
“ ကျွန်တော်တို့က ခိုင်ခိုင်မာမာ အုပ်ချုပ်ရေးထုစစ် ရေးထုကို ကျကျနန မတည်ဆောက်နိုင်ဘူးဆိုရင် လူထုက စစ်ကောင်စီကို မကြိုက်လည်းပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မယုံလည်းပဲ ဒီလမ်း ကြောင်း ဒီလမ်းစဉ်ပေါ်မှာ သွားပြီးတော့မှ အခြေအ နေက မျောပါသွားရမယ့် အခြေအနေလည်းရှိတယ်ဆိုတာကို ကျွန်တော်တို့က သတိပြုရလိမ့်မယ်။” လို့ GSCBပြောရေးဆိုခွင့်ရှိသူက ဆက်ပြောပါတယ်။
၂၇၊သြဂုတ်။
တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံရေး၊စစ် ရေး၊အုပ်ချုပ်ရေးထု တည်ဆောက်ရေးလုပ်ငန်းတွေကို ကျကျနန မဆောင်ရွက်နိုင်ပါက လူထုအနေနဲ့ စစ်ကောင်စီကို မနှစ်သက်ပေမယ့် ရွေးကောက်ပွဲလမ်းကြောင်းမှာ မျောပါသွားမယ့် အခြေအနေရှိတာကို သတိပြုဖို့လိုအပ်တယ်လို့အထွေထွေ သပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB)ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ကိုနန်းလင်းကသတိပေးလိုက်ပါတယ်။
လက်ရှိကာလတော်လှန်ရေးအခြေအနေနဲ့ပတ်သတ် လို့ GSCBက သြဂုတ်လ၂၄ရက်စွဲနဲ့ အသိပေးထုတ် ပြန်ခဲ့ပါတယ်။ ဒီထုတ်ပြန်ချက်နဲ့ပတ်သတ်လို့ DNAရဲ့သီးသန့်မေးမြန်းမှုမှာ ကိုနန်းလင်းကအခုလို ထည့်သွင်းဖြေကြားခဲ့တာပါ။
လူထုအနေနဲ့ စစ်ကောင်စီရဲ့ ရမ်းကားမှု ရက်စက်မှုတွေကို ကောင်းကောင်းသိနားလည်ပြီး စစ်ကောင်စီပေါ်မှာလည်း လုံးဝမနှစ်သက်တဲ့အပြင်တဖက်မှာလည်း စစ်ကောင်စီက လုပ်မယ့်ရွေးကောက်ပွဲကိုလည်း လုံးဝအယုံအကြည်ရှိမနေဘူးလို့သူကပြောပါတယ်။
“ သို့သော် တဖက်မှာလည်း ကျွန်တော်တို့ တော်လှန် ရေး အင်အားစုတွေရဲ့ လုပ်မှုကိုင်မှု ဆောင်ရွက်နေမှု အနေအထားတွေကို အားရမနေဘူး။ ဒီလိုအနေအ ထားတွေ ကျွန်တော်တို့ဖြစ်နေတယ်နော်။” လို့ကိုနန်းလင်းကဆက်ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီကရွေးကောက်ပွဲပြုလုပ်တာကို မလိုချင်လို့ တုံ့ပြန်တဲ့ ပုံစံထက်စာရင် တော်လှန် ရေး ရည်ရွယ်ချက်တွေပေါက်ရောက်ဖို့နိုင်ငံရေးထု၊ စစ်ရေးထုနဲ့အုပ်ချုပ်ရေးထု တည်ဆောက်ရေး လုပ် ငန်းတွေကို လုပ်ဆောင်ခြင်းအားဖြင့် လူထုရဲ့ ကျဆင်းနေတဲ့ မျှော်လင့်ချက်ကို ပြန်ပြီးစုစည်းရုံးနိုင်ဖို့ လိုအပ်တယ်လို့သူကဆိုပါတယ်။
