လာမယ့်နှစ် ထိုင်းမှာ စူပါအယ်လ်နီညို ဝင်လာတော့မယ်

စူပါအယ်လ်နီညို  ဟာ ၂၀၂၇ စောစောပိုင်းမှာ အားနည်းသွားပြီး သာမန် အယ်လ်နီညိုအဖြစ် လျော့ကျသွားမှာဖြစ်ပါတယ်။ ၂၀၂၇ အကုန်မှာတော့ ရာသီဥတုက လာနီညာဘက်ကို ကူးပြောင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

၃ ၊ ဩဂုတ်

ထိုင်းနိုင်ငံအနေနဲ့ လာမယ့် အောက်တိုဘာလကနေ စတင်ပြီး ၂၀၂၇ မိုးရာသီအစအထိ ကြုံရမယ့် စူပါအယ်လ်နီညို ရဲ့ ရိုက်ခတ်မှုကို ရှောင်လွှဲနိုင်ဖို့ မလွယ်ပါဘူး။ ဒါဟာ သီးနှံတွေ၊ စပါးစိုက်ခင်းတွေနဲ့ ရေသုံးစွဲမှုအပေါ် အတော်လေး သက်ရောက်မှုရှိလာမှာပါ။

ထိုင်းမိုးလေဝသဌာနကလည်း ဒီဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် လျော့သွားနိုင်တယ်လို့ သတိပေးထားပါတယ်။

စူပါအယ်လ်နီညို ဆိုတာ ပစိဖိတ်သမုဒ္ဒရာ အလယ်ပိုင်းနဲ့ အရှေ့ပိုင်း အပူပိုင်းဒေသတွေမှာ ပင်လယ်ရေမျက်နှာပြင် အပူချိန်က ပုံမှန်ထက် သိသိသာသာ မြင့်တက်လာတဲ့ လွန်လွန်ကဲကဲ ပူနွေးတဲ့ အယ်လ်နီညိုဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။

ထိုင်းမိုးလေဝသဌာန၊ မိုးလေဝသခန့်မှန်းရေးဌာနခွဲ ညွှန်ကြားရေးမှူး Surapong Sarapa ရဲ့ အဆိုအရ အမေရိကန် NOAA က ဒီနှစ် အောက်တိုဘာနဲ့ ဒီဇင်ဘာကြားမှာ အလွန်အားကောင်းတဲ့အယ်လ်နီညို ဖြစ်ပေါ်ဖို့ ၈၁ ရာခိုင်နှုန်းအထိ အခွင့်အလမ်းရှိနေပြီး ဒါဟာ ၁၉၅၀ ပြည့်နှစ်နောက်ပိုင်း အားအကောင်းဆုံး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။

စူပါအယ်လ်နီညို  ဟာ ၂၀၂၇ စောစောပိုင်းမှာ အားနည်းသွားပြီး သာမန် အယ်လ်နီညိုအဖြစ် လျော့ကျသွားမှာဖြစ်ပါတယ်။ ၂၀၂၇ အကုန်မှာတော့ ရာသီဥတုက လာနီညာဘက်ကို ကူးပြောင်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။

Mr Surapong က ထိုင်းနိုင်ငံဟာ ၁၉၉၇-၉၈၊ ၂၀၁၅-၁၆ နဲ့ မကြာသေးမီက ၂၀၂၄ ခုနှစ်တွေမှာ စူပါအယ်လ်နီညို ဖြစ်စဉ်တွေကို ကြုံတွေ့ခဲ့ဖူးကြောင်း ပြောပါတယ်။ ဒါပေမယ့် ကမ္ဘာ့ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုကြောင့် ဒီနှစ် သက်ရောက်မှုက ပိုပြင်းထန်လာနိုင်ဖွယ် ရှိပါတယ်။

ထိုင်းနိုင်ငံမှာ စုစုပေါင်း မိုးရေချိန် မဖြစ်မနေ နည်းသွားမယ်လို့ ဆိုလိုတာမဟုတ်ဘဲ မိုးရွာသွန်းမှု ပုံစံတွေ ပြောင်းလဲသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

မိုးခေါင်တဲ့ကာလ ပိုရှည်ကြာလာလို့ မိုးရွာတဲ့ရက် ပိုနည်းသွားမှာဖြစ်ပြီး မိုးက သီးခြားဧရိယာတချို့မှာပဲ စုပြုံပြီး ရွာသွန်းပါလိမ့်မယ်။ ခြောက်သွေ့တဲ့ ရာသီမှာ မိုးသည်းထန်စွာရွာတာနဲ့ ရုတ်တရက် မိုးရေချိန် အများအပြားနဲ့ မကြာခဏ ရွာတာမျိုး ဖြစ်လာနိုင်ပါတယ်။

“မိုးရွာသွန်းမှုပုံစံ ပြောင်းလဲတာဟာ ကမ္ဘာ့အပူချိန် မြင့်တက်လာမှုရဲ့ အကျိုးဆက်ပါပဲ။ အပူပိုင်းနိုင်ငံဖြစ်တာမို့ ပူနွေးလာတာကို အလွန်အမင်း မခံစားရပေမဲ့ မိုးရွာသွန်းမှုပုံစံ အပြောင်းအလဲတွေကိုတော့ ပြင်းပြင်းထန်ထန် ရင်ဆိုင်ရပါလိမ့်မယ်။ သက်ရောက်မှုတွေကို လျှော့ချဖို့နဲ့ ရေလုံခြုံရေး ပိုမိုအားကောင်းလာစေဖို့ အစီအစဉ်တွေ လိုအပ်ပါတယ်” သူက လို့ ပြောပါတယ်။

မိုးအများစုက နယ်စပ်ဒေသတွေမှာပဲ ရွာနိုင်တာကြောင့် ရေလှောင်ကန်တွေမှာ ရေထိန်းသိမ်းနိုင်စွမ်း အကန့်အသတ် ရှိလာမှာကို သူက စိုးရိမ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် နယ်စပ်ခရိုင်တွေမှာ မိုးလုံလောက်စွာ ရရှိနိုင်ပေမဲ့ ပြည်တွင်းခရိုင်တွေမှာတော့ မိုးခေါင်ရေရှားမှုတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

Ref – Bangkokpost