နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယားမှာ ခရီးသည်တင် ရထားတစ်စီးကို သေနတ်သမားတွေ တိုက်ခိုက်

  နိုင်ဂျီးရီးယားနိုင်ငံ ခါဒူနာပြည်နယ်မြောက်ပိုင်းမှာ ခရီးသည် တထောင်လောက်စီးနင်း လိုက်ပါလာတဲ့ရထားတစီးကို အမည်မသိသေနတ်သမားတွေကို ပြန်ပေးဆွဲခဲ့တယ်လို့ သိရပါတယ်။ အဲဒီဂိုဏ်းအဖွဲ့ဟာ မြို့တော်အဘူဂျာနဲ့ ခါဒူနာမြို့ကြားထဲက ရထားလမ်းပေါ်မှာ မိုင်းဖောက်ခွဲပြီးနောက် ရထားကို ရပ်ခိုင်းခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။ ပစ်ခတ်မှုတွေဖြစ်ပြီး သေနတ်သမားတွေ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းထွက်ဖို့ ပြည်မှာ လူစုနေ

အာဏာရူးတွေရဲ့သင်္ကြန်မှာ ပြည်သူတွေ မပါဝင်ဖို့ တော်လှန်ရေး အင်အားစုတွေက မေတ္တာရပ်ခံနေချိန်မှာ ရပ်ကွက်အလိုက် သင်္ကြန်ယိမ်းထွက်ဖို့ ပဲခူးတိုင်း၊ ပြည်မြို့မှာ စစ်အုပ်စု အာဏာပိုင်တွေက စီစဉ်နေကြောင်း သိရပါတယ်။ ပြည်မြို့၊ ရွှေတံခါးရပ်ကွက်မှာ စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီး သင်္ကြန်ယိမ်းအဖွဲ့တွေအတွက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘုရားပျို ရဲစခန်း တိုက်ခိုက်ခံရမှု စစ်အုပ်စုဝင် တစ်ဦးသေ၊၃ ဦး ဒဏ်ရာရ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းတိုက်ခိုက်ခံရမှုကြောင့် စစ်အုပ်စုဝင်တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။ ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း မတ်လ ၂၉ ရက်နေ့မွန်းလွဲ တစ်နာရီခွဲလောက်မှာ ၄၀(မမ) ဗုံးသီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲစခန်းအဆောက်အဦတချို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံရဲ့ အာရှသုံးနိုင်ငံခရီးစဉ်မှာ မြန်မာအကြောင်း ထည့်သွင်းဆွေးနွေးမယ်

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံအရာရှိ Derek Chollet ဟာ မတ်လ ၂၈ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ ဖိလစ်ပိုင် ၊ ဗီယက်နမ်နဲ့ ဂျပန်ကို သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။ Derek [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဆွာမြို့နယ် တိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စု ၆ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ ဆွာမြို့နယ်၊ ဂွေးသဲကျေးရွာနဲ့လယ်သာရွာကြား ရှမ်းတဲဘုရားအနီးမှာ မနေ့က မတ်လ ၂၈ ရက်နေ့ ကအကြမ်းဖက်စစ်အုပ်စုတပ်နဲ့ သံတောင်မြောက်ပိုင်း (NTDF) တပ်ဖွဲ့တို့ နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲမှာ အကြမ်းဖက် စစ်အုပ်စုတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးပြီး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သေ့ဘောဘိုးရွာအနီး တိုက်ပွဲ ဆက်ဖြစ်၊ အကြမ်းဖက်စစ်သား ၁၃ ဦးထက်မနည်း ထပ်သေ

မြဝတီ – ဝေါ်လေ ကားလမ်းပေါ်က သေ့ဘောဘိုးရွာ အနီးမှာ ဒီနေ့မနက် ၃ နာရီလောက်က ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်သား သေဆုံးထိခိုက်စာရင်းကို ဆက်လက်စုံစမ်းနေပါတယ်။ ဒီနေ့မနက် ၂ နာရီ ၄၅ မိနစ်လောက်မှာ အကြမ်းဖက်စစ်ကြောင်းနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သပြေကန်ရွာ ရဲစခန်းကို သန်လျင် ပကဖ မီးရှို့ဖျက်ဆီး

ရန်ကုန် တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ၊သပြေကန်ကျေးရွာ ရဲစခန်းကို သန်လျင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) က မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ ယမန်နေ့ ည ၁၁ နာရီ ၁၀ မိနစ်လောက်မှာသပြေကန်ကျေးရွာ ရဲစခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် စစ်အုပ်စုခန့် ထောက်တိုင် အုပ်ချုပ်ရေးမှူး ကျော်မင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ခရမ်း၊ ဘုရားပျိုရဲစခန်းထဲ ဗုံး ၃ လုံးကွဲ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာရဲစခန်းအတွင်း ဒီနေ့မွန်းလွဲပိုင်းက ဗုံး၃လုံး ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ ခရမ်းမြို့ ဘုရားပျိုကျေးရွာ ရဲစခန်းအတွင်း ဒီနေ့မွန်းလွဲ တစ် နာရီခွဲလောက်က ဗုံး ၃ လုံး ပေါက်ကွဲခဲ့ပြီး ခဏအကြာမှာ သေနတ်ပစ်သံတွေ အချက်ပေါင်းမနည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ စီမံ/ဘဏ္ဍာဌာနတွင်း ပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်း

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းနဲ့ အခွန်ဦးစီးဌာနရုံးကို ဒီနေ့မွန်းလွဲပိုင်းမှာ ဒေသတွင်း မြို့ပြပြောက်ကျားတပ်ဖွဲ့တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီလောက်မှာ ဝင်ရောက်စီးနင်းကာ ဌာနဆိုင်ရာပစ္စည်းတွေကို ဖျက်ဆီးခြင်းနဲ့သိမ်းဆည်းခြင်းတို့ပြုလုပ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်းဝင်နေရ

အတူနေသူတချို့မှာ ကိုဗစ်ပိုး တွေ့ရှိလို့ ဒေါ်အောင်ဆန်းစုကြည် ကွာရန်တင်း ဝင်နေရပြီး ဒီနေ့ တရားရုံးချိန်းကို မလာရောက်နိုင်ဘူးလို့ သိရပါတယ်။ ‌နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်မှာ ကိုဗစ်ရောဂါ မတွေ့ရှိပေမယ့် ကိုဗစ်စည်းကမ်းတွေနဲ့အညီ သီးသန့် အသွားအလာကန့်သတ် ထားတယ်လို့ တရားရုံးအသိုင်းအဝိုင်းက ဆိုပါတယ်။ ကွာရန်တင်းဝင်နေရတာကြောင့် [ဆက်လက်ဖတ်ရှုရန်]