အိမ်သာနံရံပေါ် ပေနေတဲ့ ရွှံ့တွေကိုကျောင်းသားတွေ လျှာနဲ့ယက်ခိုင်းတဲ့ ဆရာမ အတိုင်ခံရ

“ကျောင်းသားမိဘတယောက်က သိတော့၊ ကျောင်းကို ရုန်းရင်းဆန်ခပ်သွားပြောတယ်၊ ဒါက ကျန်းမာရေးနဲ့ လည်း မညီဘူးပေ့ါ၊ ကြားလည်းမကြားဖူးဘူးဆိုပြီး သွားပြောတော့ ၊ သူက တိုင်ချင်ရာတိုင်လို့ ပြောတယ်တဲ့

၃၁၊ ဇန်နဝါရီ။

ဟင်္သာတမြို့နယ် အင်္ဂရမ်းအုပ်စု၊ အလက လက်ပံစုအ  ကျောင်းမှာ အလယ်တန်းပြဆရာမ ဖြစ်သူက ကျောင်းအိမ်သာနံရံမှာ ပေကျံနေတဲ့ ရွှံ့စေးတွေကို ကျောင်းမှာရှိတဲ့ ကျောင်းသားအားလုံးကို လျှာနဲ့ ယက်ခိုင်းခဲ့တဲ့ အတွက်  ကျောင်းသားမိဘတွေနဲ့ ကျောင်းကော်မတီဝင်တွေက သက်ဆိုင်ရာ ကျောင်းအုပ်ဆရာမကြီးကို တိုင်ကြားထားပါတယ်။

စာသင်ကျောင်းရဲ့ ကျောင်းသားအိမ်သာနံရံမှာ ပေကျံနေတဲ့ရွှံ့စေးတွေကို အလယ်တန်းပြ ဆရာမဖြစ်တဲ့ ဒေါ်မြမြသွယ်က တွေ့သွားပြီး ဘယ်သူ လုပ်ထားတာလဲမေးကာ အဖြေမရတဲ့အတွက် ကျောင်းသားအားလုံး (သုံးဆယ်ဝန်းကျင်)ကို ခေါ်ပြီး၊ လျှာနဲ့ ယက်ခိုင်း ခဲ့တာလို့ သိရပါတယ်။

“ကျောင်းမှာ ယောကျာ်းလေးတက်တဲ့ အိမ်သာပေါ့၊ အိမ်သာထဲမှာ အတွင်းနံရံထဲမှာ ဖိနပ်ခြေရာ ရွှံ့တွေပေတယ်ပေ့ါ၊ အဲဒါကို ဆရာမကတွေ့တော့ ကျောင်းသားတွေကို မေးတယ်တဲ့၊ မဖြေတော့ အလယ်တန်းအဆင့် ကျောင်းသားတွေအကုန်လုံးကို လျှာနဲ့ ယက်ခိုင်းတယ်တဲ့၊ တချို့ကျောင်းသားတွေက ရှက်ပြီး မယက်တော့ နောက် ကနေ တုတ်နဲ့ထိုးပြီး ရိုက်မယ်ပြောတယ်တဲ့၊ အကုန်ယက်ရတယ်” လို့ အလကလက်ပံစုနောက်ကျောင်းမှာ တက်နေတဲ့ ကျောင်းသားတဦးရဲ့ မိခင်က DNA ကို ပြောပါတယ်။

အဲဒီလို အိမ်သာနံရံမှာ ကပ်နေတဲ့ ရွှံ့စေးတွေကို ယက်ခိုင်းတဲ့အကြောင်း အိမ်ပြန်ရောက်ရင် မိဘတွေကို ပြန်မ ပြောကြဖို့၊ ပြန်ပြောခဲ့ရင် ကျောင်းရောက်လာတဲ့အခါ ရိုက်နှက်မယ်လို့လည်း အဲဒီဆရာမက ခြိမ်းခြောက်ခဲ့တယ် လို့ ဆိုပါ တယ်။

“အစက ဘယ်သူ့မှ မသိဘူး။ ကျောင်းက ပြန်ရောက်လာတော့ ကလေးက မျက်နှာလုံး၀မကောင်းဘူး။ ကလေး မျက်နှာကိုကြည့်တော့ ဒီကလေးမှာ စိတ်ခံစားချက်တခုခုဖြစ်နေတယ်ဆိုတာကို ရိပ်မိလို့ မေးတယ်၊ မေးတဲ့အခါ ကျတော့ အဲဒီကလေးက ပြန်ပြောပြလို့ သိရတာ” လို့ နောက်ထပ်ကျောင်းသားမိဘတဦးက ပြောပါတယ်။

အဲဒီဖြစ်စဉ်ကို ကျောင်းသားမိဘတွေသိသွားတဲ့အခါ ဆရာမထံ သွားပြောရာ တိုင်ချင်ရာတိုင်ကြဆိုပြီး တုန့်ပြန် ပြော ဆိုခဲ့တယ်လို့လည်း နောက်ထပ်ကျောင်းသားမိဘတဦးလည်းဖြစ်၊ ကျောင်းကော်မတီဝင်တဦးလည်းဖြစ်တဲ့ အမည် မဖော်လိုသူတဦးက ပြောပါတယ်။

