ရခိုင်-ဧရာဝတီအစပ်၊ ရိုးမ-ဧရာဝတီအစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေတယ်လို့ AA အသိပေး

Photo – Googel Image

ဇန်နဝါရီ၊ ၂၁

ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့ နပခ ဌာနချုပ်အပါအဝင် ပြည်မဒေသမြို့နယ်တွေနဲ့ ဆက်စပ်မြို့နယ်တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့နောက် ရခိုင်-ဧရာဝတီအစပ်၊ရခိုင်ရိုးမ-ဧရာဝတီအစပ်ဒေသတွေအပါအဝင် ရခိုင်-ပဲခူး၊ရခိုင်-မကွေး စတဲ့ ထိစပ်ဒေသတွေမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ အာရက္ခတပ်တော် AA ကအ သိပေးပါတယ်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်နဲ့ နယ်မြေတဆက်တည်းရှိနေတဲ့ ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးက ဂွမြို့နယ် ကို AAကအပြီးသတ်သိမ်းယူနိုင်ပြီးနောက် ဧရာဝတီတိုင်းထဲအထိ တိုက်ပွဲတွေဆက်ဖြစ်နေတာ တလနီးပါးရှိလာ ပေမဲ့ ဧရာဝတီတိုင်းအတွင်း စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်နေကြောင်း AAက ပထမဆုံးအကြိမ်ထုတ်ဖော်ပြောဆို တာဖြစ်ပါတယ်။

ပဲခူးတိုင်းနဲ့လည်းထိစပ်တဲ့ ဧရာဝတီတိုင်းမြောက်ဘက်အစွန်ဆုံး ကြံခင်းမြို့နယ်ကနေ ပုသိမ်မြို့နယ်အထိဟာ ရခိုင်ရိုးမနဲ့ထိစပ်ဒေသတွေရှိနေသပြီး အဲ့ဒီထိစပ်ဒေသတွေရဲ့ ရိုးမတဖက်ခြမ်း ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကိုတော့ အာရက္ခတပ်တော် AA က အလုံးစုံတိုက်ခိုက်သိမ်းပိုက်ထားတာပါ။

ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ အာရက္ခတပ်တော် AA ရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာ အသေး စိတ်ဖော်ပြတာမရှိပေမဲ့ ရခိုင်-ဧရာဝတီတိုင်းထိစပ်နေရာတချို့၊ပွိုင့် ၃၆၉ကုန်းနဲ့ ရေကြည်မြို့နယ် ချင်းစုရွာတို့ အနီးမှာ စစ်ကောင်စီနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ရေကြည်မြို့နယ်ဟာ ဂွမြို့ဘက်ကနေ ပြည်မဘက်ကို ဝင်ရောက်နိုင်တဲ့ ဂွ-ငါးသိုင်းချောင်းလမ်းရှိရာမြို့နယ်ဖြစ်ပြီး ဂွမြို့နယ်အခြေစိုက် တပ်စခန်းတွေကိုလက်လွှတ်ရပြီးနောက် စစ်ကောင်စီက ဂွ-ငါးသိုင်းချောင်း လမ်းဆုံနေရာမှာ လက်နက်ကြီးတွေပါ အထိုင်ချပြီး တပ်စွဲနေရာယူထားတာရှိတယ်လို့ ဒေသခံတွေက DNA ကိုပြောထားပါတယ်။

ဒါ့အပြင် ဂွမြို့နယ်တောင်ဘက်ကနယ်မြေတဆက်တည်းရှိနေတဲ့ ဧရာဝတီတိုင်း ပုသိမ်မြို့နယ် မကျီးဇင်၊ဘောမိ ကျေးရွာတွေဘက်မှာလည်း စစ်ကောင်စီကလေကြောင်းသုံးခုခံရတဲ့အထိ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေ တာ ကြောင့် ရွှေသောင်ယံချောင်းသာစတဲ့ ကမ်းခြေဒေသတွေက ဒေသခံတွေပါ စစ်ဘေးကြိုတင်တိမ်းရှောင်ကြ တာ တွေရှိနေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။

မကျီးဇင်နဲ့ ဘောမိဒေသက တိုက်ပွဲတွေမှာတော့ စစ်ကောင်စီက အထိအခိုက်အများအပြားနဲ့ အခြေချတပ်စခန်း တွေ လက်လွှတ်ခဲ့ရသလို စစ်ကောင်စီတပ်တွေလည်း တပ်ဆုတ်ပြေးခဲ့ရတယ်လို့ ဘောမိဒေသခံတွေနဲ့ ရွှေသောင် ယံဒေသခံတွေက DNA ကိုပြောထားပါတယ်။

“အဲ့ကောင်တွေ(စစ်ကောင်စီ)သေတယ်သိလား။ တော်တော်များတယ်။ ရေထဲလက်ပစ်ကူးလာတာတောင် ၁၀၀ ကျော်တယ်လို့ ပြောကြတယ်။ ရေထဲမျောနေတဲ့ဟာကမျောနေတာ”လို့ နေရပ်စွန့်ခွာတိမ်းရှောင်လာတဲ့ ဘောမိ ဒေသခံ လူငယ်အမျိုးသမီးတဦးက DNAကိုမနေ့က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဘောမိရွာကတော့ တရွာလုံးနီး ပါး နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားပြီလို့လည်း သူကပြောပါတယ်။ဘောမိရွာဟာ ရွှေသောင်ယံ မြို့နဲ့ မိုင်နှစ်ဆယ်ဝန်းကျင်သာဝေးပြီး ကြားမှာ စစ်ကောင်စီရဲ့ အမြောက်တပ်စခန်းတခုအပြင် နောက်ထပ်အင် အားဖြည့်ပြီး ခံစစ်ပြင်ထားတဲ့ စခန်းတွေတော့ရှိနေပါသေးတယ်။

“သမီးတို့ ပြန်စရာအိမ်မရှိတော့ဘူး။ စစ်သားတွေရွာထဲမှာမရှိတော့မှ လေယာဉ်နဲ့ ရွာကိုဗုံး ထပ်ကြဲ သွားတာ”လို့ အဲ့ဒီလူငယ်အမျိုးသမီးကဆိုပါတယ်။

ပုသိမ်မြို့နယ်ထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ AA ရဲ့ မနေ့ညက ထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြ တာမရှိ ပါဘူး။အလားတူ စစ်ကောင်စီကလည်း ဧရာဝတီတိုင်းထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအထိ တစုံတရာ ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

“ရွှေသောင်ယံကတော့ လောလောဆယ် (အေး)ချမ်းနေပါသေးတယ်၊ ဖြစ်လာမှာတော့အသေအချာပဲ၊ လက်ရှိ အ နေအထားအရဆိုရင် ကြာမှာနဲ့ မြန်မှာပဲရှိတယ်” လို့ တိုက်ပွဲတွေနဲ့ဖြစ်နိုင်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ရွှေ သောင်ယံမြို့ခံ အမျိုးသားတဦးကသူ့အမြင်ကိုပြောပါတယ်။