လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တွေမှာ စစ်တပ်က လုံခြုံရေး တင်းကြပ်ထား

လက်ရှိမှာ ငဝန်မြစ်အနောက်ဘက်ခြမ်း ပုသိမ် – မုံရွာလမ်းမကြီးအနီးဝန်းကျင် လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အ စပ် နေရာတွေမှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအချို့ရှိနေပြီး ဒီနေ့ လည်း တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ စစ်ရေးနီးစပ်သူတဦးက ပြောပါတယ်။

၂၄၊ ဇန်နဝါရီ။

ရွေးကောက်ပွဲကျင်းပဖို့ တရက်သာလိုတော့ချိန် တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတဲ့ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်မြို့ နယ်တို့အတွင်း စစ်ကော်မရှင်က ရဲ၊ ပြည်သူ့စစ်၊ စစ်တပ်တို့ပါဝင်တဲ့ အင်အားအများအပြားနဲ့ လုံခြုံရေး ချထား တာ တွေ့ရပါတယ်။

“လမ်းတိုင်းမှာရှိတယ်။ အသွားအလာစစ်တယ်။ မဲရုံတွေမှာလည်း တဆယ်လောက်ရှိမယ်။ စစ်တပ်က လက်နက် အပြည့်အစုံတွေနဲ့ ချထားတာပါ။ ကင်းပုန်းဝပ်နေကြတာလည်း တွေ့တယ်။ တော်တော်ကြောက်နေကြပုံပဲ ကြည့်ရတာ” လို့ လေးမျက်နှာမြို့မှ ဒေသခံတဦးက ပြောပါတယ်။

လေးမျက်နှာ၊ အိုင်သပြု ၊ အင်္ဂပူ၊ ထူးကြီး၊ ငသိုင်းချောင်း စတဲ့မြို့တွေရဲ့ လမ်းဆုံ၊ လမ်းခွတွေ၊ မဲရုံပတ်ဝန်းကျင် နေရာတွေနဲ့ နယ်ကျေးရွာတွေမှာပါ အဲဒီလို လုံခြုံရေးတွေ ချထားတာလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနောက်ဆုံးအသုတ်ကို မနက်ဖြန် ဇန်နဝါရီ ၂၅ ရက်နေ့ ကျင်းပမှာဖြစ်ပြီး ဧရာ၀တီတိုင်းအတွင်းက လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည် စတဲ့ မြို့နယ်တွေနဲ့ တိုက်ပွဲဖြစ်ပွားနေခြင်း မရှိတဲ့ ငပုတော၊ ဇလွန်၊ မော်လမြိုင်ကျွန်း၊ ညောင်တုန်း၊ ဓနုဖြူ၊ ဒေးဒရဲမြို့နယ်တို့ ပါဝင်ပါတယ်။

“ရွာတွေမှာလည်း စစ်တပ်နဲ့ ပြည်သူ့စစ်တွေ ရှိတယ်ပြောတယ်။ မနက်ကမှ မြို့ပေါ်က ပြန်လာတဲ့ တယောက် ပြောတာ” လို့ အင်္ဂပူမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့ဟာ မဲရုံစောင့်တာဝန်ကျ တဲ့ ဆရာ၊ ဆရာမတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ခေါ်ယူတွေ့ဆုံပြီး လုံခြုံရေးဂရုစိုက်ကြဖို့၊ ကိုယ့်အပိုင်မဲရုံအ လိုက် ပြည်သူတွေကို မဖြစ်မနေမဲပေးခိုင်းကြဖို့ ညွှန်ကြားထားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အကုန်မဲပေးဖို့လိုတယ်၊ မဲလာပေးအောင် လိုက်ပြောကြဖို့၊ မလာရင် သွားခေါ်ကြဖို့ ခိုင်းထားတယ်၊ အုပ်ချုပ် ရေးမှူးက လမ်းမှာတွေ့တဲ့ သူတွေကို အဲဒီလိုလိုက်ပြောနေတယ်” လို့ လေးမျက်နှာမြို့နယ်မှ နောက်ထပ်ဒေသခံတ ဦးက ပြောပါတယ်။

လက်ရှိမှာ ငဝန်မြစ်အနောက်ဘက်ခြမ်း ပုသိမ် – မုံရွာလမ်းမကြီးအနီးဝန်းကျင် လေးမျက်နှာနဲ့ အင်္ဂပူမြို့နယ်အ စပ် နေရာတွေမှာ စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်(AA)ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲအချို့ရှိနေပြီး ဒီနေ့ လည်း တိုက်ပွဲဖြစ်ပွားမှုရှိတယ်လို့ စစ်ရေးနီးစပ်သူတဦးက ပြောပါတယ်။

ဒါ့အပြင် မနက်ဖြန် ရွေးကောက်ပွဲကျင်းပမယ့်ထဲ ပါဝင်တဲ့ ရေကြည်မြို့နယ် မြောက်စမ်းရွာ အမြောက်တပ် အမ တ ၃၄၄ ကနေလည်း လေးမျက်နှာမြို့နယ်အနောက်ဘက်ခြမ်းလူနေကျေးရွာတွေဆီ လက်နက်ကြီးတွေနဲ့ မကြာ ခဏ ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင်ဟာ လေးမျက်နှာမြို့နယ်အတွင်းက နယ်မြေတွေကို လက်လွှတ်ထားရတာကြောင့် ကျေးရွာ ထက် ဝက်နီးပါးမှာ ရွေးကောက်ပွဲမကျင်းပနိုင်တော့ဘူးလို့ ကြေငြာထားကာ အဲဒီနယ်မြေတွေကို ပြန်လည်ရရှိဖို့ တန် ပြန်ထိုးစစ်လုပ်နေတာကြောင့် ဒေသတွင်း တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။

လေးမျက်နှာမြို့နယ်မှ ပြည်သူ့ပါတီဝင်တဦးက“အခုထိတော့ ပုံမှန်ပါပဲ၊ လုံခြုံရေးတွေလည်း ချထားတယ်။ မနက် ဖြန်ပဲ စောင့်ကြည့်ရမှာ”လို့ ပြောပါတယ်။

ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ တော် လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင်ကလုပ်မယ့် ရွေးကောက်ပွဲဟာ အတုအယောင်ရွေး ကောက်ပွဲဖြစ်တာမို့ ဆန့်ကျင်ကြဖို့ တိုက်တွန်းခဲ့ပြီး ရွေးကောက်ပွဲရလဒ်အပေါ်လည်း လက်မခံကြောင်း ထုတ် ဖော်ပြောဆိုထားကြပါတယ်။

စစ်ကော်မရှင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအသုတ်နဲ့ ဒုတိယအသုတ်တို့မှာ နေရာအားလုံးနီးပါးကို စစ်တပ် ကျောထောက်နောက်ခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ ဖွံ့ဖြိုးရေးပါတီကပဲ အနိုင်ရထားတာ တွေ့ရပါတယ်။

နိုင်ငံရေးလေ့လာသူတွေကလည်း လာမယ့် လွှတ်တော်နဲ့ အစိုးရအဖွဲ့ဟာ စစ်တပ်နဲ့ စစ်တပ်ပါတီ ကြံ့ခိုင်ရေးပါ တီတို့ ကြီးစိုးပြီး စစ်တပ်အလိုကျ အဆိုတွေ တင်သွင်း၊ အတည်ပြုလာမယ့် လွှတ်တော်သာဖြစ်လာမယ်လို့ သုံး သပ်ထားကြပါတယ်။