ဒေသအလိုက် သတင်းကဏ္ဍ

ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာထဲ လက်နက်ကြီးကျလို့ နေအိမ်တရာဝန်းကျင်မီးလောင်

မတ်၊ ၂၇ ကရင်နဲ့ မွန်ပြည်နယ်အစပ် ကျိုက်မရောမြို့နယ် မြောက်ခြမ်းက ဓမ္မသ‌ကျေးရွာထဲဒီကနေ့ ညနေ လေးနာရီ လောက်မှာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲလို့ ရွာထဲက နေအိမ်သုံးပုံတပုံလောက်မီးလောင်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “ရွာနားမှာ တိုက်ပွဲဖြစ်နေတော့ ရွာထဲကို ပစ်လိုက်တာ၊ အဲဒါမီးစလောင်တာပဲ၊ အိမ်တွေလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ဘိန်းရဲစခန်းကို လက်လွှတ်လိုက်ရတဲ့ စစ်ကောင်စီတပ်အင်အားရာချီစစ်ကြောင်းထိုးနေလို့ဒေသခံတွေ နေရပ်မပြန်ရဲသေး

မတ်၊ ၂၇ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကော့ဘိန်းနယ်မြေရဲစခန်းကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေက အင်အားအများအပြားနဲ့ ဘေးပတ်ပတ်လည်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာနေတဲ့အတွက် ပြည်သူတွေနေရပ်မပြန်လာကြရဲသေးဘူးလို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက ပြောပါ တယ်။ စခန်းကိုလက်လွှတ်ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေက ကော့ဘိန်းကျေးရွာအနောက်ဘက် ဆယ်မိုင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းစိန်ထောင်က အကျဥ်းသူတွေ နေရာထိုင်ခင်းကောင်းကောင်းရဖို့ ပိုက်ဆံသိန်းချီပေးနေရ

မတ် ၊ ၂၇ ရန်ကုန်မြို့၊ အင်းစိန်အကျဥ်းထောင်မှာ နိုင်ငံရေးအကျဥ်းသူတွေအပါအဝင် အကျဥ်းသူတွေအနေနဲ့ နေရာထိုင်ခင်း ကောင်းကောင်းရဖို့ အာဏာပိုင်တွေကို ပိုက်ဆံသိန်းချီပေးနေရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်း သားများကွန်ရက်(PPNM)က ထုတ်ပြန်ထားပါတယ်။  “ဘုရားစင်နားကနေရာတွေ၊ လေဝင်လေထွက်ကောင်းတဲ့ အပေါ်ထပ်ကလိုမျိုးနေရာတွေရဖို့ ပိုက်ဆံပေးရတာ၊ မပေးတဲ့လူတွေတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂျပန်မှာ စက်လှေကားထဲ ဂျာကင်ညပ်ရာက အမျိုးသားတဦး သေဆုံး

မတ် ၊ ၂၇ ဂျပန်နိုင်ငံမှာ စက်လှေကားထဲ ဂျာကင်ညပ်သွားရာက လူတဦး မတော်တဆ သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။  ဂျပန်နိုင်ငံ အရှေ့ပိုင်၊ အီဘာရာကီ ဒေသက ရထားဘူတာ တခုမှာ တပ်ဆင်ထားတဲ့ စက်လှေကားထဲ ဂျာကင် ညပ်မိရာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဂါဇာမှာ ထောက်ပံ့ရေး ပစ္စည်းတွေကို ဆယ်ယူဖို့ ကြိုးစားရင်း ပါလက်စတိုင်း တဒါဇင်လောက် ရေနစ်သေဆုံး

