ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု 

 

ဂျာမေကာမုန်တိုင်း ဗဟိုချက်ကိုပြသတဲ့ ဗီဒီယိုက AI နဲ့ ဖန်တီးထားတဲ့ ဗီဒီယိုအတု 

 

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၊ ၃၀ရက်။

(Fact-check _DNA/ ဟုတ်တယ် Vs မဟုတ်ဘူး/ The Red Flag) 

 

အနှစ်ချုပ် 

ဂျာမေကာမုန်တိုင်း ဗဟိုချက်ဆိုတဲ့ လေယာဥ်ကတဆင့် ရိုက်ကူးထားပြီး ဂျာမေကာက မုန်တိုင်း ဗဟိုချက် (eye) ကို ဖော်ပြထားတဲ့ ဗီဒီယိုဖိုင်သည် Aiနဲ့ဖန်တီးထားတဲ့ ဗီဒီယိုအတု ဖြစ်ကြောင်းကို MFCN အဖွဲ့ဝင် DNA နှင့် ဟုတ်တယ် Vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးထားပါတယ်။

 

အဲ့ဒီရုပ်သံကို လူမှုမီဒီယာ Facebook စာမျက်နှာတခုဖြစ်တဲ့ Thet Htwe Naing – Freelance Journalist စာမျက်နှာမှာ “လေယာဥ်ပေါ်က တွေ့ရတဲ့ ဂျမေကာ ဟာရီကိန်း ဗဟိုချက်” ဆိုတဲ့ ဗီဒီယိုဖိုင်တခုကို အောက်တိုဘာ ၂၉ ရက်နေ့မှာ ဖြန့် ဝေထားပါတယ်။ ဗီဒီယိုထဲမှာတော့ မုန်တိုင်းဗဟိုချက်ကို လေယာဉ်ပြတင်းပေါက်က ရိုက်ကူးထားတဲ့ မြင်ကွင်းပါဝင်ပြီး ကြာမြင့်ချိန်က ၈ စက္ကန့်ရှိပါတယ်။

Web Archive Link >>> https://archive.is/D8MlF 

 

ပျံ့နှံ့လာတဲ့အဲ့ဒီရုပ်သံကို MFCN အဖွဲ့ဝင်တွေဖြစ်တဲ့ DNA FactCheck အဖွဲ့နဲ့  Real or Not FactCheck အဖွဲ့တို့ကနေစစ်ဆေးကြည့်တဲ့အခါမှာ Ai အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုတခုဖြစ်တာကိုတွေ့ရှိရပြီး ဂျာမေကာမုန်တိုင်းဗဟိုချက်လို့ဖော်ပြထားတဲ့အကြောင်းရာမှာ မှားယွင်းနေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။

 

သတင်းစိစစ်ချက်

 

ဂျာမေကာနိုင်ငံရဲ့ မုန်တိုင်းဗဟိုချက်ဆိုတာနှင့် ပတ်သက်ပြီး Reverse Image Search နဲ့ အချက်လက်စစ်ဆေးကြည့်တဲ့အခါမှာ အဲ့ဒီဗွီဒီယိုကို လွန်ခဲ့တဲ့ အောက်တိုဘာလ၊၂၆ရက်က earthimpacts ဆိုတဲ့ Tiktok အကောင့်တခုကနေစတင်ဖြန့်ဝေထားပြီး အဲ့ဒီဗွီဒီယိုကို Tiktok ကွန်ရက်ကနေ Aiနဲ့ဖန်တီးထားတဲ့ ဗီဒီယိုဖြစ်ကြောင်း  သတိပေးချက် “AI Generated” ဆိုတဲ့စာတန်းထည့်သွင်းပေးထားတာကိုတွေ့ရပါတယ်။

“AI-generated ” စာတန်းပါရှိသော မူလဖြန့်ဝေထားတဲ့ Tik Tok Video Link>>> https://bit.ly/4hDIttY 

 

