နိုင်ငံရေး

ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာစနစ်ပြိုလဲမှုကို ကာကွယ်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ်သတိပေး

ရုရှားက ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း အငတ်ဘေးပြဿနာနဲ့ ကမ္ဘာလုံးဆိုင်ရာစားနပ်ရိက္ခာစနစ်ပြိုလဲမှုကို ကာကွယ်ဖို့ ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မတ်လ ၁၄ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ စစ်ပွဲဟာ ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာ ထောက်ပံ့မှုအတွက် ကြီးမားတဲ့ အကျိုးဆက်တွေကို ဖြစ်ပေါ်စေပြီး အဆင်းရဲဆုံးသူတွေအပေါ် ဆိုးဆိုးရွားရွား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဗန်းမော်ခရိုင်ကျေးရွာတချို့က အုပ်ချုပ်ရေးဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့ ရွှေကူPDF သတိပေး

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်အတွင်းရှိ စင်းခန်းတိုက်နယ်နဲ့မံစီမြို့နယ်အတွင်းရှိ ကျေးရွာတွေက ရပ်ကျေး အုပ်ချုပ်ရေးဝန်ထမ်းတွေ နှုတ်ထွက်ကြဖို့ ရွှေကူPDFက သတိပေးလိုက်ပါတယ်။ စင်းခန်းတိုက်နယ်အတွင်းရှိစင်းခန်း၊ရွာသာယာနဲ့ဂဲမနိုင်၊မံစီမြို့နယ်အတွင်းရှိ နမ့်သဲ၊နမ့်အူကြီး၊ဖြုတ်ကိုက်၊ပန့် သိုင်း၊မုန်းတိမ်ပါ၊မခေါ်ယမ်၊ကောင်ဂျာ၊သံတံတား၊မလင်နဲ့ စီကော်ရွာတို့က အုပ်ချုပ်ရေးမှူးတွေနဲ့ ရပ်ကျေးဝန် ထမ်းတွေအနေနဲ့ မတ်လ၂၂ရက်နေ့ နောက်ဆုံးထားနှုတ်ထွက်ကြဖို့ ရွှေကူPDF က သတိပေးချက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီး မနေ့ကမတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ Mandalay Ranger Force PDF က ထုတ်ပြန်လိုက်ပါတယ်။ ကျဆုံးသွားသူ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မီးပျက်နေတဲ့ ရန်ကုန်မြို့လယ်မှာ မီးတုတ်တွေကိုင်ဆောင်ဆန္ဒ ထုတ်ဖော်ခဲ့

မနေ့က မတ်လ ၁၄ ရက်နေ့ ညပိုင်းက”တော်လှန်ပုန်ကန်မယ့်ရန်ကုန်” စာတန်းနဲ့အတူ ဖယောင်းတိုင်၊ flash light နဲ့ မီးတုတ်တွေကိုင်‌ဆောင်ပြီး မီးပျက်နေတဲ့ အချက်အချာကျ ရန်ကုန်မြို့လယ်ခေါင် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စု ပတ်ပတ်လည်တပ်စွဲ ထားတဲ့ကြားက ညသပိတ်စစ်ကြောင်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်းမြို့ ဂိတ်စောင့်စစ်သား ခေါင်းရိုက်ခွဲခံရ၊ အနည်းဆုံး ၅ ချက်ချုပ်ရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့မှာ ဂိတ်စောင့်စစ်သားကိုပြည်သူတစ်ဦးက ခေါင်းရိုက်ခွဲခဲ့ရာ အနည်းဆုံး ၅ ချက်ချုပ်လိုက်ရတယ်လို့ သိရပါတယ်။ ယမန်နေ့ ညနေ ၃ နာရီခွဲလောက်က ခရမ်းမြို့၊ သစ်တောစစ်ဆေးရေးဂိတ်မှာ ဂိတ်စောင့်နေတဲ့ စစ်သားဟာ ဆိုင်ကယ်မောင်းလာတဲ့ပြည်သူကို အစစ်အဆေးကြမ်းတာကြောင့် အဲဒီပြည်သူက သည်းမခံနိုင်ဘဲ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အင်အားပြင်းထန်တဲ့ အမြောက်သံ ကလေးမြို့ အရှေ့ဘက်မှာ ကြားရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အရှေ့ဘက်မှာ အင်အားပြင်းထန်တဲ့ အမြောက်သံတွေကို ဒီနေ့မနက် အစောပိုင်းမှာ ကြားရတယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၅ နာရီကျော်လောက်က ကလေးမြို့ အရှေ့ဘက်လမ်းဆုံတစ်ဝိုက်ကနေ အမြောက်သံ နှစ်ကြိမ်ကြားရကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ Zalen က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မော်လိုက် ပျူစခန်းကို စီးနင်း၊ အကြမ်းဖက်စစ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦးသေ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်း ပျူစောထီးသင်တန်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ရာ အကြမ်းဖက် စစ်ဗိုလ်တစ်ဦး အပါအဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ မတ်လ ၁၄ ရက်နေ့ မနက် ၄ နာရီခွဲလောက်က PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေးကေကော် မြို့သစ်မှာ အကြမ်းဖက် စစ်အုပ်စုတပ်တွေက ဒေသခံအိမ်တွေထဲက ပစ္စည်းတွေခိုးယူနေ

အကြမ်းဖက် စစ်အုပ်စုတပ်တွေနဲ့ နယ်ခြားစောင့်တပ်-BGF ပူးပေါင်းတပ်ဖွဲ့တွေဟာ တကျော့ပြန် တိုက်ခိုက်မှု ဖြစ်ပွားနေတဲ့ လေးကေကော်မြို့သစ် ရပ်ကွက်ပတ်လည်မှာ ခြေကုပ်စခန်းချ နေထိုင်နေရာယူပြီး လူနေအိမ်တွေထဲ အသုံးအဆောင်ပစ္စည်းတွေကို နေ့စဉ်ခိုးယူနေတယ်လို့ လေးကေကော် စစ်ရှောင်ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး KIC သတင်းဌာနက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့ လက်မှတ်ထိုး လှုပ်ရှားမှုပြုလုပ်နေ

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို ICC မှာ အရေးယူနိုင်ဖို့ လက်မှတ်ရေး ထိုးလှုပ်ရှားမှုကို ပြုလုပ်နေပါတယ်။ ဒီလှုပ်ရှားမှုကို Blood Money (သွေးစွန်းငွေ) ကဦးဆောင်ပြုလုပ်နေပြီး ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ (UNHRC)အနေနဲ့ အကြမ်းဖက်စစ်တပ် ကျူးလွန်ခဲ့၊ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအပေါ် စာထုတ်တာတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDF တွေဟာ ရန်သူ့အင်အားကို နေ့စဉ်ပြုန်းတီးအောင်စွမ်းဆောင်နိုင်ခဲ့ကြောင်း NUG ပြေ

PDF တွေဟာ ရန်သူ့အင်အားကို နေ့စဉ်ပြုန်းတီးအောင်စွမ်းဆောင်နိုင်ခဲ့ပြီး ကျေးလက်ဒေသများစွာအပေါ် စိုးမိုးထိန်းချုပ်နိုင်ခဲ့ပြီလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ခုခံတော်လှန်စစ် ၆ လပြည့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ PDF စိုးမိုးနယ်မြေတွေကို အခြေပြုပြီး ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးအာဏာကို စတင်တည်ထောင်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ [ဆက်လက်ဖတ်ရှုရန်]