ရှောင် ၃၂ ဦးအပါအဝင် လူပေါင်း ၄၄ ဦးကို အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ‌နိုဝင်ဘာလ ၁ ရက် ဖမ်းဆီးခဲ့တယ်လို့ အိန္ဒိယနိုင်ငံက သတင်းဌာနတွေ [ဆက်လက်ဖတ်ရှုရန်]

သရော်စာကဏ္ဍ

သတ်ချုပ် အပြုတ်တိုက်ပြီ

(မအလ – ဇော်မဲလုံး နှစ်ပါးခွင်) နိုဝင်ဘာ၊ ၂   “သတ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မအလ” ဟု အမည်စာတန်းထိုးထားသော အခန်းတွင်းသို့ ဇော်မဲလုံးတစ်ယောက် ခပ်သုတ်သုတ်ခြေလှမ်းများဖြင့် ဝင်ရောက်သွားသည်။   အခန်းတွင်း ရောက်ပြီးနောက် တောင်ကြည့်လိုက်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြို့လေးမြို့ကို အလုံးစုံထိန်းချုပ်ထားပြီး စခန်းကိုးဆယ်ကျော် ရထားတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ပြော

နို၀င်ဘာ ၊ ၂   ရှမ်းမြောက်ထိုးစစ် စတင်ပြီးနောက် ဒီကနေ့အထိ တပတ်အတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်မြို့တွေကို အလုံးစုံထိန်းချုပ်ထားသလို စစ်စခန်းကိုးဆယ်ကျော် သိမ်းပိုက်ထားတယ်လို့ ညီနောင်မဟာမိတ်တပ်ဖွဲ့က ထုတ်ပြန်အသိပေးထားပါတယ်။   အဲဒီစစ်ဆင်ရေးတိုက်ပွဲအတွင်း မနေ့ကအထိ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သိန္နီမှာ နေအိမ်ပေါ် လက်နက်ကြီးကျလို့ သားအမိနှစ်ဦးသေဆုံး၊ တိုက်ပွဲဆက်လက် ပြင်းထန်နေ

နိုဝင်ဘာ ၊ ၂ ညီ​နောင်မဟာမိတ်တပ်တွေနဲ့ စစ်​ကောင်စီတပ်တွေတိုက်ပွဲပြင်းထန်နေတဲ့ သိန္နီမြို့မှာ မနေ့ကညနေပိုင်းက နေ အိမ်ပေါ်လက်နက်ကြီးကျည်ကျလို့ အိမ်ထဲရှိနေတဲ့ သားအမိနှစ်ဦးသေဆုံးသွားသလို နေအိမ်လည်းပျက်စီး သွား တယ်လို့ ဒေသခံတွေကပြောပါတယ်။ “အိမ်နောက်ဖေးမှာထမင်းစားနေရင်းလက်နက်ကြီးကျတာ၊ပွဲချင်းပြီး​သေသွားတယ်”လို့ သိန္နီ​ဒေသခံအမျိုးသား တဦးက​ပြောပါတယ်။ လက်နက်ကြီးကြောင့်သေဆုံးသွားသူတွေဟာ သိန္နီမြို့ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

ကလေးမြို့မှာ စစ်တပ်က ကုန်ပစ္စည်းသယ်ခွင့်ပိတ်ထားလို့ စပါးစျေးနှိမ်ခံနေရ

နိုဝင်ဘာ ၊ ၂ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းက စပါးစိုက်တောင်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ ကလေးမြို့ပေါ်ကို လမ်းကြောင်းပိတ်ဆို့မှုကြောင့် စပါးစျေးနှိမ်ခံနေရတယ်လို့ ဒေသခံတောင်သူတွေက DNA ကိုပြောပါတယ်။ ” တတင်းကို ၁၂,၀၀၀ ပဲစျေးပေါက်တယ်။  ကလေးမြို့မြောက်ပိုင်းနဲ့ ဂန့်ဂေါဘက်မှာတောင် ၁၅,၀၀၀ စျေးပေါက်နေတာ။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂါဇာ ဒုက္ခသည် စခန်းကို အစ္စရေး တိုက်ခိုက်ခဲ့တာက စစ်ရာဇဝတ်မှု မြောက်နိုင်ကြောင်း ကုလသမဂ္ဂပြော

နိုဝင်ဘာ ၊ ၂ ဂါဇာက ဒုက္ခသည် စခန်းတခုကို အစ္စရေးက တိုက်ခိုက်ခဲ့ခြင်းဟာ စစ်ရာဇဝတ်မှု မြောက်နိုင်တယ်လို့ ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ အခုသီတင်းပတ်ထဲမှာ အစ္စရေးဟာ ဂါဇာရဲ့ အကြီးဆုံး ဒုက္ခသည် စခန်းဖြစ်တဲ့ ဂျာဘာလီယာ စခန်းကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထောင်ကျနေခဲ့တဲ့ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ကိုဗစ်ကြောင့် ဆေးရုံတက်နေရ

နိုဝင်ဘာ ၊ ၂ ထောင်ဒဏ် ကျခံနေရသူ မလေးရှား ဝန်ကြီးချုပ်ဟောင်း နာဂျစ်ဘ် ရာဇက်ခ်ဟာ ကိုဗစ်ရောဂါ စွဲကပ်ပြီး ဆေးရုံ တက်နေရကြောင်း သိရပါတယ်။ နာဂျစ်ဘ်က နေထိုင်မကောင်းလို့ ဆေးစစ်မှု ခံယူခဲ့တဲ့အခါ ကိုဗစ် Positive [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မှိုအဆိပ်သင့်ပြီး လူသုံးဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ဟင်းချက်သူ အမျိုးသမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး

နိုဝင်ဘာ ၊ ၂ ဩစတြေးလျမှာ မှိုအဆိပ်သင့်ပြီး လူသုံးဦး သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ အမျိုးသမီး တဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။ ဗစ်တိုးရီးယား ပြည်နယ်ထဲက လီယွန်ဂါသာဆိုတဲ့ မြို့လေးမှာ ဇူလိုင်လတုန်းက မှိုတွေစားပြီး အဆိပ်သင့်လို့ လူသုံးဦး [ဆက်လက်ဖတ်ရှုရန်]