
အဆိုပါမုန်တိုင်းဟာ ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲခန့်မှာ ဇီကျန်းခရိုင်အရှေ့ပိုင်း ယူဟွမ်းမြို့အနီးကို စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ တရုတ် မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။
၁၀ ၊ ဩဂုတ်
ဒီနှစ်အတွင်း တရုတ်နိုင်ငံကို ဝင်ရောက်တဲ့ အပြင်းထန်ဆုံး အပူပိုင်းမုန်တိုင်းဖြစ်တဲ့ မုန်တိုင်း ဒေါ်လ်ဖင်န် (Dolphin) ဟာ တနင်္ဂနွေနေ့က နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကို စတင်ဝင်ရောက်ခဲ့ပြီး သည်းထန်စွာ မိုးရွာသွန်းမှု၊ လေပြင်းတိုက်ခတ်မှုတို့နဲ့အတူ ရေကြီးမှုနဲ့ မြေပြိုမှု သတိပေးချက်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။
နိုင်ငံအရှေ့ပိုင်းတလျှောက် လမ်းပန်းဆက်သွယ်ရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်ပြတ်တောက်ခဲ့ပြီး ပြည်သူ ၁ သန်းကျော်ဟာလည်း နေအိမ်တွေကနေ ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ကြရပါတယ်။
ဒီမုန်တိုင်းဟာ ဂျပန်နိုင်ငံ တောင်ပိုင်း အိုကီနာဝါခရိုင်ကို စတင်ဖြတ်သန်းတိုက်ခတ်ခဲ့ရာ လူ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး အဆောက်အအုံ ၅၀,၀၀၀ ကျော်မှာ လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့ပါတယ်။
အဆိုပါမုန်တိုင်းဟာ ဩဂုတ် ၉ ရက် ညနေ ၅ နာရီခွဲခန့်မှာ ဇီကျန်းခရိုင်အရှေ့ပိုင်း ယူဟွမ်းမြို့အနီးကို စတင်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ တရုတ် မိုးလေဝသအာဏာပိုင်တွေက ပြောပါတယ်။
မုန်တိုင်းဝင်ရောက်စဉ် ဗဟိုချက်အနီး အမြင့်ဆုံး လေတိုက်နှုန်း တစက္ကန့်ကို ၄၂ မီတာ (တစ်နာရီ ၁၅၁ ကီလိုမီတာ) အထိ ရှိခဲ့ပြီး ဒါဟာ အဆင့် ၁ ဟာရီကိန်းမုန်တိုင်းနဲ့ ညီမျှပါတယ်။
အာဏာပိုင်တွေဟာ ပင်လယ်ပြင် လုပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီး၊ သင်္ဘောတွေကို ဆိပ်ကမ်းသို့ ပြန်လာဖို့ ညွှန်ကြားခဲ့သလို ဆည်တွေ၊ တောင်ကျစမ်းချောင်းတွေ မြေပြိုလွယ်သောနေရာတွေ ဆောက်လုပ်ရေးဆိုက်တွေနဲ့ ခရီးသွားနေရာတွေကို စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။
ကုန်းတွင်းပိုင်းဝင်ရောက်ပြီးနောက် မုန်တိုင်း ဒေါလ်ဖင်န်ဟာ အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး တရုတ်နိုင်ငံ အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ အရှိန်လျော့သွားကာ တဖြည်းဖြည်း အားပျော့သွားမယ်လို့ ခန့်မှန်းရကြောင်း အမျိုးသားမိုးလေဝသဗဟိုဌာက ဆိုပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုကြောင့် ပိုမိုအားကောင်းလာတဲ့ မုန်တိုင်းတွေအပါအဝင် အင်မတန်ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဉ်တွေ ပိုများလာတယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။
Ref – asiaone