ဧပြီ ၁၁
၂၀၂၅ ၊ဧပြီလ ၁၀ ရက်နေ့မှာ အာရက္ခတပ်တော် ထူထောင်ခြင်း ၁၆ နှစ်မြောက်ခဲ့ပါပြီ။ စစ်အာဏာ
ရှင် အောက်ကနေ ရခိုင်ပြည်နယ် လွတ်မြောက်ရေးမှာ ဦးဆောင်ခဲ့ပြီး လွတ်လပ်အချုပ်အခြာပိုင်တဲ့ ရ ခိုင်ပြည် ထူထောင်ရေးအိပ်မက်အတွက် ရခိုင်ပြည်
သူတွေကို အာရက္ခတပ်တော်က ဦးဆောင်နိုင်ခဲ့တာကို နွေဦးတော်လှန်ရေးကာလမှာ အားကျဖွယ် တွေ့မြင်နိုင်ပါတယ်။ အဲဒီအတွက်လည်း အာရက္ခတပ် တော်ရဲ့ ၁၆ နှစ်မြောက် မွေးနေ့ကို တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် အဖွဲ့အစည်း အသီးသီးက သဝဏ်လွှာတွေ ပေးပို့ခဲ့တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
အခုလို အချိန်အတိုင်းအတာ တခုအတွင်းမှာ ရခိုင် ပြည်နယ်ကို အလုံးစုံနီးပါး သိမ်းပိုက်နိုင်ခဲ့ပြီး စစ် အာဏာရှင် လက်အောက်ကနေ ရုန်းထွက်နိုင်ခဲ့တာဟာ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရဲ့ တော်လှန် ရေး အတွက် ဘယ်လောက် အတိုင်းအတာအထိ သက်ရောက်မှု ရှိခဲ့ပါသလဲ ။ အာရက္ခတပ်တော် မွေး နေ့ကို ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက ဘယ်အဖွဲ့အစည်းတွေက သဝဏ်လွှာတွေ ပေးပို့ခဲ့လဲ ဆိုတာကို လေ့လာကြည့်ကြရအောင်ပါ။
(၁)ပြည်သူ့ ကာကွယ်ရေးတပ်မတော် ၊ အမှတ်(၂၉) ဗျူဟာ ၊ ဧရာဝတီအမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တောင်ပိုင်း စစ် ဒေသ ၊ အမှတ်(၂) စစ်ဒေသခွဲ ၊ တိုင်းစစ်ဌာန အောက်က ဧရာဝတီ PDF ဗျူဟာ တခုဖြစ်ပါတယ်။ အမှတ်(၂၉)ဗျူဟာရဲ့ facebook Page ကို ၂၀၂၄ ခုနှစ် ၊ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ စတင်လွှင့်တင်ခဲ့တာကို တွေ့ရပါတယ်။ အမှတ်(၂၉) ဗျူဟာက ဦးဆောင် တဲ့ အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း ခေါင်းစဉ်နဲ့ ရန်ပုံငွေရှာဖွေရာမှာ သတ်မှတ်ထားတဲ့ ထောက်ပို့ငွေ ပ မာဏကို ကျပ်သိန်း ၅,၀၀၀/ ထက်ကျော်လွန်ပြီး သိန်းပေါင်း ၆,၇၈၀/ ကျော် ရရှိခဲ့တာကို တွေ့ရပါတယ်။ ဒါဟာ တိုင်းဒေသ အတွင်းမှာ လူထုထောက်ခံမှု အပြည့်အဝ ရှိတယ်ဆိုတာကို ပြသနေပါတယ်။
အမှတ်(၂၉)ဗျူဟာရဲ့ အာရက္ခတပ်တော်ကို ပေးပိုတဲ့ မွေးနေ့သဝဏ်လွှာမှာ “အာရက္ခတပ်တော်၏ အာရက္ခပြည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရက္ခပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်မှုများတွင် တစိပ်တပိုင်း ပါဝင်ခွင့် ရခဲ့သည့်အတွက်လည်း အမှတ်(၂၉) ဗျူဟာအနေဖြင့် လေးနက်စွာ ဂုဏ်ယူပါသည်”လို့ ထည့်သွင်း ရေးသားထားပါတယ်။ ဒီလို ရေးသားမှုအရ ဧရာဝတီရဲ့ တိုင်းစစ်ဌာန အောက်က အမှတ် (၂၉)ဗျူဟာ အဖြစ် ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ဆင်နွှဲခဲ့သလို ဧရာဝတီတိုင်းအတွင်း ထိုးစစ်တွေမှာလည်း အရေးပါတဲ့ ဗျူဟာတခုအဖြစ် ရှု့မြင်နိုင်ပါတယ်။
