ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်မှာ စစ်တပ်က ခံစစ်အဓိကထား ပြင်ဆင်နေ၊ လေကြောင်းပါ အသင့်ပြင်ထား

နိုဝင်ဘာ၊ ၆ ရှမ်းမြောက်တိုက်ပွဲတွေမှာ တပ်စခန်းတရာကျော် ဆက်တိုက် သိမ်းပိုက်ခံထားရတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်နယ်အတွင်းရှိ တပ်ရင်း၊ တပ်စခန်းတွေမှာ စခန်းပတ်လည် မြောင်း၊ ကတုတ်ကျင်းတွေ တူးပြီး ခံစစ်အနေအထား အဆင်သင့်လုပ်နေကြတယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “စခန်းသေး၊ စခန်းကြီးအကုန်လုံးမှာ [ဆက်လက်ဖတ်ရှုရန်]

စီးပွားရေးကဏ္ဍ

စက်ရုံလုပ်သားတွေ အနည်းဆုံးလုပ်ခ နှုန်းထားအသစ်အတိုင်း မရတာတွေရှိနေ

နိုဝင်ဘာ၊ ၆   အနည်းလုပ်ခလစာကို တနေ့ကျပ်တထောင်တိုးပြီး နှုန်းထားအသစ် သတ်မှတ်တယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပေမယ့် အောက်တိုဘာလအတွက် လစာထုတ်ရာမှာ အရင်နှုန်းအဟောင်းအတိုင်းပဲ လစာပေးတာတွေ ရှိနေသေးတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ စက်ရုံလုပ်သားတချို့က DNA ကိုပြောပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအတွက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သထုံမှာ နွားစာရိတ်သွားသူ သုံးဦး မိုင်းနင်းမိလို့ သေဆုံး

နိုဝင်ဘာ၊ ၆   မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကင်မွန်းခြုံကျေးရွာ အပြင်မှာ နိုဝင်ဘာလ ၅ ရက်၊ မနေ့ ညနေပိုင်းမှာ နွားစာရိတ်သွားတဲ့ လူငယ်သုံးဦး မိုင်းနင်းမိလို့ သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်းတွေနဲ့ ဒေသခံတွေထံက သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ကြိုတင် မကြေညာဘဲ အနောက်ဖက် ကမ်းခြေဒေသကို ဘလင်ကန် သွားရောက်

နိုဝင်ဘာ၊ ၆ ကြိုတင် ကြေညာမထားတဲ့ ခရီးစဉ်အဖြစ် အနောက်ဖက် ကမ်းခြေ ဒေသကို သွားရောက်ခဲ့တဲ့နောက် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်ဟာ ပါလက်စတိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ပါလက်စတိုင်း နယ်မြေနှစ်ခု ကွဲပြားတည်ရှိနေရာမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တရုတ်စစ်ရှောင်စခန်းက ပြန်လာတဲ့ မြန်မာစစ်ရှောင်တွေကို UWSA လက်ခံကူညီပေး

နိုဝင်ဘာ၊ ၆   ရှမ်းပြည်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံကို စစ်ရှောင်စခန်းတွေမှာ သွားရောက်ရှောင်တိမ်းခဲ့ပြီး အဆင်မပြေလို့ ပြန်လာတဲ့ မြန်မာစစ်ရှောင်တွေကို ဝအဖွဲ့ (UWSA) က လက်ခံကူညီပေးနေတယ်လို့ ဝပြည်နယ်ရဲ့ လားရှိုးမြို့ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရမ်းထံက [ဆက်လက်ဖတ်ရှုရန်]

Fact Check

သတိပြုဖွယ် သတင်းတု၊ သတင်းမှားများ အန္တရာယ်

နိုဝင်ဘာ၊ ၆   🔸သတင်း   သတင်းဆိုတာ “ကြားသိအပ်သော အဖြစ်အပျက် အကြောင်းအရာ”လို့ မြန်မာအဘိဓာန်မှာ အဓိပ္ပါယ်ဖွင့်ဆို ဖော်ပြထားပါတယ်။ ဒါ့အပြင် သတင်းဆိုတာ အရှေ့အနောက် တောင်မြောက် အရပ်လေးမျက်နှာမှာ ဖြစ်ပျက်သမျှ၊ သိသင့်သိထိုက်သော ပြန်လည်ဖြန့်ဝေရန် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကောလင်းမြို့ကို သိမ်းပိုက်နိုင်ပြီလို့ NUG အသိပေး၊ ခရိုင်အဆင့် မြို့တမြို့ကို ပထမဆုံးသိမ်းပိုက်နိုင်ခြင်းဖြစ်

နိုဝင်ဘာ၊ ၆   စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့ကို ပြည်သူကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ဒါဟာ ခရိုင်အဆင့် မြို့တမြို့ကို ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။   ကောလင်းမြို့တွင်းက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီတပ် စွန့်ခွာသွားတဲ့ တောင်ခင်ရန်းရဲစခန်းထဲ မိုင်းရှင်းနေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ

နိုဝင်ဘာ၊ ၆   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်းက စစ်ကောင်စီတပ်တွေ စွန့်ခွာသွားတဲ့ တောင်ခင်ရန်း ရဲစခန်းထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ မိုင်းရှင်းနေကြတဲ့ ပုံရိပ်တချို့ကို ABSDF စစ်ကြောင်း (၃) က ဒီကနေ့ ထုတ်ပြန်လာပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အစီအစဉ် ထုတ်လွှင့်နေချိန်မှာ ဖိလစ်ပိုင် ရေဒီယို ဒီဂျေတဦး ပစ်သတ်ခံရ

နိုဝင်ဘာ၊ ၆ ဖိလစ်ပိုင်မှာ လူသိများတဲ့ ရေဒီယို ဒီဂျေတဦးဟာ ထုတ်လွှင့်မှု အစီအစဉ် အတောအတွင်းမှာ ပစ်သတ် ခံရပြီး သေဆုံးသွားခဲ့ပါတယ်။ အသက် ၅၇ နှစ်အရွယ် ရေဒီယို ထုတ်လွှင့်ရေး အစီအစဉ်မှူး ဟွမ်ဂျူမာလွန်ဟာ နိုဝင်ဘာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂါဇာကို နျူကလီးယားဗုံး ကြဲသင့်တယ်ဆိုတဲ့ အစ္စရေးဝန်ကြီး ရာထူးက ဆိုင်းငံ့ခံရ

နိုဝင်ဘာ၊ ၆ ဂါဇာ ကမ်းမြှောင်ဒေသကို နျူကလီးယားဗုံး ကြဲသင့်ကြောင်း အာချောင်ခဲ့တဲ့ အစ္စရေး ဝန်ကြီးတဦးဟာ ရာထူးက ဆိုင်းငံ့ ခံထားလိုက်ရပါတယ်။ အစ္စရေး ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ညာဟူက လက်ယာစွန်း အမျိုးသားရေး ဝါဒီတဦးအဖြစ် လူသိများတဲ့ [ဆက်လက်ဖတ်ရှုရန်]