
လက်ရှိပေါက်ဈေးအရ ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ရေနံစိမ်းစည်ပေါင်း ၂ သန်းနီးပါး တင်ဆောင်နိုင်တဲ့ အဆိုပါ သင်္ဘော တိုက်ခိုက်ခံရကြောင်း ကူဝိတ်အစိုးရသတင်းဌာနက ထုတ်ပြန်လိုက်ပြီးနောက်မှာ ရေနံစိမ်းဈေးနှုန်းတွေဟာ ချက်ချင်းဆိုသလို ပြန်တက်သွားခဲ့ပါတယ်။
၃၁၊ မတ်။
အီရန်ဟာ ဒူဘိုင်းကမ်းလွန်မှာရှိတဲ့ ရေနံစိမ်းတွေ အပြည့်တင်ဆောင်ထားတဲ့သင်္ဘောကြီးတစင်းကို တနင်္လာနေ့မှာ တိုက်ခိုက်ခဲ့ပါတယ်။
တဘက်မှာလည်း သမ္မတ ဒေါ်နယ်ထရမ့်က တကယ်လို့ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပြန်မဖွင့်ပေးဘူးဆိုရင် အမေရိကန်အနေနဲ့ အီရန်ရဲ့ စွမ်းအင်စက်ရုံတွေနဲ့ ရေနံတွင်းတွေကို အမြစ်ပြတ်ချေမှုန်းပစ်မယ်လို့သတိပေးလိုက်ပါတယ်။
ကူဝိတ်အလံလွှင့်ထူထားတဲ့ Al-Salmi သင်္ဘောကို တိုက်ခိုက်ခဲ့တာကာ။
ဒါဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၈ ရက်နေ့က အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို စတင်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပင်လယ်ကွေ့နဲ့ ဟော်မုဇ် ရေလက်ကြားထဲမှာဒုံးကျည်တွေ၊ ဒရုန်းတွေသုံးပြီး ကုန်သွယ်ရေးသင်္ဘောတွေကို ဆက်တိုက်တိုက်ခိုက်နေတဲ့ ဖြစ်စဉ်တွေထဲက နောက်ဆုံးအခြေအနေတခုလည်း ဖြစ်ပါတယ်။
တလကြာမြင့်လာပြီ ဖြစ်တဲ့ ပဋိပက္ခဟာ အရှေ့အလယ်ပိုင်းဒေသ တခုလုံးကိုပြန့်နှံ့သွားခဲ့ပြီး လူပေါင်းထောင်နဲ့ချီ သေဆုံးခဲ့ရသလို စွမ်းအင်ထောက်ပံ့မှုတွေကိုလည်း အနှောင့်အယှက်ဖြစ်စေခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့စီးပွားရေးကိုပါ ထိုးဆင်းသွားစေမယ့် အန္တရာယ်နဲ့ ကြုံတွေ့နေရပါတယ်။
လက်ရှိပေါက်ဈေးအရ ဒေါ်လာ သန်း ၂၀၀ ကျော်တန်ဖိုးရှိတဲ့ ရေနံစိမ်းစည်ပေါင်း ၂ သန်းနီးပါး တင်ဆောင်နိုင်တဲ့ အဆိုပါ သင်္ဘော တိုက်ခိုက်ခံရကြောင်း ကူဝိတ်အစိုးရသတင်းဌာနက ထုတ်ပြန်လိုက်ပြီးနောက်မှာ ရေနံစိမ်းဈေးနှုန်းတွေဟာ ချက်ချင်းဆိုသလို ပြန်တက်သွားခဲ့ပါတယ်။
သင်္ဘောပိုင်ရှင်ဖြစ်တဲ့ ကူဝိတ်ရေနံကုမ္ပဏီကတော့ ပျက်စီးဆုံးရှုံးမှုတွေကိုစတင်စစ်ဆေးနေပြီဖြစ်ပြီး ရေနံတွေ ယိုစိမ့်နိုင်ခြေရှိတယ်လို့ သတိပေးထားပါတယ်။
ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လောင်ကျွမ်းခဲ့တဲ့ သင်္ဘောပေါ်က မီးကိုတော့ထိန်းချုပ်နိုင်ခဲ့ပြီလို့ ဒူဘိုင်းအာဏာပိုင်တွေက နောက်ပိုင်းမှာ ပြောပါတယ်။အဆိုပါဖြစ်စဉ်မှာ လူထိခိုက်ဒဏ်ရာရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ရေနံနဲ့ လောင်စာဆီဈေးနှုန်းတွေ တက်လာတာဟာ အမေရိကန်ပြည်သူတွေရဲ့ အိမ်ထောင်စုဝင်ငွေအပေါ် သက်ရောက်မှုတွေ ရှိလာနေပါတယ်။
ဒါဟာ လာမယ့် နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် စွမ်းအင်ဈေးနှုန်း လျှော့ချပေးမယ်လို့ ကတိပေးထားတဲ့ ထရမ့်နဲ့ ရီပတ်ဘလီကန်ပါတီအတွက် နိုင်ငံရေးအရ ခေါင်းခဲစရာ ဖြစ်လာပါတယ်။
စက်သုံးဆီဈေးနှုန်း နှိုင်းယှဉ်တဲ့ နည်းပညာကုမ္ပဏီ GasBuddy ရဲ့အချက်အလက်တွေအရ တနင်္လာနေ့မှာ အမေရိကန်ရဲ့ ဓာတ်ဆီဈေးဟာ သုံးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တဂါလန်ကို လေးဒေါ်လာကျော်သွားခဲ့ပါတယ်။
ကမ္ဘာ့ရေနံရရှိမှု နည်းပါးလာတာကြောင့် အမေရိကန်ရေနံစိမ်းဈေးဟာ တစည်ကို ၁၀၁ ဒေါ်လာအထက် ရောက်သွားခဲ့တာပါ။ နှစ်ဘက်စလုံးကတိုက်ခိုက်မှုတွေဟာ လျော့ပါးသွားမယ့် လက္ခဏာ မရှိသေးတာကြောင့် စစ်ပွဲပိုပြီး ကျယ်ပြန့်လာမှာကို စိုးရိမ်နေကြပါတယ်။
Ref – Reuters