အင်းလေးဒေသက ဖမ်းဆီးခံရသူရှစ်ဦးကို စစ်တပ်က စစ်ကြောရေးပို့ စစ်ဆေးနေ

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းတိန်ရွာက ဆရာတော်တစ်ပါးအပါအဝင် အင်းလေးတိုက်ပွဲ တွေ ဖြစ်ပြီးနောက် ကွင်းဆက်အဖြစ်ဖမ်းဆီးခံထားရသူ ရှစ်ဦးဟာ စစ်ကြောရေးပို့ဆောင်ခံထားရတယ်လို့ ဒေသခံ တချို့နဲ့ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေကပြောပါတယ်။

“အခုဖမ်းခံထားရတဲ့ သူတွေကို စစ်ကြောရေးထဲမှာ ရောက်နေတယ်လို့ ကြားပါတယ်၊သူတို့ကို စစ်နေတယ် ပေ့ါ နော်၊စစ်ကြောရေးအခြေအနေတွေကတော့ ထပ်မကြားရသေးဘူး၊စုံစမ်းနေတုန်းပါပဲ” လို့ ရှမ်းတောင်ဒေသ တော် လှန်ရေး အင်အားစုတွေနဲ့ နီးစပ်သူတဦးကပြောပါတယ်။

ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာက ညောင်အုတ်ကျောင်းတိုက် ဆရာတော် ဥူးဇဝန (ခ) ဦးစိုးသိန်းဝင်းကို ဒေသကာကွယ်ရေးတပ်တွေနဲ့ ဆက်စပ်တယ်လို့စွပ်စွဲကာလ စစ်တပ်က ဖမ်းဆီးခဲ့ပါတယ်။အဲ့ဒီနောက် နှစ်ရက် အကြာမှာ ရှမ်းတောင် ဒေသကာကွယ်ရေးတပ်တခုရဲ့ ခေါင်းဆောင်ဆိုသူ နှစ်ဦး နဲ့PDFတွေကို ကူညီ ထောက်ပံ့သူ ဆိုသူ နှစ်ဦးကို ဆက်လက် ဖမ်းဆီးခဲ့တာပါ။

အဲ့ဒီနောက် ဆက်တိုက်ဖမ်းဆီးမှုတွေလုပ်ခဲ့ပြီး ဖမ်းဆီးခံရသူတွေဟာ ဦးဇဝန (ခ) ဦးစိုးသိန်းဝင်း၊ ဆရာကျောင်း (ခ) ဦးဇော်ဇော်အောင်၊ ကိုသားငယ်၊ ဦးအိုက်ရွန်၊ ဒေါ်တင်တင်ညို၊ ကိုမင်းမင်းဦး၊ ကိုဇော်မျိုးအောင်နဲ့ ကိုဇွဲညီ ထွန်းတို့ ဖြစ်တယ်လို့ စစ်ကောင်စီက ဇန်နဝါရီ (၇) ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ကလောမြို့မှာလည်း ဆရာကျောင်း (ခ) ဦးဇော်ဇော်အောင် နဲ့ အမည်တူတဲ့ ဒေသခံကျောင်းဆရာ တ ဦးကို လွန်ခဲ့တဲ့ရက်ပိုင်းက မှားယွင်းဖမ်းဆီးစစ်ဆေးခဲ့ပြီးအိမ်ကိုလည်း မှားယွင်းချိတ်ပိတ်ခံထားရတယ်လို့ ‌ဒေသခံ တွေက ပြောပါတယ်။

“အခုဖမ်းခံရတဲ့အထဲမှာ PDF(တပ်ရင်း) ၁၀၀၅က ဆရာကျောင်းနဲ့ အမည်တူတဲ့ တခြားဆရာကျောင်းဆိုတဲ့ သူကို က လောမှာ ဖမ်းသွားပြီးတော့ သူ့အိမ်ကိုပါ ချိတ်ပိတ်သွားတယ်လို့ ကြားတာလည်း ရှိတယ်၊သူကိုတော့ဆရာ ကျောင်းဆိုပြီးတော့မှားဖမ်းခဲ့တာပေါ့လေ၊မှားဖမ်းခံရတဲ့ သူက သာမန်ပြည်သူ ကျူရှင်ဆရာလို့တော့သိရ ပါတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ရှမ်းတောင် PDF တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေပြီး စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လာနိုင်တဲ့အတွက် ကလော၊ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်တွေက ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုတွေ သတိထားဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းတွေနဲ့ ခပ်ဝေးဝေးမှာနေကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

ညောင်ရွှေမြို့နယ်၊ လုံကန်ကျေးရွာ၊ တောင်တိုကျေးရွာ တစ်ဝိုက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ရက်က ‌ရှမ်း တောင် PDFနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲ ဖြစ်ခဲ့ပြီး ရုပ်အလောင်း ၅ ခုနဲ့ လက်နက်တွေ သိမ်း ဆည်းရမိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နောက်တရက် ဇန်နဝါရီ ၄ ရက်မှာလည်း ညောင်ရွှေမြို့နယ်၊ ကံရွာကျေရွားအနီးမှာ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့ပြီး PDF အဖွဲ့ဝင်သုံးဦး၊လက်နက်မျိုးစုံ ၁၂ လက်နဲ့ ဆက်စပ်ပစ္စည်း အများအပြား ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။