မတ် ၊ ၂၇ ဂါဇာ ကမ်းရိုးတန်းနားမှာ လေထီးနဲ့ ကြဲချတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို ရယူဖို့ ကြိုးစားရင်း ပါလက်စတိုင်း တဒါဇင်လောက် ရေနစ် သေဆုံးခဲ့တယ်လို့ သိရပါတယ်။  အစ္စရေးရဲ့ ထိုးစစ် ၆ လနီးပါး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မောင်တောဆေးရုံမှ ဆရာဝန်အချို့ကို စစ်ကောင်စီ ဖမ်း၀ရမ်းထုတ်

မတ်၊ ၂၆   တိုက်ပွဲဖြစ်နေတဲ့ မောင်တောမြို့နယ်မှ ခရိုင်ဆေးရုံအုပ်နဲ့ လက်ထောက်ဆရာဝန်တဦးကို စစ်ကောင်စီက ဖမ်း၀ရမ်းထုတ်ထားပြီး ပြည်ပနိုင်ငံတွေဆီ မထွက်ခွာနိုင်ရေး အမည်မဲစာရင်းသွင်းဟန့်တားဖို့ ညွန်ကြားထားတယ်လို့ နီးစပ်သူတွေနဲ့ ဒေသခံတွေဆီက သိရပါတယ်။   စစ်ကောင်စီဟာ မောင်တောခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ဖြစ်သူ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တော်လှန်ရေးအင်အားစုတွေ လူထုမျက်နှာငဲ့ဖို့ NUG ယာယီသမ္မတပြော

မတ်၊ ၂၆   မြန်မာပြည်သူတွေဟာ တာဝန်ကျေသင့်တာထက် ပိုလွန်တဲ့ လူထုဖြစ်တာကြောင့် တော်လှန်ရေးအင်အားစု အားလုံးအနေနဲ့ လူထုမျက်နှာကိုငဲ့ပြီး စစ်ကောင်စီပြိုလဲချိန်အထိ ဝိုင်းဝန်းကြိုးစားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ ကတိုက်တွန်းလိုက်ပါတယ်။   “တော်လှန်ရေးသုံးနှစ်တာ ကာလအတွင်းမှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် အုပ်ချုပ်ရေးဝန်ထမ်း လေးဆယ်ဝန်းကျင်အပါအဝင် လူတရာဝန်းကျင် လုပ်ကြံခံရပြီး သေဆုံး

မတ်၊ ၂၆   အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက်တလခွဲအတွင်း အုပ်ချုပ်ရေးဝန်ထမ်း လေးဆယ်ဝန်းကျင်အပါအဝင် လူတရာဝန်းကျင် လုပ်ကြံခံရပြီး သေဆုံးခဲ့တယ်လို့ DNA ကကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။   ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အလုပ်မအားလို့ သက်ဆင်ရဲ့ ပါတီ အလည်အပတ် အစီအစဉ်ကို တက်ရောက်မှာ မဟုတ်ကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

မတ်၊ ၂၆ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာက အာဏာရ ပါတီကို လာရောက်လည်ပတ်တဲ့ အချိန်မှာ ဧည့်ခံ တွေ့ဆုံမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်က ပြောပါတယ်။ ဖျူထိုင်းပါတီ (PTP)ကို ထူထောင်ခဲ့သူ ဘီလီယံနာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

TBPကတ်နဲ့ လာမယ့်သူတွေကို တရုတ်က စစ်ဆေးရေးတင်းကျပ်လို့ မြန်မာအလုပ်သမားတွေ အခက်တွေ့

မတ်၊ ၂၆   ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှတဆင့် တရုတ်နိုင်ငံဘက်ကို အလုပ်လုပ်ကိုင်နိုင်ဖို့အတွက် ခုနစ်ရက် သက်တမ်းရှိတဲ့ (TBP ) ကတ်နဲ့ ၀င်လာမယ့်သူတွေကို တရုတ်နိုင်ငံက စစ်ဆေးမှုတွေ တင်းကျပ်လိုက်တာကြောင့် မြန်မာလုပ်သား အများအပြား မူဆယ်မြို့မှာ အခက်အခဲတွေနဲ့ [ဆက်လက်ဖတ်ရှုရန်]