ထိုင်းနိုင်ငံက ကုမ္ပဏီတရာကျော်နဲ့ အလုပ်အကိုင် အေဂျင်စီတချို့ကို စစ်ကောင်စီကအမည်ပျက်ကြေညာ

နိုဝင်ဘာ၊ ၁၉

မြန်မာအလုပ်သမားတွေကိုခေါ်ယူနေတဲ့ထိုင်းနိုင်ငံဘက်က ကုမ္ပဏီ၊ လူပုဂ္ဂိုလ်နဲ့အေဂျင်စီတချို့ဟာ အ လုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေလုပ်တာကြောင့် Black List(အမည်ပျက်စာရင်း)သွင်းအ ရေးယူထားကြောင်း စစ်ကောင်စီလက်အောက်ခံအလုပ်သမားဝန်ကြီးဌာနက မနေ့ကထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံတွင်းမှာ မြန်မာလုပ်သားတွေကြုံခဲ့ရတဲ့ အခွင့်အရေးချိုးဖောက်မှုတွေနဲ့ဆက်စပ်တဲ့  ကုမ္ပဏီ ၁၂၆ခု၊ ထိုင်းနိုင်ငံသား ၁၂၅ဦး၊ ထိုင်းအေဂျင်စီ ၂၀ ခုတို့ကို အမည်ပျက်စာရင်းသွင်းထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အဲဒီကုမ္ပဏီ၊အေဂျင်စီတွေအနေနဲ့ ဘယ်လို့အလုပ်သမားအခွင့်အရေး ချိုးဖောက်ခဲ့ကြ တယ်ဆို တာ ကိုတော့ ဖော်ပြထားတာမရှိပါဘူး။

“Black Listစာရင်းသွင်းတာဘာကြောင့်လဲ၊ အဲဒီလူတွေနဲ့လုပ်ငန်းဆက်မလုပ်ဖို့ပြောချင်တာ လား မရှင်းလင်းဘူး၊ဌာနကရောသူတို့နဲ့ကင်းရဲ့လားဆိုတာလည်းမေးစရာဖြစ်နေတယ်”လို့ပြည်ပအလုပ်အကိုင်အေဂျင်စီ ကိုယ်စားလှယ်တဦးကပြောပါတယ်။

မြန်မာနိုင်ငံကလုပ်သားအင်အားအများစုဟာထိုင်းနိူင်ငံကိုအဓိကသွားရောက်လုပ်ကိုင်နေကြ

တာဖြစ်ပြီး သွားရောက်သူတွေထဲက ထက်ဝက်လောက်က တရားမဝင်လုပ်သားတွေဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေးစောင့်ကြည့်သူတွေကဆိုပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေဟာ တရားဝင် MoU စနစ်နဲ့လာသူရော၊တရားမဝင်လာရောက်သူတွေပါ အလုပ်အကိုင်နဲ့ပတ်သက်လို့လိမ်လည်ခံရတာ၊လစာမရဘဲ အလုပ်လုပ်ပေးရတာမျိုးတွေကြုံနေကြရပါတယ်။

တရားဝင် MoUစနစ်နဲ့စေလွှတ်တဲ့အလုပ်သမားတွေထဲမှာ လည်းပြည်တွင်းအေဂျင်စီတချို့ရဲ့ မသမာမှုနဲ့ ထိုင်းနိုင်ငံဘက်က အလုပ်ရှင်ကိုယ်စားပြုအေဂျင်စီတွေရဲ့ မရိုးသားမှုတွေကြောင့် အလုပ်မရဘဲ ထိုင်းနိူင်ငံထဲ သောင်တင်ဒုက္ခရောက်ကြရတဲ့အလုပ်သမားတွေရှိနေတယ်လို့ ရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူတွေကေ ပြာပါတယ်။

“မြန်မာလုပ်သားစျေးကွက်ကို ပြည်တွင်းအေဂျင်စီတွေတင်မဟုတ်ဘူး၊ထိုင်းလုပ်ငန်းရှင်တချို့နဲ့ပွဲစားတွေက ခြယ်လှယ်ကစားနေတာရှိတယ်၊ကြာပြီအဲဒါတွေက၊အမည်ပျက်စာရင်းကိုတော့အခုမှထုတ်တာတွေ့ရတာ”လို့ထိုင်း -မြန်မာနယ်စပ်က အေဂျင့်ကိုယ်စားလှယ်တဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရထိုင်းကိုအလုပ် သမားစေလွှတ်နေတဲ့မြန်မာအေဂျင်စီ ရှစ်ခုကိုလိုင်စင် ယာယီရုပ်သိမ်းထားသလို နောက်ထပ်အေဂျင်စီ ၄၃ခုကို လိုင်စင် ရာသက်ပန်ရုပ်သိမ်းလိုက်တယ်လို့ လည်းဖော်ပြထားပါတယ်။

သူတို့အနေနဲ့ဘယ်လိုအကြောင်းကြောင့်အရေးယူခံရတယ်ဆိုတာကိုတော့ရှင်းလင်းဖော်ပြထားတာမရှိပါဘူး။

“အေဂျင်စီတွေဝန်ဆောင်ခသာကြိုယူတာ၊ ဘယ်နေ့သွားရမယ်ဆိုတာ အာမခံချက်မပေးနိုင်ဘူး၊ ကျွန် တော်တို့ဆီက ဝန်ဆောင်ခကြိုယူထားတဲ့သူဆို နောက်အေဂျင်စီနာမည်တခုနဲ ့တောင်အသစ်လည်နေတာတွေ့တယ်”လို့ ထိုင်းနိုင်ငံကိုသွားရောက်မယ့်မြန်မာလုပ်သားတဦးကပြောပါတယ်။

မြန်မာနိုင်ငံကနေပြည်ပကိုအလုပ်သမားစေလွှတ်ခွင့်လိုင်စင်ရယူထားတဲ့ အေဂျင်စီ ငါးရာနီးပါးရှိပြီးအေ ဂျင်စီ ၁၅ဝလောက်က ထိုင်းနိုင်ငံကိုလုပ်သားစေ လွှတ်ခွင့်သီးသန့်လိုင်စင်ရယူထားတာဖြစ်တယ်လို့ဌာနဆိုင်ရာ ထုတ်ပြန်ချက်တွေအရသိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်တဲ့ တရားဝင် မြန်မာအလုပ်သမား လေးသိန်းခန့်ရှိတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြထားပေမယ့် တရားမဝင်အလုပ်သမားတွေ ထည့်တွက်ရင် သန်းနဲ့ချီ ရှိနိုင်တယ်လို့ အလုပ်သမားရေးရာ ကျွမ်းကျင်သူတွက ဆိုပါတယ်။