“ ဒေသခံတွေအဆိုအရ စစ်တပ်က ဧရာဝတီတိုင်း အနောက်ခြမ်းကိုအင်အားဖြည့်တင်းနေရုံသာမကငသိုင်းချောင်း – ဂွလမ်းပိုင်းကိုပါပြန်လည်းစိုးမိုးနိုင်ဖို့ အင်အား ဖြည့်ဆည်းတာတွေ ပုံမှန်လုပ်ဆောင်နေခဲ့တာပါ။”
၁၇၊ဩဂုတ်လ။
ဧရာဝတီတိုင်း အနောက်ခြမ်းက မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ပွားမှုအနည်းငယ်လျော့ကျသွား ပေမယ့် စစ်တပ်ဘက်ကတော့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတွေကို ဩဂုတ်လအတွင်းမှာ စစ်အင်အားတိုးချဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ ပထမဦးဆုံးတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒေသတခုဖြစ်ပြီး ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ပုသိမ် မြို့နယ် ရွှေသောင်ယံမြို့မြောက်ဖက် မကျီးဇင်ဒေသကို စစ်တပ်က ဩဂုတ်လ ၉ ရက် မှာ အင်အား ၅၀၀ လောက် ဖြည့်တင်းခဲ့တယ်လို့ မျက် မြင်တွေ့ရှိခဲ့တဲ့ဒေသခံတွေက ဆိုပါတယ်။
လက်ရှိအချိန်မှာတော့ အင်အားထပ်တိုးလိုက်တဲ့ စစ်သားတွေ ဘယ်နေရာမှာ တပ်စွဲထားတယ်ဆိုတာတော့ မသိရသေးပါဘူး။
သဲဖြူဘက်ကို ကား ၁၀စီးကျော်တယ် တက်သွားကြတာ။ ကားတွေပြန်ဆင်းလာတော့ အခွံတွေချည်းပဲ။ ၃၀၈ တပ်ထဲကို ပြန်ဝင်သွားတယ် လို့ သာပေါင်းမြို့ခံတဦးကပြောပါတယ်။
သဲဖြူဆိုတာကတော့ စစ် တပ်နဲ့ အာရက္ခတပ်တော် AA ပူးပေါင်းတပ်တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ မကျီးဇင် – သာပေါင်း လမ်းပိုင်းကကျေးရွာ တခုပါ။
ဒါ့အပြင် စစ်တပ်ဟာ ဩဂုတ်လ ၁၆ ရက်က စစ်ကားအကြီး ၂ စီး ၊ အရပ်ဘက်သုံးကား ၃ စီးနဲ့အတူ အင်္ဂပူ မြို့နယ် ၊ ကွင်းကောက်ဒေသဘက်ကိုလည်း အင်အားအပြည့်နဲ့ ထွက်ခွာသွားတာကို အင်္ဂပူမြို့နယ်ထဲမှာ နေထိုင်သူတွေ တွေ့မြင်ခဲ့ကြပါတယ်။
ကွင်းကောက်မြို့ပေါ်မှာ အခြေချတပ်စွဲဖို့အတွက် အင်အားဖြည့်ဆည်းတယ်လို့ ယူဆရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ကားတွေက ဟင်္သာ တဘက်က လာတာဆိုတော့ ခလရ ၁၈ ဟင်္သာတအခြေစိုက် တပ်က ဖြစ်နိုင်သလို ၊ ကျုံပျော် ခလရ ၃၆ ကလည်း ဖြစ်နိုင်တယ်။ အတိအကျတော့မပြောနိုင်ဘူး လို့ အင်္ဂပူမြို့နယ်ထဲမှာ နေထိုင်သူတဦးက ပြောပါတယ်။
စစ်တပ်က သာပေါင်း ၊ အင်္ဂပူ စတဲ့မြိုန့ယ်တွေကို အင်အားတွေ ဖြည့်ဆည်းနေတာတင်မကဘဲ အ မြောက်တပ် ၃၄၄ တည်ရှိတဲ့ ရေကြည်မြို့နယ်အပိုင်ထဲမှာလည်း အင်အားဖြည့်ဆည်းတာတွေရှိနေပါ တယ်။ ဒေသခံတွေအဆိုအရ စစ်တပ်က ငသိုင်းချောင်း – ဂွလမ်းပိုင်းကို ပြန်လည်းစိုးမိုးနိုင်ဖို့ အင်အား ဖြည့်ဆည်းတာတွေ ပုံမှန်လုပ်ဆောင်နေခဲ့တာပါ။