တပတ်အတွင်းသတင်းအနှစ်ချုပ်

 

၆၊စက်တင်ဘာလ။

လက်ရှိကာလဟာ စစ်အာဏာရှင်တော်လှန်ရေးကာလဖြစ်တာနဲ့အညီ သတင်းတွေမှာ တော်လှန်ရေးနဲ့ ဆက်စပ်ဖြစ်စဥ်တွေ ဖုံးလွှမ်းနေပါတယ်။ ဒါပေမယ့် တခြားလူမှု၊စီးပွား၊အားကစားနဲ့မိုးလေဝသဆိုင် ရာ ထူးခြားသတင်းတွေလည်း ရှိနေတတ်တာလည်း ဖြစ်ပါတယ်။ ဒါကြောင့်တပတ်တာသတင်းတွေအနက် ထူးခြားတဲ့သတင်းဖြစ်ရပ်တွေကို DNAက အနှစ်ချုပ်စုစည်းဖော်ပြလိုက်ပါတယ်။

▪️ ကျန်းမာရေးဆိုးရွားနေတဲ့ဒေါ်အောင်ဆန်းစုကြည်
▪️ ကင်မ်အဲရစ်နဲ့တွေ့ဆုံခဲ့တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်
▪️ အာဏာသိမ်းစစ်ခေါင်းဆောင်တရုတ်ခရီးစဉ်နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့လို့ဆို
▪️ AA ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ရိုဟင်ဂျာအဖွဲ့တောင်းဆို
▪️ မြန်မာကစားသမားအများဆုံးပါဝင်လာတဲ့အာဆီယံအမျိုးသမီးအကောင်းဆုံးဘောလုံးအသင်း

▪️ ကျန်းမာရေးဆိုးရွားနေတဲ့ဒေါ်အောင်ဆန်းစုကြည်

အာဏာသိမ်းစစ်တပ်က ဖမ်းဆီး၊ အကျဉ်းချထားတဲ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာတယ်လို့ သားဖြစ်သူကိုထိန်လင်းခေါ်ကင်မ်အဲရစ်ကပြောကြားပါတယ်။

နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ခွင့်ရဖို့ ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုထားပေမယ့် ဖမ်းဆီးခံထားရတဲ့နေရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေတွေကို မသိရဘူးလို့လူမှုကွန်ရက်ကတဆင့်ထုတ်ပြန်ပြောဆိုခဲ့တာပါ။

ဒါတွေဟာလက်မခံနိုင်တဲ့ လူမဆန်ရက်စက်တဲ့လုပ်ရပ်လို့လည်းကိုထိန်လင်းကဆိုပါတယ်။
ဒီမိုကရစေီခေါငြးဆောငအြသကြ၈၀ကွောအြရှယဒြေါအြောငဆြနြးစုကှညကြို စစ်တပ်ကပုဒ််မမျိုးစုံနဲ့ထောင်ဒဏ် ၃၃နှစ်အထိ ချမှတ်ဖမ်းဆီးထားတာပါ။

▪️ ကင်မ်အဲရစ်နဲ့တွေ့ဆုံခဲ့တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကိုထိန်လင်းခေါ်ကင်မ်အဲရစ်နဲ့အာရက္ခတပ်တော်(AA) ခေါင်း ဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အွန်လိုင်းကတဆင့် တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံစဥ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကိုအထူးလေးစားပြီး ကျန်းမာရေးကိုစိုးရိမ်တယ်လို့ပြောကြားခဲ့တယ်၊ဒါ့အပြင်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်း သားများ မလွှတ်ပေးဘဲ ယုံကြည်စိတ်ချရတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့အခိုင်အ မာပြောကြားခဲ့တယ်လို့လည်းကိုထိန်လင်းက လူမှုကွန်ရက်ကတဆင့် အသိပေးဖော်ပြထားတာပါ။
ကိုထိန်လင်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့AA တပ်ဖွဲ့ရဲ့အချိန်တိုအတွင်းအောင်မြင်မှုကိုချီးကျူး ဂုဏ်ပြုခဲ့ပြီး ရခိုင်ပြည်သူတွေ ကြုံတွေ့နေရတဲ့ ပဋိပက္ခ၊စစ်ဘေးရှောင်တွေရင်ဆိုင်နေရတဲ့အခက် အခဲတွေကိုပိုမိုသိရှိနားလည်ခဲ့ရတယ်လို့ပြန်လည် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်နှစ်ဦးကြား ယုံကြည်ရတဲ့မိတ်ဆွေတွေအဖြစ် ရှိနေရန်၊တဦးနဲ့တဦး ပံ့ပိုးကူညီရန် သဘော တူခဲ့တယ်လို့လည်းကိုထိန်လင်းကအသိပေးထားတာပါ။