“ကျောင်းသားမိဘတယောက်က သိတော့၊ ကျောင်းကို ရုန်းရင်းဆန်ခပ်သွားပြောတယ်၊ ဒါက ကျန်းမာရေးနဲ့ လည်း မညီဘူးပေ့ါ၊ ကြားလည်းမကြားဖူးဘူးဆိုပြီး သွားပြောတော့ ၊ သူက တိုင်ချင်ရာတိုင်လို့ ပြောတယ်တဲ့” လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ ကျောင်းသားမိဘတွေတိုင်ပင်ပြီး ကျောင်းအုပ်ဆရာမထံ ဖုန်းဆက်တိုင်ကြားထားကာ ကျောင်း အုပ်ဆရာမက တနင်္လာနေ့ကျရင် ညှိနှိုင်းပေးမယ်လို့ ပြောထားကြောင်း သိရပါတယ်။ ဒါပေမယ့် ညှိနှိုင်းမှုအဆင် မပြေရင်တော့ အထက်ပညာရေးရုံးတွေဆီ တိုင်ကြားသွားမယ်လို့ ကျောင်းသားမိဘတွေက ပြောကြပါတယ်။

“တနင်္လာနေ့ကိုတော့ ဆရာမကြီးရဲ့ အာဘော်ကို ကြည့်ရမယ်၊ အဆင်မပြေဘူးဆိုရင် တိုင်မယ်။ မပြေဖို့က များ တယ်။ မိဘတွေကလည်း ဒီဆရာမနဲ့ဆိုရင် ကျောင်းမထားဘူး၊ ဘာဘူးတွေ ဖြစ်ကုန်ကြတယ်။ ကလေးတွေ လည်း စာမေးပွဲကတအားနီးနေပြီ။ သူ့ကိုတော့ တို့က ဒီမှာ မမြင်ချင်ဘူးပေါ့ တည့်တည့်ပြောရရင်တော့ မိဘ တွေအနေနဲ့ ကတော့။ ဆရာမနဲ့ ညှိလို့အဆင်ပြေရင် မပြေဖို့က များပါတယ်။ တိုင်မယ်ချည်းပြောနေကြတာ မိဘ တွေကတော့။ ဆရာမကြီးက ခဏနေပါအုံးဆိုတော့ ခဏတော့ စောင့်နေကြတယ်ပေါ့” လို့ အထက်ပါကျောင်း ကော်မတီဝင်က ပြောပါတယ်။

အဲဒီဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိခိုင်ကို  DNA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဖြစ်စဉ်ကို သူကိုယ်တိုင် သေသေချာချာ မသိသေးဘူးလို့ ပြောပါတယ်။”အဲဒါက ကျွန်မ သေချာမသိရသေးလို့ပါ။ ကျွန်မကိုယ်တိုင်က သေချာမသိရသေးဘူးပေါ့နော်။ တနင်္လာနေ့ကျမှပဲ အကုန်စစ်ဆေးကြည့်ရမှာ မို့လို့ပါ”လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။

ကျောင်းသားတွေကို အိမ်သာနံရံယက်ခိုင်းခဲ့တဲ့ ဆရာမ ဒေါ်မြမြသွယ်ကို DNA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပြီး လတ်တလောမှာ တာဝန်ကျ လက်ပံစု အနောက်ရွာမှာ မရှိဘူးလို့ သိရပါတယ်။

ကျောင်းသားတွေကို အဲဒီလိုလုပ်တာဟာ ဆရာမတယောက်အနေနဲ့ လုံး၀မလုပ်သင့်တဲ့ လုပ်ရပ်တခုဖြစ်ပြီး လူ့အ ခွင့်အရေးနဲ့ ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာလည်း ရောက်ပြီး မိဘတွေအနေနဲ့ မြို့နယ်ရုံးထိ သွား ရောက်တိုင်ကြားသင့်တယ်လို့ ရခိုင်ပြည်နယ်မှ ဆရာမတဦးက ပြောပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်ရာရောက်သလို ကလေးတွေကို ဆရာဆရာမတွေအနေနဲ့ တုတ်နဲ့ရိုက်ပိုင်ခွင့်လည်း မရှိ ဘူးလေ။ အတော်ကို အကျည်းတန်တဲ့ လုပ်ရပ်လို့မြင်မိတယ်။ ဒီလို ဆရာဆရာမတွေရှိနေတာကြောင့် မိဘတွေ လူထုတွေအမြင်မှာလည်း ဆရာဆရာမတွေအပေါ်မှာ ယုံကြည်လေးစားမှု မရှိဘဲ အထင်သေး၊ အပြစ် တင်တာမျိုးတွေ လည်း ခုနောက်ပိုင်းပိုခံလာကြရတာ” လို့ သူမက ဆိုပါတယ်။

အလကလက်ပံစုနောက်ကျောင်းမှာ ကျောင်းသူ၊ ကျောင်းသားဦးရေ စုစုပေါင်း ခြောက်ဆယ်ရှိတယ်လို့ သိရပါပြီး ဆရာမဒေါ်မြမြသွယ်က ကျောင်းသား ၃၀ ကျော်ကို အိမ်သာနံရံပေါ်က ရွှံ့တွေကို လျှာနဲ့ယက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။