ဖိလစ်ပိုင်မှာ ပြင်းအား ၇.၅ ငလျင်လှုပ် ၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထား

အမေရိကန် ဆူနာမီ သတိပေးစနစ်က ငလျင်ဗဟိုချက်ရဲ့ ကီလိုမီတာ ၃၀၀ အတွင်းရှိ ကမ်းရိုးတန်းတွေမှာ အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပြီး ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

၁၀ ၊ အောက်တိုဘာလ ။

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းပင်လယ်ပြင်မှာ ဒီကနေ့ အောက်တိုဘာ ၁၀ ရက်က ပြင်းအား ၇.၅ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ နိုင်ငံရဲ့ ငလျင်တိုင်းတာရေး အေဂျင်စီက ပြောပါတယ်။

ဒီငလျင်ကြောင့် နိုင်ငံပေါင်းများစွာမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထားပြီး အနီးနားက ကမ်းရိုးတန်းဒေသတွေက လူတွေကို မြင့်ရာကို ရွှေ့ပြောင်းဖို့ တိုက်တွန်းထားပါတယ်။

အဆိုပါ အေဂျင်စီက Davao Oriental ဒေသမှာာရှိတဲ့ မာနေး မြို့အနီး ပင်လယ်ပြင်မှာ လှုပ်ခဲ့တဲ့ ဒီပြင်းအားကြီးတဲ့ ငလျင်ကြောင့် ပျက်စီးမှုတွေနဲ့ နောက်ဆက်တွဲငလျင်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။

ငလျင်ရဲ့ အနက်ကို ၂၀ ကီလိုမီတာ အဖြစ် သတ်မှတ်ပြီး ငလျင်ပြင်းအားကို အစောပိုင်း ၇.၆ မဂ္ဂနီကျူ့ကနေ ၇.၅ ကို ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။

အမေရိကန် ဆူနာမီ သတိပေးစနစ်က ငလျင်ဗဟိုချက်ရဲ့ ကီလိုမီတာ ၃၀၀ အတွင်းရှိ ကမ်းရိုးတန်းတွေမှာ အန္တရာယ်ရှိတဲ့ ဆူနာမီလှိုင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပြီး ဆူနာမီ သတိပေးချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ မြောက်ပိုင်း ဆူလာဝေစီနဲ့ ပါပူအာ ဒေသမှာလည်း ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားပြီး  အင်ဒိုနီးရှားရဲ့ကမ်းရိုးတန်းတချို့နဲ့  ပစိဖိတ်ကျွန်းနိုင်ငံဖြစ်တဲ့ ပါလောင်း ကမ်းရိုးတန်းအချို့မှာ ၁ မီတာအထိရှိတဲ့ လှိုင်းလုံးတွေ တွေ့နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref – Reuters