▪️ အာဏာသိမ်းစစ်ခေါင်းဆောင်တရုတ်ခရီးစဉ်နိုင်ငံရေးအသိအမှတ်ပြုမှုရခဲ့လို့ဆို

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ တရုတ်ခရီး စဉ်မှာနိုင်ငံတကာခေါင်းဆောင်တွေ့ဆုံခဲ့ပြီး နိုင်ငံရေးအသိအမှတ်ပြုမှုရရှိခဲ့တယ်လို့စစ်တပ် ပြောရေးဆို ခွင့်ရှိသူကဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ခေါင်းဆောင်ကတရုတ်နိုင်ငံ
ဘေကျင်းမြို့မှာကျင်းပတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်မှုနှစ် ၈၀ ပြည့်အခမ်းအနားနဲ့တီယန်ကျင်းမှာ ပြုလုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွ က်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO SUMMIT 2025)ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒီခရီးစဥ်မှာ စစ်ခေါင်းဆောင်ကတရုတ်သမ္မတ ရှီကျင့်ဖျင်၊အိန္ဒိယဝန်ကြီးချုပ် မိုဒီ၊လာအိုသမ္မတနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယားခေါင်း ဆောင် ကင်ဂျုံအန်နဲ့တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်။

ဒါပေမယ့်စစ်ခေါင်းဆောင်ရဲ့တရုတ်ခရီးစဥ်မှာ နိုင်ငံတကာခေါင်းဆောင်တွေလို အသိအမှတ်ပြုဆက်ဆံတာမခံရဘဲ အဖြစ်သဘောဆက်ဆံမှုသာရရှိခဲ့တယ်လို့လည်း ဝေဖန်ပြောဆိုမှုတွေရှိနေတာဖြစ်ပါတယ်။

▪️ AA ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ရိုဟင်ဂျာအဖွဲ့တောင်းဆို

အာရက္ခတပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့အစည်း(BROUK) က အာဂျင်တီးနားတရားရုံးကိုတောင်းဆိုလိုက်ပါတယ်။

ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့အတူ AAဒု့ခေါင်းဆောင် ဗိုလ်မှူးချုပ်ညိုထွန်းအောင်နဲ့ တခြားအရာရှိအဆင့်ဆင့်ကိုပါ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီးဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုလိုက်တာပါ။

ဒါ့အပြင်ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် (AA) ရဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အပါအဝင် ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် အကျယ်အဝန်းကို ချဲ့ထွင်ဖို့ တောင်းဆိုတာလို့ လည်းဆိုပါတယ်။

▪️ မြန်မာကစားသမားအများဆုံးပါဝင်လာတဲ့
အာဆီယံအမျိုးသမီးအကောင်းဆုံးဘောလုံး
အသင်း

ဗီယမ်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့၂၀၂၅ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲရဲ့အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ကစားသမား ၅ ဦးနဲ့အများဆုံးရွေးချယ်ခံခဲ့ရပါတယ်။

ပရိတ်သတ်ဆန္ဒမဲနဲ့ရွေးချယ်ခဲ့တဲ့ အကောင်းဆုံးအသင်း ကစားသမား ၁၁ ဦး စာရင်းမှာ မြန်မာအသင်းကတိုက်စစ်မှူး ဝင်းသိင်္ဂီထွန်း၊ ကွင်းလယ်ကစားသမား ဖြူဖြူဝင်း၊ နောက်ခံလူ ဇွန်ယုယဦးနဲ့မေသက်မွန်မြင့်၊ ဂိုးသမား မျိုးမြမြငြိမ်းတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် အတက်ကြွဆုံးကစားသ မားဆု ကိုလည်း တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းကရရှိခဲ့တာပါ။

အကောင်းဆုံးအသင်းမှာ တခြားကစားတွေအဖြစ် ချန်ပီယံသြစတြေးလျ ယူ-၂၃အသင်းက ၃ဦး၊ထိုင်းအသင်းက၂ဦးနဲ့ ဗီယင်နမ်အသင်းက၁ဦးရွေးချယ် ခံခဲ့ရပါတယ်။

၂၀၂၅ အာဆီယံ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်းကဆီမီးဖိုင်နယ်မှာထိုင်းအသင်းကို၂-၁ဂိုးနဲ့အနိုင်ရဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်ဩစတေးလျအသင်းကို ၁-၀ ဖြင့် ရှုံးနိမ့်ကာ ချန်ပီယံဆုနဲ့ဝေးကွာခဲ့ရတာပါ။