ဒေသအလိုက် သတင်းကဏ္ဍ

ဇေကမ္ဘာဝန်းထဲမှာ ယာဉ်မောင်းကိုဓားနဲ့ထိုးပြီး ကားလုယက်မှုဖြစ်ပွာ

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝန်းအတွင်းမှာ ယာဉ်မောင်းဖြစ်သူနဲ့ ဓားနဲ့ထိုးကာ အိမ်စီးကားတစ်စီးကို လုယက်ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့က မတ်လ ၃ရက်နေ ည၈နာရီခန့်မှာ ဇေကမ္ဘာဝန်းအတွင်းမှာ အိမ်စီးကားတစ်စီးမောင်းနှင်လာတာကို ဆိုင်ကယ်တစ်စီးနဲ့ အမျိုးသား၃ဦးက ကားကိုတားပြီး ယာဉ်မောင်းဖြစ်သူကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆိုမြို့ကိုဦးတည်ပြီး စစ်အုပ်စုက အင်အားအများပြားနဲ့ စစ်ကြောင်းထိုး

ကယားပြည်နယ်(ကရင်နီ) ဒီးမော့ဆိုမြို့ကို ဦးတည်ပြီး အကြမ်းဖက်စစ်အုပ်စုက အင်အား ၅၀၀ဝန်းကျင်နဲ့ စစ်ကြောင်းထိုးတိုက်ခိုက်နေတယ်လို့ လွိုင်ကော်PDFက ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဖေဖေါ်ဝါရီလ ၁၅ရက်နေ့မှ စတင်ကာ မိုးဗြဲဒေသမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် ဒီကနေ့ မတ်လ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းအရေး G-7 ဆွေးနွေးပွဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တက်ရောက်မယ်

အင်အားကြီး ၇ နိုင်ငံပါဝင်တဲ့ G-7 အစည်းအဝေးကို မတ်လ ၄ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ယူကရိန်းနိုင်ငံအရေးနဲ့ပတ်သက်လို့ တညီတညွတ်တည်း တုံ့ပြန်ရမယ့်ကိစ္စတွေအပေါ် ဆွေးနွေးကြမှာဖြစ်ကာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက တက်ရောက်မယ်လို့ သိရပါတယ်။ “လက်ရှိယူကရိန်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်အများစုကို အင်တာနက်လိုင်းဖြတ်တောက်ပြီး စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အများစုကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး စစ်အုပ်စုက စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။ မနေ့က မတ်လ ၃ရက်နေ့ ည၁၁ခန့်က စတင်ကာ စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ မြို့နယ် ထက်ဝက်ကျော်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားပြီး စစ်အုပ်စုက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းအောင်လှိုင်ပြည်မြို့လာမယ်ဆိုတဲ့သတင်းအရ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲ ဆန္ဒပြ

အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင် ပြည်မြို့ကို လာမယ်ဆိုသောသတင်းကြောင့်မြို့လယ်ခေါင်နေရာတချို့မှာ အာဏာရှင်ဆန့်ကျင်ရေးစာတန်းတွေ ချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။ “ချုပ်ချယ်ရင် ရုန်းကန် ဖိနှိပ်ရင်း တွန်းလှန် တိုက်ပွဲအောင်လံထူကြ လွှင့်ကြ” “ပြည်သူတွေက လက်န က် မပါလဲတိုက်ရဲတယ် မင်းတို့သတ္တိရှိရင် လက်န က်မပါဘဲလာခဲ့ကြ”စာသားပါ စာတန်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဂန့်ဂေါမြို့နယ်အတွင်း တောင်ယာပဲခင်းတွေမှာ ပျူစောထီးတွေ မိုင်းထောင်ထား

မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ ပျူစောထီးတွေဟာ စခန်းမြို့ရွနြဲ့ မြောက်ခင်ရန်းကျေးရွာကြားမှာရှိတဲ့ တောင်ယာပဲခင်းတွေမှာ မိုင်းတွေထားခဲ့တယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ ယောမီဒီယာက ဖော်ပြထားပါတယ်။ ဒီကနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းမှာ ပျူစောထီး ၃၀ဦးခန့်ဟာ ပြည်သူတွေရဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကမ္ဘာ့အကြမ်းဖက်မှုထိပ်ဆုံး ၁၀ နိုင်ငံစာရင်းထဲ မြန်မာပါဝင်လာ

ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံး၁၀နိုင်ငံစာရင်း ထဲ ပါဝင်လာပါတယ်။ မတ်လ၂ရက်နေ့ကထုတ်ပြန်လိုက်တဲ့ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်မှုညွှန်းကိန်း (Global terrorism Index) ရဲ့ ၂၀၂၁ခုနှစ်အတွက် အစီရင်ခံစာမှာ မြန်မာနိုင်ငံဟာ အဆိုးဆုံးနံပါတ် ၉ နေရာရောက်လာကြောင်းဖော်ပြ ထားပါတယ်။ ၂၀၂၁ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားတပ်တွေတိုက်ခိုက်လို့ ယူကရိန်းနျူကလီးယားစက်ရုံ မီးလောင်

ဒီနေ့မနက်အစောပိုင်းက ရုရှားတပ်တွေ တိုက်ခိုက်မှုကြောင့် ယူကရိန်းရဲ့ Zaporizhzhia နျူကလီးယားစက်ရုံ မီးလောင်ခဲ့တယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောပါတယ်။ အဲဒီနျူကလီးယားစက်ရုံဟာ ဥရောပမှာ အကြီးဆုံးဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပါက ချာနိုဘိုင်းထက် ၁၀ဆပိုဆိုးတဲ့ ဘေးအန္တရယ်ဖြစ်နိုင်တယ်လို့ ယူကရိန်းအာဏာပိုင်တွေက သတိပေးထားပါတယ်။ ယူကရိန်းတနိုင်ငံလုံးကိုပေးနေတဲ့ လျှပ်စစ်စွမ်းအင်ရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF- Senthang ရဲ့ ပထမအကြိမ် ကွန်မန်ဒိုသင်တန်းဆင်းပွဲ

ပထမအကြိမ် Senthang Commando သင်တန်းကိုမတ်လ၂ရက်နေ့မှာ အောင်မြင်စွာပြီးဆုံးခဲ့ကြောင်းChinland Defense Force Senthang (CDF- Senthang)က ဒီကနေ့ထုတ်ပြန်ပါတယ်။

နိုင်ငံတကာရေးရာ

ပိတ်ဆို့ဒဏ်ခတ်မှုကြောင့် ရုရှားကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်တဲ့ တောင်ကိုရီးယား ဆေးကုမ္ပဏီ အခက်တွေ့

ယူကရိန်းအရေး အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပိုမိုများပြားလာတဲ့နောက် ရုရှားရဲ့ ကိုဗစ်ကာကွယ်ဆေး စပွတ်နစ်ကို ထုတ်လုပ်ပေးရတဲ့ တောင်ကိုရီးယားဆေးကုမ္ပဏီတစ်ခုဟာ လုပ်ငန်းဆက်လက်လုပ်ကိုင်ဖို့ အခက်တွေ့လာရပါတယ်။ ဆိုးလ်မြို့အခြေစိုက် GL Rapha ကုမ္ပဏီရဲ့ အရာရှိတစ်ဦးဖြစ်တဲ့ ကမ်ဂျီယောင်ကတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ မရှိမဖြစ်ဆေးဝါးထုတ်လုပ်မှုတွေအပေါ် သက်ရောက်မှုရှိမှာ [ဆက်လက်ဖတ်ရှုရန်]