“ အဲ့ဒီလိုမျိုး ကျွန်တော်တို့က ခိုင်ခိုင်မာမာ အုပ်ချုပ် ရေးထု စစ်ရေးထုကို ကျကျနန မတည်ဆောက်နိုင်ဘူးဆိုရင် လူထုက စစ်ကောင်စိကို မကြိုက်လည်းပဲ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို မယုံလည်းပဲ ဒီလမ်းကြောင်း ဒီလမ်းစဉ်ပေါ်မှာ သွားပြီးတော့မှ အခြေအနေက မျောပါသွားရမယ့် အခြေအ နေလည်းရှိတယ်ဆိုတာကို ကျွန်တော်တို့က သတိ ပြုရလိမ့်မယ်။” လို့GSCBပြောရေးဆိုခွင့်ရှိသူကဆက်ပြောပါတယ်။
GSCBရဲ့ ဩဂုတ်လ (၂၄)ရက်စွဲနဲ့ နိုင်ငံရေးသဘော ထား ထုတ်ပြန်ချက်မှာတော့လက်ရှိကာလမှာတော် လှန်ရေးရဲ့လမ်းဆုံ လမ်းခွ အခြေအနေရောက်ရှိနေတယ်လို့ဖော်ပြပါတယ်။
အထွေထွေအုံကြွ အာခံမှုတွေကြောင့် ပြိုကျလုနီးနီး အခြေအနေဆိုက်ရောက်ခဲ.တဲ့ စစ်အုပ်စုဟာ အပစ်ရပ်ရေးနဲ့ နိုင်ငံရေး၊ စစ်ရေး အကူအညီတွေရယူဖို့ တရုတ်၊ အိန္ဒိယ၊ ရုရှား၊ ဘီလာရုစ်စတဲ့နိုင်ငံတွေကို ဒူးထောက် မျက်နှာချိုသွေး ခယဝပ်တွားခဲ့ရတယ်လို့ပါရှိပါတယ်။
တပြိုင်တည်းမှာလည်း အဓမ္မ စစ်မှုထမ်းစေခြင်းကြောင့် လူထုကို မလုံခြုံမှုနဲ့ အကြောက် တရား ဖြစ်ပေါ်လာရေး ရည်ရွယ်ချက်ရှိရှိ ကျင့်သုံးကာ လူငယ်ထုအပေါ် ခေါင်းပုံဖြတ်ပြီးလူထုကို လူထုချင်း တိုက်သည့်နည်းနဲ့သွေးခွဲ အုပ်ချုပ်နေတယ်လို့ဆက်ဖော်ပြထားပါတယ်။
အဓမ္မ စစ်မှုထမ်းစေခိုင်းမှုမှ ရရှိလာတဲ့ လူငယ် အင် အား (၇)သောင်းကျော်ကို လူသားတံတိုင်းအဖြစ် အသုံးပြု ခိုင်းစေကာ စစ်အုပ်စုက အာဏာတည် ဆောက်နေတယ်၊နိုင်ငံရေးမျက်နှာစာမှာလည်း အတုအယောင် ငြိမ်းချမ်းရေးဆွေးနွေးပွဲ၊ရွေး ကောက်ပွဲတွေနဲ့လူထုကို လှည့်ဖြားလိမ်လည်ပြီးကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ မတရားမှု၊ ဖိနှိပ်မှုတွေကို နိုင်ငံရေးခဝါချ ထွက်ပေါက်ရရေးအတွက် အပြင်းအထန် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဒါကြောင့်လာမယ့်ရွေးကောက်ပွဲက တိုင်းပြည်နဲ့လူထုအတွက် ထွက်ပေါက် လုံးဝမဟုတ်ပဲ ထောင် ချောက် စစ်စစ်သာဖြစ်တယ်၊ စစ်အုပ်စုရဲ့အတုအ ယောင် နိုင်ငံရေးခဝါချ လမ်းစဉ်တွေကို ဆန့်ကျင် ကာ တော်လှန်ရေးအင်အားစုတွေအနေနဲ့လူထုနဲ့အတူ ဆက်လက်ချီတက်ရမယ့်နိုင်ငံရေး လုပ်ငန်းတွေကိုလည်းဆက်လက်ဖော်ပြထားပါတယ်။
