ဒေသအလိုက် သတင်းကဏ္ဍ

ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာ အကြမ်းဖက်စစ်တပ်ပစ်လို့ ကားပေါ်က ကလေးငယ်တစ်ဦးသေ

စစ်ကိုင်းတိုင်း၊ယင်းမာပင်မြို့နယ် ဖိုလ်ဝင်တောင်လမ်းခွဲအနီးမှာခရီးသွားကားတစ်စီးကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့ရာ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ မတ်လ၁၇ရက်နေ့ မနက်၉နာရီလောက်မှာ ဖိုလ်ဝင်တောင်လမ်းခွဲအနီး နှစ်ထပ်တက်အဆင်းမှာအကြမ်းဖက်စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်ခရီးသွားကားအတွင်းထဲက ကလေးငယ်တစ်ဦး ဦးခေါင်းကျည်ထိပြီး သေဆုံးခဲ့တယ်လို့ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ပါတယ်။ ခရီးသွားပြည်သူကားကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂၇ရက်နေ့ကစပြီး တိုက်စစ်အရှိန်မြင့်တင်တော့မယ်လို့ BRHA ထုတ်ပြန်

မတ်လ ၂၇ရက်နေ့ကစတင်ကာ တော်လှန်ရေး တိုက်စစ်အရှိန်မြင့်တင်တော့မှာဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စု အခြေခံအုတ်မြစ်ဖြစ်အောင် ထောက်ပံနေတဲ့ မီတာရုံးနဲ့အခွန်ရုံး စည်ပင်ရုံးတွေကို အဓိကပြစ်မှတ်ထား ဖောက်ခွဲတိုက်ခိုက်သွားမယ်လို့ Burma Revolution Hlaing Army – BRHA က ထုတ်ပြန်လိုက်ပါတယ်။ ပျောက်ကျားစနစ်အတိုင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နွားထိုးကြီးမှာ မိုင်းထိပြီး အကြမ်းဖက်ရဲ၂ဦးသေ

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊မင်းစုံတောင်အနီး အကြမ်းဖက်ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ဦးသေဆုံး ခဲ့တယ်လို့သိရပါတယ်။ မတ်၁၇ရက်နေ့၊မွန်းလွဲ၂နာရီလောက်က နွားထိုးကြီးမြို့ပေါ်ကနေ ပြန်လာတဲ့ အကြမ်းဖက်ရဲ ဆိုင်ကယ် ယာဉ်တန်းကို နွားထိုးကြီးPDF ကမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ဦးဒဏ်ရာရတယ်လို့ လည်း နွားထိုးကြီးPDF ကထုတ်ပြန်ပါတယ်။ ‘အဲဒီရဲတွေပြန်လာမယ်ဆိုတာ သိလို့ မိုင်းကြိုခင်းထားတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပြောက်ကျားတွေတိုက်ခိုက်တာခံရတဲ့ ဖားကူးရဲစခန်းမှာ အင်အားထပ်ဖြည့်

ပြောက်ကျားတပ်ဖွဲ့တွေရုတ်တရက်ဝင်တိုက်ခဲ့တဲ့ သန်လျင်မြို့နယ်၊ဖားကူးရဲစခန်းကို အကြမ်းဖက်စစ်အင် အားဖြည့်တင်းလိုက်တယ်လို့သိရပါတယ်။ ယမန်နေ့ညနေပိုင်းမှာ စစ်ကားတွေရောက်လာပြီး လူအင်အားထပ်ဖြည့်ခြင်းဖြစ်ပြီ ညွှန်ကြားချက်ထပ်မထွက် မချင်း ဖားကူးရဲစခန်းမှာပဲ နေရဦးမယ်လို့ တပ်တွင်းသတင်းပေးပို့ချက်အရသိရကြောင်း ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ ခရမ်းမီဒီယာက ဖော်ပြပါတယ်။ သန်လျင်မြို့နယ် ဖားကူးရဲစခန်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က မတ်လ၁၆ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်ဘက်အကြီးအကဲ လိုက်ပါလာတဲ့ ယာဉ်တန်းကို အဝေးထိန်းဗုံးနှစ်လုံးနဲ့ ဖောက်ခွဲ

