Photo – အမှတ် ၁၊ စစ်ဒေသ
ဩဂုတ်၊ ၁၆
မကွေးတိုင်း ဂန့်ဂေါမြို့နယ် ကျောတိုက်နယ်ထဲက MOGE ရဲ့ ရေနံ စခန်းနှစ်ခုကို လုံခြုံရေး ယူပေးထားတဲ့ စစ် ကောင်စီကင်းစခန်းနှစ်ခုကို ဩဂုတ် ၁၅ရက် မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ NUG ကာကွယ်ရေး ဝန်ကြီး ဌာနက အမှတ် ၁-စစ်ဒေသက ဒီကနေ့ထုတ်ပြန်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ရဲ့ ကျောတိုက် နယ် ထဲက Well-1 ထုတ်လုပ်ရေးစခန်း ရေနံမှော်ကင်းစခန်းနဲ့ ရေနံကျင်း ကင်းစခန်းတို့ကိုဂန့်ဂေါခရိုင် PDFတပ်ရင်း တွေ၊ABSDF၊KKG၊ကျောတိုက်နယ် ပကဖ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့သိရပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီရဲ့ ကပစ ၂၃က ဗိုလ်ကြီးသော်ဇင်အောင်နဲ့ ဒုရဲအုပ် ကိုကိုအောင်အပါအဝင် ၁၂ဦးသေဆုံးကာ ကပစ-၂၃က ဒုအရာခံဗိုလ် ဝင်းမြင့်ထွန်းအပါအဝင် ၁၂ဦးကိုတော့ အရှင်ဖမ်းဆီးရမိတယ်လို့ အမှတ် ၁စစ်ဒေသရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေဆီက လက်နက်မျိုးစုံ သုံးဆယ်လက်၊ကျည်မျိုးစုံ ၂၆၀၀ကျော်နဲ့ မိုင်း၊ဗုံးသီးတချို့ကို လည်း တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။တော်လှန်ရေးတပ်တွေ ဘက်က တော့ ရဲဘော်တဦး ကျဆုံးခဲ့တယ်လို့ အမှတ် ၁စစ်ဒေသက ဖော်ပြပါတယ်။