Ai နဲ့ဖန်တီးထားတာ ဟုတ်မဟုတ် Image Whisperer website မှာ ထည့်သွင်းစစ်ဆေးကြည့်တဲ့အခါမှာ “ AI-Generated ●●●●● Very High Confidence” လို့ဖော်ပြထားတာတွေ့ရပြီး Ai နဲ့ဖန်တီးပြုလုပ်ထားတဲ့ ဗွီဒီယိုတခုဖြစ်တာကိုတွေ့ရပါတယ်။

 

Image Whisperer website မှာ စစ်ဆေးထားတဲ့ ရလာဒ် https://drive.google.com/file/d/1sEKqL91KaO-MU-BRIRH6j-l_uQozzeAL/view?usp=sharing 

 

ဒါ့အပြင် AFP Fact Check အဖွဲ့ကနေလည်း ဒီပျံ့နှံ့နေတဲ့ ဂျာမေကာနိုင်ငံက မလီဆာမုန်တိုင်းရဲ့ ဗဟိုချက်ပုံဆိုတဲ့ရုပ်သံဗွီဒီယိုက Aiနဲ့ဖန်တီးထားတဲ့ရုပ်သံဖြစ်ကြောင်း အချက်လက်စစ်ဆေးထားပါသေးတယ်။

AFP Fact Check – https://shorturl.at/TtxtJ 

 

သတင်းအတည်ပြုချက်

 

ပုံမှန်ခရီးသည်တင် လေယာဉ်တွေဟာ  မုန်တိုင်းဗဟိုချက်အပေါ်ဖြတ်သန်းပျံသန်း တာမျိုးလုပ်လေ့မရှိပါဘူး။

 မုန်တိုင်းရှိခဲ့ရင်တောင်မှ ဘေးလွတ်တဲ့ နေရာကနေ ကွေ့ပတ်ပျံသန်းလေ့ရှိကြပါတယ်။  ဗီဒီယိုထဲမှာ မြင်ရတဲ့ အတိုင်း မုန်တိုင်းဗဟိုချက်နားကနေ  လေယာဉ်ဖြတ်ပျံသန်းခြင်းဟာ ယုတ္တိဗေဒ မကျသည့်ဖြစ်ရပ်ဖြစ်ပါတယ်။ 

 

ဒါကြောင့်လေယာဉ်ပေါ်ကတွေ့ရတဲ့ ဂျမေကာဟာရီကိန်းမုန်တိုင်းဗဟိုချက် ဆိုတဲ့ဗီဒီယိုဟာ  AI နဲ့ ဖန်တီးထားတာဖြစ်ကြောင်းကိုအတည်ပြုနိုင်ခဲ့ပါတယ်။

 

ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်းအရာ တခုခုကို ပုံဖျက်ဖို့၊ ဝါဒဖြန့်ဖို့၊ ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ပြီး သတင်းအတု၊ သတင်းအမှားတွေကို ရည်ရွယ် ချက်ရှိရှိ ဖြန့်ဝေနေကြတာကြောင့် အလွယ်တကူ မယုံကြည်ဖို့၊ ပြန်ပြီး မမျှဝေကြဖို့ အကြံပြုလိုပါတယ်။

 

 စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ DNA Fact Check  အဖွဲ့ကိုလည်း Facebook page ကနေဆက်သွယ်မေးမြန်းနိုင်သလို ဒီနေရာ (dnafactcheck @gmail.com)ကနေ လည်း ဆက်သွယ်မေးမြန်းပြီး အချက်အလက်စစ်ဆေးပေးဖို့ တောင်းဆိုနိုင်ပါတယ်။

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

 

Web – https://myanmarfactcheckingnetwork.org/   

Fb – https://www.facebook.com/myanmarfactcheckingnetwork 

 

#DNAFactCheck #DNA #MFCN #FactCheck #Real_Or_Not #Ai #Ai_Generated #ဂျာမေကာ #ဟာရီကိန်း