သဝဏ်လွှာမှာ “ဧရာဝတီနှင့် အာရက္ခပြည်သည် နယ်နိမိတ် နယ်မြေထိစပ်မှု ရှည်လျှားစွာ တည်ရှိနေပြီး အပြန်အလှန် ကူညီစောင်ရွက်ပေးမှုများကို ထာ ဝရ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်”လို့လည်း ရေးသားထားပါတယ်။
ထူးခြားမှု တခုအနေနဲ့ အာရက္ခတပ်တော်ရဲ့ မွေးနေ့ကို တပ်အင်္ဂါစဉ်အရ ဧရာဝတီ တိုင်းစစ်ဌာနအနေနဲ့ သဝဏ်လွှာပေးပို့ခဲ့တာ မတွေ့ရပဲ ၊ တိုင်းစစ်ဌာနရဲ့ ဗျူဟာ(၂၉) အနေနဲ့သာ မွေးနေ့သဝဏ်လွှာ ပေးပို့ခဲ့တာကို တွေ့ရပါတယ်။
(၂)ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ( PLF ) နွေဦး တော်လှန်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့ပြီး သက်တမ်း ၃ နှစ်ကျော်ရှိပြီ ဖြစ်တဲ့ PLF ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန အောက်က မဟုတ်ပဲ သီးသန့်ရပ် တည်တဲ့ တပ်ဖွဲ့တခု ဖြစ်ပါတယ်။ PLF ကို “စစ်ကျွန် ဘဝမှ လွတ်မြောက်လိုတဲ့မြစ်ဝကျွန်းပေါ်(ဧရာဝတီ) ကျောင်းသားသမဂ္ဂများ (ဗကသ၊တကသ)မှ ရဲ ဘော်များ ၊ရဲဘော်ဟောင်းများ ၊ ကျောင်းသားလူငယ်များ ၊ လယ်သမားများ ၊ အလုပ်သမားများ နှင့် နိုင်ငံဝန်ထမ်းများ စသည့် လူထုလူတန်းစား အလွှာပေါင်းစုံဖြင့် စုစည်းတည်ထောင်ခဲ့သည်”လို့ တပ်ဖွဲ့ရဲ့ ရပ်တည်ချက် ကြေညာစာတမ်းမှာ ဖေါ်ပြထားပါတယ်။
PLF အနေနဲ့ တော်လှန်ရေး စစ်ရေးမဟာမိတ် ၊ နိုင် ငံရေးမဟာမိတ်တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်နိုင်ဖို့ ကြိုးစားတည်ဆောက်နိုင်ခဲ့တယ် ဆိုတာကို တပ်ဖွဲ့ရဲ့ facebook စာမျက်နှာမှာ တင် ထားတဲ့ အပြန်အလှန်ပေးပို့တဲ့ သဝဏ်လွှာတွေအရ မြင်တွေ့ရပါတယ်။
မနှစ်က ပြည့်မြောက်ခဲ့တဲ့ အာရက္ခတပ်တော် ၁၅ နှစ် မွေးနေ့ သဝဏ်လွှာမှာ ကတည်းက “ အာရက္ခတပ်တော်၏ ကူညီထောက်ပံ့မှု ၊ သင်ကြားပြသမှုတို့ကို အစဉ်အမြဲ အသိအမှတ်ပြု တန်ဖိုးထားပါကြောင်း” ဆိုပြီး ဖေါ်ပြခဲ့တာကို တွေ့ရပါတယ်။
ဒီနှစ် ၁၆ နှစ်မြောက် မွေးနေ့ သဝဏ်လွှာမှာလည်း “ အာရက္ခတပ်တော်သည် ကျွန်ုပ်တို့ ပြည်သူ့လွတ် မြောက်ရေးတပ်ဖွဲ့အား စတင်ဖွဲ့စည်းတည်ထောင်ချိန်မှ စ၍ ယနေ့တိုင် ကူညီထောက်ပံ့မှု ၊ လမ်းညွှန် ပြသမှုတို့ အပေါ် အထူးပင် ကျေးဇူးတင်ရှိပါသည်”လို့ ထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
PLF အနေနဲ့ ပြည်သူ့ကာကွယ်ရေးဝန်ကြီးဌာန (MOD) ရဲ့ တပ်ရင်းတပ်ဖွဲ့ အနေနဲ့ မဟုတ်ပဲ သီးသန့် ရပ်တည်လှုပ်ရှားနေပေမယ့် ဒေသတွင်း စစ်ရေး မ ဟာမိတ်အဖြစ် MOD ရဲ့ အမှတ်(၂၉)ဗျူဟာ စတင် ဖွဲ့စည်းကြောင်း ကြေညာချိန်မှာ ပေးပို့တဲ့ သဝဏ် လွှာအရ ဆက်ဆံရေးကောင်း တည်ဆောက်ထားနိုင်တယ် ဆိုတာ တွေ့မြင်ရပါတယ်။
