စစ်ကောင်စီက တိုက်လေယာဉ်သုံးစီးနဲ့ ညအချိန်ဗုံးကျဲတိုက်ခိုက်ရာမှာ AA တပ်ဖွဲ့ရဲ့ အကျဉ်းထောင်နှစ်ခုကို ထိ မှန်ပြီး ဖမ်းဆီးခံထားရတဲ့ အကျဉ်းသား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးထိခိုက်ဒဏ်ရာရာကြတယ်လို့ ရခိုင့် တပ်တော် AA က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီဗုံးကျဲတိုက်ခိုက်မှုကို စစ်တပ်က စက်တင်ဘာ (၂၃) ရက်ညပိုင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး မောင်တော မြို့နယ် အတွင်း လက်ပံတောင်ကြောပေါ်က AA တပ်ဖွဲ့ရဲ့အကျဉ်းထောင်နှစ်ခုကို ထိမှန်ပြီး စစ်ကောင်စီ တပ်သား၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်နဲ့ အခြားအကျဉ်းသားအချို့ သေဆုံးဒဏ်ရာရမှုတွေရှိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
သေဆုံး၊ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုတော့ အဲ့ဒီထုတ်ပြန်ချက်မှာ အတိအကျဖော်ပြမထားပါဘူး။ လေ ကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူတွေကို ဆေးကုသပေးပေမယ့် ဆေးဝါးအခက်အခဲ တွေကြောင့် တချို့ သေဆုံးသွားပြီး ဒဏ်ရာပြင်းထန်သူတချို့လည်း အသက်ရှင်ဖို့ မျှော်လင့်ချက်နည်း တယ်လို့ အဲ့ဒီထုတ်ပြန်ချက် မှာ ဖော်ပြထားပါတယ်။
အဲ့ဒီလို ဒဏ်ရာပြင်းထန်သူတွေကို အမြန်ဆုံးလာခေါ်ဖို့ စစ်ကောင်စီတပ်ကိုအကြောင်းကြားခဲ့ပေမယ့် ငါးရက် အ ကြာအထိ လာမခေါ်တာကြောင့် တဦးထပ်မံသေဆုံးသွားတယ်လို့လည်းဆိုပါတယ်။ဒါဟာ စစ်ကောင်စီတပ်တွေ အနေနဲ့ ကိုယ့်ရဲဘော်ရဲဘက် အပေါ် တာဝန်ယူမှုမရှိတာဖြစ်တယ်လို့လည်း AA ကဝေဖန်ထားပါသေးတယ်။
ထုတ်ပြန်ချက်ပါ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ DNA အနေနဲ့တော့ သီးခြားအတည်ပြုနိုင်တာ မရှိ သေးပါ ဘူး။မောင်တောမြောက်ပိုင်းက ကျေးရွာတွေနဲ့ ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်မျဉ်း အနီးက တောင် ကုန်းတွေကို စစ် တပ်က ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေကိုကိုးကားထားတဲ့ သတင်းတချို့ စက်တင်ဘာ( ၂၄)ရက်မှာ သတင်း ဌာနတွေက ဖော်ပြခဲ့ကြပါတယ်။
ရခိုင်နဲ့ပလက်ဝဒေသတွေမှာ AAနဲ့ စစ်ကောင်စီ တကျော့ပြန်တိုက်ပွဲတွေပြန်ဖြစ်ချိန်ကစလို့ AA တပ်ဖွဲ့တွေက စစ်ကောင်စီစခန်းတွေကို ဆက်တိုက်သိမ်းပိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပြင်း ပြင်းထန်ထန် တုံ့ပြန်နေတာပါ။
ရခိုင့်တပ်တော် AA တပ်ဖွဲ့ဆီလက်နက် သို့မဟုတ် လက်နက်မပါပဲ ဝင်ရောက်လာသူတွေနဲ့ ဖမ်းဆီးရမိထားသူ အပါအဝင် စုစုပေါင်း စစ်ကောင်စီတပ်သား ၁၅၀ ဦး နီးပါးရှိနေပြီလို့ AA ကဆိုပါတယ် ။AA အနေနဲ့ စစ် ကောင် စီတပ်သားတွေကို ကောင်းမွန်စွာထိမ်းသိမ်းထားကာ အချို့ကိုတော့ သူတို့သွားချင်တဲ့နေရာကို အန္တရာယ်ကင်းစွာပို့ဆောင်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။