
ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး ငွေကြေးသုံးစွဲမှု တိုးမြှင့်ပြီး စီးပွားရေး ပြန်ဦးမော့အောင် လုပ်မယ့်သူ့ရဲ့ မူဝါဒအတွက် လူထုထောက်ခံချက် ရဖို့ ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
၂၊ ဖေဖော်ဝါရီ။
လာမယ့်အပတ်မှာ ကျင်းပမယ့် အောက်လွှတ်တော်ရွေးကောက်ပွဲမှာ ဂျပန်ဝန်ကြီးချုပ် တာကာအီချီရဲ့ ပါတီဟာ တောင်ပြိုကမ်းပြိုအနိုင်ရဖို့ ရှိနေတယ်လို့ Asahi သတင်းစာက ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂနွေနေ့မှာ ထုတ်ပြန်တဲ့ စစ်တမ်းတခုအရ သိရပါတယ်။
တနင်္ဂနွေနေ့ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းတာနဲ့အမျှ တာကာအီချီရဲ့ ပါတီအပေါ် ချုပ်ကိုင်နိုင်စွမ်းက ပိုခိုင်မာလာမှာဖြစ်ပြီးငွေကြေးသုံးစွဲမှု တိုးမြှင့်ရေးမူဝါဒကို ဆက်လုပ်ဖို့ အခွင့်အာဏာ ရလာမှာပါ။
ဒါပေမဲ့ ဒါဟာ ဂျပန်ရဲ့ ဘဏ္ဍာရေးအခြေအနေအပေါ် စိုးရိမ်မှုတွေ တိုးလာစေနိုင်သလို အစိုးရငွေတိုက်စာချုပ် အကျိုးအမြတ်နှုန်းထားတွေကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။
Asahiရဲ့ စစ်တမ်းအရ တာကာအီချီရဲ့ အယ်လ်ဒီပီ (LDP) ပါတီဟာ အောက်လွှတ်တော် အမတ်နေရာ ၄၆၅ နေရာထဲမှာအနိုင်ရဖို့ လိုအပ်တဲ့ အများစုဖြစ်တဲ့ ၂၃၃ နေရာထက် အများကြီး ပိုရနိုင်ခြေ ရှိပါတယ်။ ဒါဟာ အခုလက်ရှိ သူတို့ရထားတဲ့ ၁၉၈နေရာထက် အများကြီး တိုးလာမှာ ဖြစ်ပါတယ်။
အယ်လ်ဒီပီရဲ့ မဟာမိတ်ပါတီဖြစ်တဲ့ ဂျပန်ပြုပြင်ပြောင်းလဲရေးပါတီ ဒါမှမဟုတ် အီရှင်ပါတီနဲ့ ပေါင်းလိုက်ရင် အာဏာရမဟာမိတ်အဖွဲ့ဟာ အမတ်နေရာ ၃၀၀ အထိ ရောက်သွားနိုင်တယ်လို့ စစ်တမ်းက ဖော်ပြပါတယ်။
“အယ်လ်ဒီပီက အပြတ်အသတ်နိုင်ရင် တာကာအီချီရဲ့ အာဏာက ပိုခိုင်မာလာမှာပါ။ စားသုံးခွန် လျှော့ချတာ အပါအဝင် သူ့ရဲ့အဓိက မူဝါဒဖြစ်တဲ့ ငွေကြေးသုံးစွဲမှု တိုးမြှင့်ရေးလမ်းစဉ်ကို ဆက်လုပ်ဖို့ အခွင့်အလမ်း ပိုများလာတာကြောင့် ဒါဟာ ဈေးကွက်အတွက်တော့ အံ့သြစရာ မဟုတ်ပါဘူး” လို့ Mitsubishi UFJ Morgan Stanley Securities က ဝါရင့်မဟာဗျူဟာမှူး ကေအိစူကေးဆူရုတာက ပြောပါတယ်။
အကြီးဆုံး အတိုက်အခံပါတီဖြစ်တဲ့ Centrist Reform Alliance ကတော့ အခြေအနေ မဟန်ဘဲ သူတို့ရထားတဲ့ ၁၆၇ နေရာရဲ့ တဝက်လောက်အထိ ဆုံးရှုံးသွားနိုင်တယ်လို့ Asahi သတင်းစာက ဆိုပါတယ်။
တာကာအီချီရဲ့ အာဏာရမဟာမိတ်အဖွဲ့ဟာ အခုလက်ရှိ အောက်လွှတ်တော်မှာ အမတ်နေရာ အနည်းငယ်အသာနဲ့ အများစု ရထားပေမဲ့ အထက်လွှတ်တော်မှာတော့ အနည်းစုပဲ ရှိပါသေးတယ်။
ဝန်ကြီးချုပ်ဟာ ပြီးခဲ့တဲ့လက လွှတ်တော်ကို ဖျက်သိမ်းခဲ့ပြီး ငွေကြေးသုံးစွဲမှု တိုးမြှင့်ပြီး စီးပွားရေး ပြန်ဦးမော့အောင် လုပ်မယ့်သူ့ရဲ့ မူဝါဒအတွက် လူထုထောက်ခံချက် ရဖို့ ဖေဖော်ဝါရီ ၈ ရက်မှာ ရွေးကောက်ပွဲ ကျင်းပဖို့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
တာကာအီချီက အစားအသောက် ရောင်းချမှုအပေါ် ကောက်ခံတဲ့ ရှစ်ရာခိုင်နှုန်း အခွန်ကို နှစ်နှစ်ကြာ ရပ်ဆိုင်းထားမယ်လို့ ကတိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့လက ဂျပန်ဈေးကွက်ဟာ အကြီးအကျယ် ကျဆင်းခဲ့ပါတယ်။
ဒါဟာ စီးပွားရေးပမာဏထက် နှစ်ဆကျော် ပိုများနေတဲ့ နိုင်ငံတော်အကြွေး ရှိနေတဲ့ ဂျပန်အတွက် ဘဏ္ဍာရေးစည်းကမ်းနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ စိုးရိမ်မှုကို ပြန်နိုးကြားစေခဲ့တာပါ။
တခြားပါတီ တော်တော်များများကလည်း ကုန်ဈေးနှုန်း ကြီးမြင့်တာကြောင့် မိသားစုတွေ ခံစားနေရတာကို သက်သာအောင် စားသုံးခွန်ကို ရပ်ဆိုင်းဖို့ ဒါမှမဟုတ် လျှော့
ချဖို့ တောင်းဆိုနေကြပါတယ်။
Ref – Reuters