အာရက္ခတပ်တော်ကို ပေးပို့တဲ့ မွေးနေ့သဝဏ်လွှာမှာလည်း “ ကျွန်ုပ်တို့ အနေဖြင့် အာရက္ခတပ်တော်၏ ရဲရင့်ထက်မြက်သော စစ်ရေးစွမ်းရည်များ ၊ ရင့်ကျက်ပြည့်ဝသော နိုင်ငံရေးသဘောထားများ ၊ တိုးတက်သော တော်လှန်ရေး အတွေးအခေါ်များကို အားကျလေ့လာ သင်ယူကာ ကျွန်ုပ်တို့ အနေဖြင့်လည်း စစ်သုံးစစ် အမြစ်ဖြတ်ရေးနှင့် ဖိနှိပ်ခံ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တိုက်ပွဲအား အဆုံးသတ် အောင်ပွဲဆင်သည့်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း” ကတိပြုထားတာကို တွေ့ရပါတယ်။
(၃) ပြည်သူ့ညီညွှတ်ရေးတပ်ဦး(PUF) ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တဲ့ PUF တပ်ဖွဲ့ဟာလည်း PLF နည်းတူ MOD အောက် က မဟုတ်ပဲ သီးခြားရပ်တည်တဲ့ အဖွဲ့ တခုဖြစ်ပါတယ်။ PUF အနေနဲ့လည်း စစ်ရေး၊နိုင်ငံရေး မဟာ မိတ်တွေနဲ့ ဆက်ဆံရေး ကြိုးစားတည်ဆောက်နိုင်တာကို တွေ့ရပါတယ်။PUF အနေနဲ့ ဧရာဝတီနဲ့ ပဲခူးတိုင်း အနောက်ခြမ်းတွေမှာ တိုက်ပွဲဝင်ဖို့အသင့် ရှိနေတယ်လို့ ၂၀၂၅ ဒီနှစ်ဆန်းပိုင်းက သတင်းမီဒီယာတွေမှာ ဖြေကြားခဲ့တာကိုလည်း တွေ့ရပါတယ်။
အာရက္ခတပ်တော် ၁၆ နှစ်မြောက် မွေးနေ့ကို ပေးပို့တဲ့ သဝဏ်လွှာမှာ “ အာရက္ခတပြည်လုံးလွတ် မြောက်ပြီးသည့် တိုင်အောင် နွေဦးတော်လှန်ရေးတွင် လူမျိုးပေါင်စုံ လူထုတရပ်လုံး၏ ဆန္ဒဖြစ်သည့် အမျိုးသား ပြည်သူအားလုံးလွတ်မြောက်ရေး တိုက်ပွဲတင်ပါ အာရက္ခတပ်တော် အနေဖြင့် အတူ တကွ ကူညီကြိုးပမ်းခဲ့မှုများအတွက် လူမျိုးပေါင်းစုံ လူထုတရပ်လုံးက ဝမ်းမြောက်စွာ ကြိုဆိုအားပေးလျှက် ရှိပါသည်”လို့ ရေးသားထားပါတယ်။
အနှစ်ချုပ်
အာရက္ခ တပ်တော်ရဲ့ ၁၆ နှစ်မြောက် မွေးနေ့ကို ဧရာဝတီမြစ်ဝကျွန်းပေါ် အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ သုံးဖွဲ့က အသီးသီး မွေးနေ့ဂုဏ်ပြု သဝဏ် လွှာတွေ ပေးပို့ခဲ့ကြတာကို တွေ့ရပါတယ်။ သုံးဖွဲ့မှာ တစ်ဖွဲ့က အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန ၊ တိုင်းစစ်ဌာနအောက်က ဗျူဟာ တဖွဲ့ဖြစ်ပြီး ၊ ကျန်တဲ့ နှစ်ဖွဲ့ကတော့ သီးခြားရပ်တည်နေကြတဲ့ အဖွဲ့တွေဖြစ်ကြပါတယ်။
မွေးနေ့သဝဏ်လွှာတွေ ပေးပို့ရာမှာ ဧရာဝတီရဲ့ စစ် ရေးအခန်း ကဏ္ဌနဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေကသာ ပေးပို့ခဲ့တာကို တွေ့ရပြီး နိုင်ငံရေး အခန်းကဏ္ဌနဲ့ သက်ဆိုင်တဲ့ ဧရာဝတီတိုင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRAH) ၊ ဧရာဝတီ မြစ်ဝကျွန်းပေါ် အမျိုးသားများ ပြည်နယ်ကောင်စီ(IDNSC) စတဲ့အဖွဲ့တွေကတော့ သဝဏ်လွှာ ပေးပို့တာ မတွေ့ရပါဘူး။