ပထမအချက်ကအမျိုးသားညီညွတ်ရေးအတိုင်ပင် ခံကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရတို့ကို ပိုမိုအလုပ်ဖြစ်၊စွမ်းဆောင်ရည် ပြည့်ဝပြီး နိုင်ငံရေး ခေါင်းဆောင်မှုအားကောင်းတဲ့ ကောင်စီနဲ့အစိုးရတရပ်အဖြစ် အမြန်ဆုံး ပြောင်းလဲ ပြင်ဆင်သွားဖို့ဖြစ်ပါတယ်။
နံပတ်၂အချက်ကတော့တော်လှန်ရေး စိုးမိုးနယ်မြေတွေမှာ ဒေသန္တရ ဒီမိုကရေစီနဲ့ ဒေသန္တရ အုပ်ချုပ် ရေးတို့ ဖော်ဆောင်နိုင်ဖို့ ဦးတည်ဆောင်ရွက်ရန်နဲ့ဖက်ဒရယ်ယူနစ်အားကောင်းရေးအတွက် အတူယှဉ်တွဲ (Coming Together) ဖက်ဒရယ်သဘော
တရားကို အခြေခံကာ ပြည်နယ်အားကောင်းရေး ကနေ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) ချည်းကပ်မှုနဲ့အနာဂတ်ပြည်ထောင်စု သစ်တည်ဆောက်ရေးရည်မှန်းချက်ထားဆောင် ရွက်သွားဖို့လို့ဖော်ပြပါတယ်။
တတိယအချက်ကတော့အသွင်ကူးပြောင်းရေးကာလ နိုင်ငံရေးသဘောတူညီချက်နဲ့ အစီအမံကို တော်လှန်ရေး အင်အားစုများကြားသဘောကြည် ဖြူစွာ သဘောတူလက်ခံနိုင်ရေးအတွက် ပိုမို လုံ့လ စိုက်ထုတ်ဆောင်ရွက်ဖို့လို့ထောက်ပြထားတာပါ။
နောက်ဆုံးအချက်အနေနဲ့ကတော့ အထက်ပါသဘောတူညီမှုနဲ့တိုင်းရင်းသား တော်လှန်ရေးအင် အားစုတွေ၊အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံ ကောင်စီ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပြည်နယ်/ ဖက်ဒရယ် ယူနစ်တွေနဲ့ အမျိုး သားညီညွတ်ရေး အစိုးရတို့ ပူးပေါင်းကာ ခိုင်မာတဲ့ နိုင်ငံရေး တပ်ပေါင်းစု တရပ် ဖွဲ့စည်းရေးတို့ ဖြစ်တယ်လို့ဖော်ပြထားတာဖြစ်ပါတယ်။
ဒါ့အပြင်အထက်ပါ နိုင်ငံရေးလုပ်ငန်းစဉ်တွေနဲ့ နိုင်ငံရေးထု၊ အုပ်ချုပ်ရေးထုနဲ့ စစ်ရေးထုကို ဟန်ချက်ညီ တည်ဆောက်ရင်း ဆက်လက် ရင်ဆိုင် တိုက်ပွဲဝင်ကြရမယ်လို့ ထုတ်ပြန်ခဲ့တာပါ။
စစ်အုပ်စုရွေးကောက်ပွဲကို လာမယ့်ဒီဇင်ဘာ ၂၈ ရက်ကစလို့ အပိုင်းလိုက်ပြုလုပ်သွားမယ်လို့ကြေ ညာထားပြီး ကြံ့ခိုင်ရေးပါတီအပါအဝင် ပါတီ ၅၀ လောက်ဝင်ပြိုင်မယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောဆိုထားပါတယ်။