စစ်ဘက်ဆိုင်ရာအကြီးအကဲတစ်ဦး လိုက်ပါလာတဲ့ယာဉ်တန်းကို နယ်အတွင်း အဝေးထိန်းဗုံးနှစ်လုံး နဲ့တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတချို့ ထိခိုက်မှုရှိနိုင်တယ်လို့ သိရပါတယ်။ မတ်လ ၁၆ ရက်နေ့၊ နေ့ခင်း ၁၁ နာရီ ၁၅ မိနစ်လောက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့ ထီးတင်ပွဲကနေ မှော်ဘီဘက်ပြန်လာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာတစ်ဝန်း နေရပ်စွန့် ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ပြီ

မြန်မာနိုင်ငံအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ရှစ်သိန်းခွဲကျော်ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က ဒီကနေ့ထုတ်ပြန်ပါတယ်။ မြန်မာတနိုင်ငံလုံးမှာ အာဏာမသိမ်းခင်ကာလက နေရပ်စွန့်ခွာဦးရေ ၃၇၀,၀၀၀ လောက်ရှိပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ ၄၉၅,၃၀၀ အပါအဝင် စုစုပေါင်း ၈၆၅,၇၀၀ ဦးနေရပ်စွန့်ခွာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမှာ မိုင်းရှင်းနေတဲ့ အကြမ်းဖက်စစ်သားတွေ မိုင်းဆွဲခံရ၊ အနည်းဆုံး ၇ ဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း မိုင်းရှင်းနေတဲ့အကြမ်းဖက် စစ်သားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အနည်း ဆုံး ၇ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၉ နာရီလောက်မှာ မြင်းမူမြို့နယ်၊ ဝမ့်ပြည့်ကျေးရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ အရပ်ဝတ်ဝတ်ဆင်ထားပြီး လက်နက်အပြည့်အစုံပါတဲ့ အကြမ်းဖက်စစ်သား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို စစ်ရှောင်ပြည်သူတွေ သောက်သုံးရေနဲ့ ဆေးဝါး အကူအညီတွေ လိုအပ်နေ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်စပ် ဒီးမော့ဆိုမြို့နယ်နဲ့ အနီးနားဒေသတွေက စစ်ရှောင်ပြည်သူတွေအတွက် သောက်သုံးရေ ရိက္ခာနဲ့ဆေးဝါးတွေ အဓိက လိုအပ်နေတယ်လို့ ပြည့်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆိုက တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အခုဆို စစ်ရှောင်ပြည်သူ သိန်းကျော်ရှိနေပြီဖြစ်ပြီး နေရာအနှံနီးပါး တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူတွေ အနေနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တွံတေး ကျောင်းတွေမှာ စစ်ကျွန်စာမေးပွဲကို ကန့်ကွက်ကြောင်း စာတွေကြဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ပေါင်း ၂၀ မှာ စစ်ကျွန်ပညာရေးအတန်းတင်စာမေးပွဲကို ကန့်ကွက်ကြောင်း စာတွေကြဲဖြန့်ခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့မနက် ၃ နာရီလောက်မှာ တွံတေးမြို့နယ် အတွင်းရှိ၊အထက်တန်းကျောင်း၊ အထက်တန်းကျောင်းခွဲ၊ အလယ်တန်းကျောင်း၊ အလယ်တန်းကျောင်းခွဲနဲ့ မူလတန်းလွန်ကျောင်း စုစုပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်းမှာ ခရီးသည်တင်ကား ၂ စီးပစ်ခံရ ကားစပါယ်ယာတစ်ဦး သေဆုံ

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ရွှေဘို-မြစ်ကြီးနား ကားလမ်းပိုင်း အဝေးပြေးလမ်းမကြီးပေါ်မှာ မတ်လ ၁၆ ရက်နေ့က ခရီးတင်ယာဥ် မှန်လုံကားနှစ်စီးပစ်ခံရပြီး ကားစပယ်ယာတစ်ဦး သေဆုံးသွားတယ်လို့ KNG သတင်းဌာနက ဖော်ပြထားပါတယ်။ မနော်မန္တလာနှင့် သစ္စာလှိုင် ခရီးသည်တင်ကား ၂ [ဆက်လက်ဖတ်ရှုရန်]