ဇွန် ၊ ၁၇
မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရခိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းတချို့မှာ ဝမ်းရောဂါနဲ့ ယားနာတွေ ဖြစ်နေကြပြီး ကျန်းမာ ရေးစောင့်ရှောက်မှုနဲ့ ရေကောင်းရေသန့် ရရှိဖို့လိုအပ်နေတယ်လို့ အဲဒီစခန်းတွေမှာနေထိုင်တဲ့ ဒုက္ခသည်တွေက ပြောကြပါ တယ်။
လူဦးရေတသောင်းကျော်ရှိတဲ့ ပေါက်တောမြို့နယ် ငှက်ချောင်းရိုဟင်ဂျာဒုက္ခသည်စခန်းမှာ ကလေးငယ် လေး ဆယ်ဝန်းကျင်လောက်ဟာ ယားနာတွေဖြစ်နေကြပြီး လူကြီး၊ လူငယ် နှစ်ဆယ်လောက် ဝမ်းရောဂါဖြစ်နေကြ တယ်လို့ ဆိုပါတယ်။
“ကလေးတွေ အနာတွေပေါက်ကြတယ်၊အဲလိုအနာပေါက်တဲ့သူတွေ တဖြေးဖြေးများလာပါတယ်၊ ပြီးတော့ ဝမ်း သွားတဲ့သူတွေလည်း ရှိတယ်၊ဘာလို့ဖြစ်တယ်ဆိုတာတော့ မသိဘူး၊မုန်တိုင်းပြီးမှပဲ ဖြစ်တာ၊ ရေကြောင့်လို့ သံ သယရှိနေကြတယ်”လို့ ငှက်ချောင်းစခန်းက ဒုက္ခသည်တဦးက DNA ကို ပြောပါတယ်။
အဲဒီငှက်ချောင်းစခန်းမှာ အရင်တုန်းက နယ်စည်းမခြားဆရာဝန်များအဖွဲ့(MSF)က ပုံမှန် ဆေးခန်းလာဖွင့်ပေး တာရှိ ပေမယ့် မုန်တိုင်းတိုက်ခတ်အပြီးနောက်ပိုင်းမှာ ဆေးကုသရေးအဖွဲ့တွေ မရောက်လာကြသေးဘူးလို့ဆို ပါတယ်။
“ဆေးကုဖို့လည်း အခက်အခဲရှိပါတယ်၊အရင်ဆိုရင် တပတ်မှာ နှစ်ကြိမ် ဆေးခန်းလာထိုင်တာ၊ အခု မုန်တိုင်းပြီး ကတည်းက မရောက်သေးဘူး၊မြို့ပေါ်ကို သွားကုဖို့ကလည်း ပိုက်ဆံမတတ်နိုင်ကြဘူး၊ရွာက ရမ်းကုဆီမှာပဲ ကု နေကြရတယ်”လို့ အဲ့ဒီ ဒုက္ခသည်က ပြောပါတယ်။
ဒါ့အပြင် ပေါက်တောမြို့နယ် ကြိမ်နီပြင်ရိုဟင်ဂျာဒုက္ခသည်စခန်းမှာလည်း နာမကျန်းဖြစ်နေသူတွေရှိနေတယ် လို့ စခန်းနေသူတွေက ပြောကြပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးဝန်ဆောင်မှု လာပေးဖို့နဲ့ သောက်သုံးရေတွေကို လာ ရောက်စစ်ဆေးပေးဖို့ စခန်းနေသူတွေက တောင်းဆိုကြပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အရင်တုန်းကလည်း ရိုဟင်ဂျာနဲ့ ရခိုင်ဒုက္ခသည်စခန်း တွေကို စားနပ်ရိက္ခာနဲ့ ဆေး ဝါး ထောက်ပံ့ခွင့်တွေ ကန့်သတ်၊ ပိတ်ပင်ခဲ့ပြီး အခုမုန်တိုင်းအပြီးမှာလည်း ကူညီရေးအဖွဲ့တွေကို ခရီးသွားလာ ခွင့်တွေ ပိတ်ထားတာကြောင့် မုန်တိုင်းသင့် ဒေသခံတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေအခက်တွေ့နေ ကြတယ်လို့သိရပါတယ်။
ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ အဲဒီလိုမျိုး ဝမ်းရောဂါနဲ့ ယားနာပေါက်သူတွေရှိနေသလို စာသင်ကျောင်းဆောင် တွေ ပျက်စီးသွားခဲ့လို့ စာသင်ရတာဟာလည်း အခက်အခဲနဲ့ ကြုံနေကြရတယ်လို့ ပြောကြပါတယ်။ “ကျောင်းဆောင် ခုနှစ်ဆောင်မှာ ငါးဆောင်ပျက်သွားတယ်၊စာကလည်း သင်ရမယ်လို့ ပြောထားတယ်၊ ကျန်တဲ့အ ဆောင်နှစ်ဆောင်မှာ သင်ရတာ အဆင်မပြေပါဘူး”လို့ ငှက်ချောင်းဒုက္ခသည် ခစန်းက ကျောင်းဆရာတဦးဖြစ်တဲ့ ဦးမောင် မောင်သန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း၂၀၁၂ ပဋိပက္ခကြောင့် ဒေသခံ တစ်သိန်းလေးသောင်းနီးပါး နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အဲဒီထဲက ၉၅ ရာခိုင်နှုန်းဟာ ရိုဟင်ဂျာတွေ(မူဆလင်ဟု သုံးနှုန်းထား)ဖြစ်ကာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေ ကြရတယ်လို့ ၂၀၁၇ ခုထုတ် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မုန်တိုင်းသင့် ရခိုင်ဒေသခံတွေကို ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ပေးနေတဲ့ ရခိုင့်တပ်တော် AA ရဲ့ အရေး ပေါ်ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မတီကတော့ ဇွန်လ ၁၂ရက်အထိ အချက်အလက်တွေအရ ရခိုင်က မုန်တိုင်းသင့်ပြည်သူ သုံးဆယ်ရာခိုင်နှုန်းလောက်သာ အကူအညီတွေရကြသေးတယ်လို့ ဆိုထားပါတယ်။
ပေါက်တောမြို့နယ်က ငှက်ချောင်းရိုဟင်ဂျာစခန်းကို ၂၀၂၂ခု နှစ်က မုန်တိုင်းတိုက်ခတ်ပြီးနောက်တွေ့ရစဥ်