ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေး ဒုဝန်အဖြေကြောင့် လူငယ်တွေကို ပေါ်တာဆွဲတာ ပိုဆိုးလာနေ

“မတော်မတရားလုပ်တာကိုမတားဆီးပဲ အားပေးအားမြှောက် လုပ်တဲ့လုပ်ရပ်ကြောင့်မို့လို့ လူငယ်တွေရဲ့ လုံခြုံမှု အနီရောင်အဆင့်​ ရောက်သွားတယ်။ စစ်မူထမ်းဖို့ ရောင်းစားတာ၊ ဖမ်းပြီးငွေညှစ် ပြန်ရွေးခိုင်းတာမျိုးတွေ ပိုအတင့်ရဲ လုပ်လာနိုင်တယ်။ လုပ်လာတာတွေလည်း တွေ့လာရပြီ ”

၂၈၊ဇူလိုင်

စစ်အစိုးရ ပြည်သူ့လွှတ်တော်မှာ ဇူလိုင် ၂၂ ရက်နေ့က လူငယ်တွေကို ပြည်သူ့စစ်မှုထမ်းဥပဒေ ၊နည်းဥပဒေတွေကို ကျော်လွန်ပြီး လမ်းမပေါ် ၊ မြို့ဝင်ဂိတ်တွေနဲ့ လူနေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းနေတဲ့ ကိစ္စနဲ့ ပါတ်သက်ပြီး မေးမြန်းတဲ့ မေးခွန်းကို ကာကွယ်ရေးဒုဝန်ကြီး ပြန်လည်ဖြေကြားမှုအပြီး နောက်ပိုင်းမှာ အခုလို ပေါ်တာဆွဲတဲ့ ဖြစ်ရပ်တွေ ပိုများလာနေပါတယ်။

“မတော်မတရားလုပ်တာကိုမတားဆီးပဲ အားပေးအားမြှောက် လုပ်တဲ့လုပ်ရပ်ကြောင့်မို့လို့ လူငယ်တွေရဲ့လုံခြုံမူအနီရောင်အဆင့်​ရောက်သွားတယ်။ စစ်မူထမ်းဖို့ရောင်းစားတာ၊ ဖမ်းပြီးငွေညှစ်ပြန်ရွေးခိုင်းတာမျိုးတွေပိုအတင့်ရဲလုပ်လာနိူင်တယ်။ လုပ်လာတာတွေလည်း တွေ့လာရပြီ ” လို့ ရန်ကုန်မြို့ပြ ​တော်လှန်​ရေးလူပ်ရှားမူမှာ ပါဝင်​နေသူတဦးက ပြောပါတယ်။

ခန္တီးအမတ် ဦးဂုဏ်ဝမ်းရဲ့ မေးခွန်းကို ပြည်သူ့လွှတ်တော်မှာ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက လာရောက်ဖြေကြားခဲ့တာပါ။သူက စစ်မှုမထမ်းရအောင် တိမ်းရှောင်နေသူတွေကို လမ်းခရီးကနေ စောင့်ကြည့် ခေါ်ဆောင်တာ ၊ နေအိမ်တွေအထိ ဝင်ရောက် ဆင့်ခေါ်တာဖြစ်ပြီး ပြည်သူတွေအမြင်မှာ အဓမ္မဖမ်းဆီးတဲ့သဘော ဖြစ်ရတာလို့ ပြန်လည် ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို လွှတ်တော်မှာ ဖြေတဲ့အဖြေက  အတင်းအဓမ္မပေါ်တာဆွဲဖမ်းဆီးနေသူတွေအတွက် အကြောင်းပြချက် ရသွားပြီး အရင်ထက် ပိုဖမ်းဆီးတာတွေ လုပ်ဖို့ လမ်းဖွင့်ပေးလိုက်တဲ့ သဘောအဖြစ် သက်ရောက်တယ်လို့ စစ်တပ်ရဲ့ လှုပ်ရှားအခြေအနေကို စောင့်ကြည့် သတင်းဖြန့်ဝေပေးနေတဲ့ ရန်ကုန်မြို့ပေါ် ကင်းထောက်အချို့က ဆိုပါတယ်။

“မတော်မတရားလုပ်တာကိုမတားဆီးပဲ အားပေးအားမြှောက် လုပ်တဲ့လုပ်ရပ်ကြောင့်မို့လို့ လူငယ်တွေရဲ့ လုံခြုံမှု အနီရောင်အဆင့်​ ရောက်သွားတယ်။ စစ်မူထမ်းဖို့ ရောင်းစားတာ၊ ဖမ်းပြီးငွေညှစ် ပြန်ရွေးခိုင်းတာမျိုးတွေ ပိုအတင့်ရဲ လုပ်လာနိုင်တယ်။ လုပ်လာတာတွေလည်း တွေ့လာရပြီ ” လို့ ရန်ကုန်မြို့ပြ ​တော်လှန်​ရေး လှုပ်ရှားမှုမှာ ပါဝင်​နေသူ တဦးက ပြောပါတယ်။

ဗိုလ်ချုပ်မင်းသူရဲ့ ပြောဆိုမှု အပြီးမှာ ရန်ကုန်အပါဝင် စစ်တပ်ထိန်းချုပ်မှု  အောက်ရောက်ရှိနေတဲ့ နေရာတိုင်းမှာ ပေါ်တာဆွဲ ဖမ်းဆီးတာတွေ အရင်ကထက် ပိုစိတ်လာပြီး ပြည်သူတွေကြားမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ လွှမ်းမိုးလာတယ်လို့ မြေပြင်အခြေအနေ အကဲခတ် စောင့်ကြည့်နေသူတွေက ပြောပါတယ်။

“အခုရက်ပိုင်းမှာဆို ပြည်သူတွေကြားမှာ ပေါ်တာဆွဲတဲ့ကိစ္စ အပြောများတယ်။ တယောက်နဲ့တယောက် သတိပေးတာမျိုးတွေ ရှိနေတာ။ ရန်ကုန်မြို့မှာ နည်းနည်းမှောင်တာနဲ့ လမ်းပေါ်လူ သိပ်မရှိတော့ဘူး။ ဆိုင်တွေ စောပိတ်လာကြတယ် ” လို့ ရန်ကုန်မြို့နေ ပြည်သူတဦးက ပြောပါတယ်။

ပြည်တွင်းမှာ စစ်မှုထမ်းကိစ္စနဲ့ ပတ်သက်ပြီး ဥပဒေမဲ့လုပ်ရပ်တွေ၊ ငွေကြေးမသမာ ရယူတာတွေ ရှိနေတယ်ဆိုပြီး အနားယူသွားတဲ့ ဒုတပ်ချုပ်စိုးဝင်းက အခုနှစ်ဆန်းမှာ ဝန်ခံပြောဆိုခဲ့တာ ရှိပါတယ်။

လက်ရှိမှာ အရပ်ဝတ်လူတစုက အိမ်စီးကားသုံးပြီး လူငယ်တွေကို အဓမ္မဖမ်းဆီးခေါ်ဆောင်တာ မိသားစုဆီက ငွေညှစ်တာ၊ စစ်မှုထမ်းဖို့ ရောင်းစားတာတွေ ရှိနေပြီး  စစ်တပ်ကိုယ်တိုင်က အရေးတယူ ဖြေရှင်းတာ မရှိလို့ ပိုအတင့်ရဲ လုပ်လာတယ်လို့ မြေပြင်ကင်းထောက် တာဝန်ယူထားသူတွေက ပြောပါတယ်။