ပုသိမ်မှာ စစ်မှုထမ်းလူ အရောင်းအဝယ်အဝေမတည့်လို့ လူသတ်မှုဖြစ်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီတပ်ထဲ မဝင်လိုသူတွေ များပြားနေတာကြောင့် စစ်သား လူစားထိုး ရောင်းဝယ်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ ပြီး လူကုန်ကူးမှုကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြတာလို့လည်း ရဲအရှိဟောင်း တဦးက ထောက်ပြပြောဆိုပါတယ်။”

၁၅၊ စက်တင်ဘာ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်၁ ရပ်ကွက်မှာ စစ်မှုထမ်း လူ အရောင်းအဝယ်လုပ်ရင်း လူသတ်မှုဖြစ်ပွားခဲ့ပြီး သံသယရှိသူ ၄ဦး ကိုဖမ်းဆီးအရေးမယူနိုင်သေးဘူးလို့ဒေသခံသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ည ၈နာရီကျော် မှာ အမှတ် ၁ ရပ်ကွက် ငဝန်ကျွန်းသာ ၈လမ်း ရှိ မူကြိုကျောင်းရှေ့ မှာ ဂတုန်းခေါ် ရန်နောင် ၊ဝတုတ် နဲ့ စစ်သားလို့ ယူဆရတဲ့ အရပ်ဝတ်ဝတ် ထားသူ ၃ ဦးတို့စစ်မှုထမ်းလူရောင်းဝယ်ခ ဝေခွဲရာမှာအ ဝေမတည့် အချင်းများပြီးဂတုန်းဆိုသူကိုဝတုတ်အပါအဝင် ၄ ဦးက ဓားနဲ့ ထိုးသတ်လိုက်တာပါ။

“ဝတုတ်ဆိုတာ ငဝန်ကျွန်းသာ ရပ် ကွက်ထဲမှာနေတယ်၊ သူ့ ဦးလေးတွေ က စစ် တပ်ထဲကပါ၊အဲ့ဒီဝ တုတ် နဲ့ ကျန် ၃ ယောက်က သေသွားတဲ့ ကောင်ကို ဝိုင်းထိုးကြ ကန်ကြလုပ်တာ ဘယ်သူက ဓားနဲ့ထိုးလဲတော့မသိဘူး သေတဲ့ကောင် ကဓားထိုးခံရပြီး ပွဲချင်း ပြီးသေတာ” လို့ ရပ်ကွက်အတွင်းနေထိုင်သူတဦးက DNAကိုပြောပါတယ်။

သေဆုံးသူ ဂတုန်း ခေါ်ရန်နောင်ဟာ ထိုးကြိတ် ရိုက်ပုတ် ဒါဏ်ရာတွေအပြင် ကျောပြင် နဲ့ ဝမ်းဗိုက် မှာလည်း ဓါးနဲ့ ထိုးသွင်း ဒဏ်ရာတွေရရှိပြီးသေဆုံးခဲ့တယ်လို့ ပုသိမ်ဆေးရုံ ဝန်ထမ်းအ ချို့ ထံကသိရပါတယ်။

လူသတ်မှု သံသယ ရှိခံရသူ ဝတုတ်ဟာငဝန်ကျွန်းသာ ၈လမ်းမှာ အဖွားဖြစ်သူနဲ့အတူ နေထိုင်ပြီး ဦးလေးတွေ က စစ်တပ်ထဲကဖြစ်ကာရပ်ကွက်ထဲ အ ရက်မူးရမ်းကားတတ်သူဖြစ်ပါတယ်။ ဒါ့အပြင်ရဲသတင်းပေး ၊ပျူစောထီး၊အရန်မီးသတ်လိုလိုရပ်ကွက်ထဲ ဗိုလ်ကျ မိုက်ကြေးခွဲပိုက်ဆံတောင်း နေသူလည်းဖြစ်ပါတယ်။

သေဆုံးသူ အသက် ၃၅နှစ်ဝန်းကျင် ဂတုန်း ခေါ် ရန်နောင် ဆိုသူ ဟာ အမှတ် (၇) ရပ်ကွက် အောင်သိဒ္ဓိလမ်းမှာနေထိုင် သူဖြစ်ပြီးလိမ်လည် မှု ခိုးမှု လုယက်မှု တို့နဲ့ ထောင်ကျဖူးကာ ပုသိမ်မြို့ ကမ်းနားလမ်းအမှတ်(၁ ) ဆိပ်ကမ်းတံတား၊ကမ်းနားလမ်းနဲ့ဘူတာလမ်းတို့မှာ ဆိုင်ကယ် တက်စီဆွဲပြီး ရဲသတင်းပေးလုပ်တာ စစ်သားစုဆောင်း ရောင်းဝယ်တာတွေ လုပ်နေသူ ဖြစ်ပါတယ်။

“ဂတုန်း က နယ်ကတက်လာတဲ့သူတွေကို ဝင်ရောတယ် ပိုက်ဆံရမယ် စစ်တပ်ထဲလိုက်မလား စည်းရုံးပြီး တပ်ကဆရာကြီး(စစ်သားစုဆောင်း သူ)တွေနဲ့ချိတ်ဆက်ပြီး စစ်သားအရောင်း အဝယ်လုပ်နေတာ”လို့ အ မှတ် (၁)ဆိပ်ကမ်းရှိ အလုပ်သမား တဉီးကပြောပါတယ်။

အခင်းဖြစ်ပွားတဲ့နေ့ ညနေ ၆နာရီလောက်မှာ လည်းပင်လယ်ဖက်က သင်္ဘောနဲ့ ပါလာတဲ့ အသက် ၂၀ ဝန်းကျင် လူငယ်တယောက်ကို ဂတုန်းက ဆိုင်ကယ် နဲ့ခေါ်သွာတယ် လို့ ဆိပ်ကမ်းအလုပ်သမား ကဆက် ပြောပါတယ်။

ရဲတပ်ဖွဲ့ က လူသတ်မှုနဲ့ပါတ်သက်ပြီး သံသယ ဖြစ်သူ ဝတုတ် နဲ့ ၃ ဦးကို စက်တင်ဘာ ၁၅ ရက်နေ့ အထိ ရှာမတွေ့လို့ အရေးမယူနိုင်သေးပေမယ့် အမှုရေးဖွင့်ထားတယ်လို့သိရပါတယ်။

ဒါ့အပြင်ဂတုန်း ခေါ် ရန်နောင် နဲ့ ဝတုတ်တို့ဟာ နှစ်ယောက် စစ် ကောင်စီအတွက် စစ်သားစုဆောင်းရောင်းဝယ်တာတွေကိုပူးပေါင်း လုပ်ကြသူတွေ ဖြစ်တယ် လို့လည်း သိရပါတယ်။

ဧရာဝတီ တိုင်းမှာ စစ်ကောင် စီတပ်ထဲ မဝင်လိုသူတွေ များပြားနေတာကြောင့် စစ်သား လူစားထိုး ရောင်းဝယ်လုပ်ငန်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာ ပြီး လူကုန်ကူးမှုကို ပေါ်ပေါ်တင်တင် ကျူးလွန်နေကြတာလို့ လည်း ရဲအရှိဟောင်း တဦးက ထောက်ပြပြောဆိုပါတယ်။

#ပုသိမ် #စစ်မှုထမ်း #လူအရောင်းအဝယ် #အဝေမတည့် #လူသတ်မှု #ဧရာဝတီတိုင်းဒေသကြီး #DeltaNewsAgency #DNA

Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH