ဒီနေ့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ကို လာမယ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ စစ်ကော်မရှင်ရဲ့ လာမည့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့နဲ့ ရပ်ဆိုင်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် တိုက်တွန်းဖို့ ဒီကနေ့ မြန်မာနိုင်ငံကို လာရောက်မယ်လို့  မလေးရှားအစိုးရက ပြောပါတယ်။

၉ ၊ အောက်တိုဘာ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၅ခုနှစ်ရဲ့ အာဆီယံအလှည့်ကျ ဥက္ကဌလည်းဖြစ်တဲ့ မိုဟာမက် ဟာဆန်ဟာ နေပြည်တော်ကို တရက်ကြာ ခရီးစဉ် သွားရောက်ပြီး စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့ တွေ့ဆုံမယ်လို့ သိရပါတယ်။

အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို မလိုက်နာတာကြောင့် မြန်မာစစ်ခေါင်းဆောင်တွေဟာ ၂၀၂၂ ခုနှစ်ကတည်းက အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ပိတ်ပင်ခံထားရတာပါ။

အာဆီယံအနေနဲ့ ရွေးကောက်ပွဲကို ဦးစားပေးအဖြစ် မယူဆဘဲ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးကတိကဝတ်တွေ လိုက်နာဖို့ တိုက်တွန်းသွားမယ်လို့ မိုဟာမက် ဟာဆန်က ပြီးခဲ့တဲ့ဇူလိုင်လက ပြောခဲ့ပါတယ်။

အခုခရီးစဉ်မှာ စစ်ကော်မရှင်ကို  “အထူးသဖြင့် ပဋိပက္ခတွေ ရပ်စဲရေး၊ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အနှောင့်အယှက်ကင်းစွာ ခွင့်ပြုပေးရေးနဲ့ မြန်မာအကျိုးသက်ဆိုင်သူအားလုံးပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ရေး” တွေကို အကောင်အထည်ဖော်ဖို့ တောင်းဆိုသွားမယ်လို့ သိရပါတယ်။

Ref – Reuters