“ ကွမ်းရွက်ထွက်ရှိတဲ့ ကုန်ချိန်ကလည်း ဧပြီလ ၊ မေလနဲ့ နှိုင်းယှဉ်ရင်လက်ရှိမှာ တဝက်လောက်အထိ လျော့ကျလာနေတာပါ။”
၁၊ဇူလိုင်
ဧရာဝတီတိုင်းက ကွမ်းရွက်ထွက်တဲ့ ကုန်ချိန်နည်း
ပါးသွားတာကြောင့် ရန်ကုန်မြို့ သီရိမင်္ဂလာစျေးမှာ ကွမ်းရွက်ဈေးကွက်ဟာ အရင်လနဲ့နှိုင်းယှဉ်ရင် တပိဿာကို ကျပ် ၁ သောင်းဝန်းကျင်အထိ ပိုမိုမြင့်တက် လာပါတယ်။
“ မနှစ်ကလည်း ဒီအချိန်ပဲ ဈေးစတက်တာ။ အခုကတော့မနှစ်ကဈေးကိုမမီသေးဘူး”လို့ ကွမ်းရွက်ပွဲ စားတစ်ဦးက ပြောပါတယ်။
၂၀၂၄ ခုနှစ် ဇူလိုင်လဆန်းပိုင်းဆိုရင် ကွမ်းရွက် ဈေးဟာ နှစ်ရွက်ထပ် အလတ်ချောအမျိုးအစားကို တပိဿာ ကျပ် ၄ သောင်းဝန်းကျင်အထိ ရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လ ဒုတိယအပတ်လောက်က စတင်ပြီး တစ်ရိပ်ရိပ်မြင့်တက်လာတဲ့ ကွမ်းရွက်ဈေးကွက်
ဟာ လက်ရှိမှာတော့ နှစ်ရွက်ထပ်အလတ်ချောအမျိုးအစား တပိဿာကို ကျပ် ၁ သောင်း ၇ ထောင် ဝန်းကျင်အထိ ဖြစ်လာခဲ့ပါတယ်။
နှစ်စဉ်နှစ်တိုင်း ဇွန်လ ၊ ဇူလိုင်လဆိုရင် ကွမ်းရွက် ထွက်ရှိမှုဟာ နည်းပါးလာတာကြောင့် ကွမ်းရွက် ဈေး နှုန်းမြင့်တက်လေ့ရှိပါတယ်။
“သေတဲ့ခြံတွေလည်းသေကုန်ကြပြီ။ ကျန်တဲ့ ခြံတွေကလည်း ကွမ်းသိပ်မထွက်တော့ဘူး။ ရေအရမ်းမကြီးသေးလို့သာ ဒီလောက်ကျန်နေသေး တာ” လို့ ညောင်တုန်းမြို့နယ်ထဲကကွမ်းစိုက်တောင်
သူက ပြောပါတယ်။
ကွမ်းရွက်ထွက်ရှိတဲ့ ကုန်ချိန်ကလည်း ဧပြီလ ၊ မေလနဲ့ နှိုင်းယှဉ်ရင်လက်ရှိမှာ တဝက်လောက်အထိ လျော့ကျသွား တယ်လို့ သူကဆက်ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ကွမ်းခြင်း ရာကျော် ပါတဲ့ ကားတွေတောင် ကွမ်းခြင်း ၂၀ ကျော်လောက်ပဲပါတော့တယ်လို့ သီရိမင်္ဂလာစျေးမှာက ကွမ်းဒိုင်ပိုင်ရှင်တွေကဆိုပါတယ်။
“ တချို့ရက်တွေဆိုရင် ကွမ်းခြင်းကျမလာတော့ ဖောက်သည်အတွက်ဖယ်ပြီးရင် ဒိုင်မှာပြန်ရောင်းစရာ တောင်မကျန်တော့ဘူး” လို့ ကွမ်းရွက်ပွဲစားတဦးကပြောပါတယ်။
ဒါပေမယ့်လည်းကွမ်းရွက်ဈေးမြင့်တက်လာတဲ့အ တွက် ကွမ်းခြံရှိနေသေးတဲ့ တောင်သူတွေဟာ ဝင်ငွေမြင့်တက်လာနေတာပါ။
ကွမ်းရွက်ဈေးနှုန်းကျဆင်းနေချိန်က ကွမ်းစိုက် တောင်သူတွေဟာ အစာဖိုး ၊ ဆေးဖိုးအပါအဝင် ကွမ်း ရွက်ခူးခ ၊ ကွမ်းရွက်စီခတောင် ပြန်လည်ရရှိဖို့မလွယ်ကူပါဘူး။ ကွမ်းရွက်ဈေးကောင်းလာတဲ့အခါမှာ တော့ ကွမ်းရွက်အသေးဆုံးရွက်ဆိုဒ်တွေတောင် ဈေးကွက်ဝင်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း လမ်းစရိတ်တွေ ၊ ပွဲခတွေကြောင့် ကွမ်းစိုက်တောင်သူတွေဟာ ရန်ကုန်ဈေးကွက်ပေါက် ဈေးရဲ့ သုံးပုံတစ်ပုံကိုသာ ပြန်လည်ရရှိကြပါတယ်။ ရန်ကုန်ဈေးကွက်ကိုတော့ ဧရာဝတီတိုင်းထဲက ညောင်တုန်း ၊ ပန်းတနော် ၊ မအူပင် ၊ ကျောင်းကုန်းဒေသက ကွမ်းရွက်တွေပဲ အများဆုံးဝင်ရောက်တာပါ။
#ဧရာဝတီတိုင်းဒေသကြီး #ကွမ်းရွက်ထွက်နှုန်း #လျော့ကျလာ #ကွမ်းစျေးကွက် #မြင့်တက် #DeltaNewsAgency #DNA
Delta News Agency Telegram – https://shorturl.at/lxKMR
Delta News Agency YouTube – https://shorturl.at/ahBL2
Delta News Agency Website – https://shorturl.at/ozAIM
Delta News Agency Podcast – https://shorturl.at/epwzH