နိုင်ငံရေး

K3Cနဲ့ NUG တို့ရဲ့ တော်လှန်ရေး ဘုံသဘောတူညီချက် ဝေဖန်ကန့်ကွက်ခံရ

ဖေဖော်ဝါရီ၊ ၇ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ K3C လို့ ခေါ်တဲ့ KNU၊ KNPP၊ CNF တို့ပူးတွဲထုတ်ပြန်ထားတဲ့ တော်လှန်ရေး ဆိုင်ရာ ဘုံသဘောတူညီချက်တွေကို အခြေခံနဲ့အဆင့်မြင့်ပညာရေးအထွေထွေသပိတ်ကော်မတီက ကန့်ကွက်လိုက် ပါတယ်။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာဘုံသဘော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇရပ်ကြီးတိုက်ပွဲ စစ်ကောင်စီရဲ့ အရေးပါတပ်စခန်းများကို သိမ်းပိုက်နိုင်

ဖေဖော်ဝါရီ၊ ၇ ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်အစောပိုင်းက စစ်ကောင်စီအခြေစိုက်ရာ တပ်ရင်းတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီလို့ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဝေါမြို့နယ်မှာ အရပ်သားဆယ်ဦးကျော် ဖမ်းဆီးခံရ

ဖေဖော်ဝါရီ၊ ၇   ပဲခူးတိုင်း၊ ဝေါမြို့နယ် အရှေ့ခြမ်း ကျေးရွာတွေဘက်ကို ဒီကနေ့ ဖေဖော်ဝါရီ ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေ ဝင်ရောက်လာပြီး ဒေသခံအရပ်သား ဆယ့်ငါးဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဖမ်းဆီးခံရတဲ့သူတစ်ဦးနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရေဦးနယ် ကုက္ကိုလ်စုရွာကို စစ်ကြောင်းထိုးခဲ့တဲ့ စစ်တပ်က ဒေသခံ အမျိုးသားနှစ်ဦးကို သတ်ဖြတ်

ဖေဖော်ဝါရီ၊ ၇   စစ်ကိုင်းတိုင်း ရေဦးနယ် တောင်ဖက်ခြမ်းရှိ ကုက္ကိုလ်စုရွာကို မနေ့ညပိုင်းမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ၀င်ရောက်လာပြီးနောက် ဒေသခံအမျိုးသား နှစ်ဉ်ီးကို ဖမ်းဆီးကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ People Defensef Comrade အဖွဲ့ သတင်းနဲ့ပြန်ကြားရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တိုက်ပွဲတွေကြောင့် နယ်စပ်က ပြည်သူတွေ ထိခိုက်သေကြေမှုကို ဘင်္ဂလားဒေ့ရှ် ရှုတ်ချ

ဖေဖော်ဝါရီ၊ ၇ မြန်မာဖက်က ပဋိပက္ခတွေကနေ လမ်းကြောင်းချော်လာတဲ့ စစ်လက်နက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ ထိခိုက်သေကြေမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။ အခုသီတင်းပတ် အစောပိုင်းတုန်းက မြန်မာဖက်ခြမ်း တိုက်ပွဲတွေကနေ နယ်စပ်ကို ဖြတ်ကျော် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထား၀ယ် မယ်ဝေးတောင်ပေါ်စခန်းတိုက်ပွဲ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံး

ဖေဖော်ဝါရီ၊ ၇   တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့နယ် သပြေချောင်းရွာရှိ စစ်​​ကောင်စီရဲ့ မယ်ဝေးတောင်ပေါ်စခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က နှစ်ဦး သေဆုံးခဲ့ပြီး သေနတ် သုံးလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဗထူးတပ်မတော် (BHA) အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဆီဆိုင်မှာတရက်တည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး ပြည်သူ့စစ်နှစ်ဦး ဖမ်းမိတယ်လို့ဆို

ဖေဖော်ဝါရီ၊ ၇   တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းမှာ မနေ့က တရက်တည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ရှစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရကာ ပြည်သူ့စစ် နှစ်ဦး ကိုဖမ်းမိထားတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ဒီကနေ့ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယမှာ မီးရှူးမီးပန်းစက်ရုံ မီးလောင်မှုကြောင့် လူတဒါဇင်နီးပါး သေဆုံး

ဖေဖော်ဝါရီ၊ ၇ အိန္ဒိယ နိုင်ငံမှာ မီးရှူးမီးပန်းစက်ရုံ မီးလောင်ရာက ပေါက်ကွဲမှုတွေ ဖြစ်ပွားပြီး လူတဒါဇင်နီးပါး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မက်ဒ်ဟရာ ပရာဒေ့ရှ် ပြည်နယ်မှာ ဖေဖော်ဝါရီ ၆ ရက်က ဖြစ်ပွားခဲ့တဲ့ မီးဘေးကြောင့် စုစုပေါင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်လို့ မန္တလေးအိုးဘိုအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူတဦး သေဆုံးရပြန်

ဖေဖော်ဝါရီ၊ ၇   မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် အိုးဘိုအကျဉ်းထောင်မှာ ဖေဖော်ဝါရီလ ၄ ရက်က နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတဦး ကျောက်ကပ်ရောဂါနဲ့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ချီလီ သမ္မတဟောင်း ကွယ်လွန်

ဖေဖော်ဝါရီ၊ ၇ ရဟတ်ယာဉ် ပျက်ကျမှု တခုအတွင်း ချီလီနိုင်ငံရဲ့ သမ္မတဟောင်းတဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဆီဘက်ရှန် ပီညဲရားရဲ့ ရုံးက ဘီလီယံနာ သူဌေးကြီး တဦးလည်းဖြစ်တဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးသမား သမ္မတဟောင်းကို သယ်ဆောင်လာတဲ့ ရဟတ်ယာဉ်ဟာ [ဆက်လက်ဖတ်ရှုရန်]