မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦးကျော်မျိုးမင်းဟာ ဇွန်လ ၂၂ ကတည်းက တပ်မဟာ (၁) နယ်မြေထဲမှာ တာဝန်အရခရီးသွားရင်း အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့အတွေ့မှာ အဖမ်းခံခဲ့ရပြီး ဒီနေ့အထိ အဆက်အသွယ်မရသေးတဲ့အတွက် စိတ်ပူနေတယ်လို့ မိသားစုဝင်တဦးက DNA ကိုပြောပါတယ်။
“ဖမ်းမိတုန်းက သူနဲ့အတူ ပါတီဝင် ၂ ဦးအပြင် ရွာသား ၁ ဦးလည်း ပါသွားတယ် ၊ အဲဒီရွာသားက ထွက်ပြေးပြီးလွတ်လာတယ် ၊ သူပြောတာတော့ ဦးကျော်မျိုးမင်းကို ထွက်မပြေးနိုင်အောင် ခြေထောက်ကို ပြင်းပြင်းထန်ထန်ရိုက်နှက်ထားကြတယ် ၊ အဆာရေစာလည်းမကျွေးပဲ ဖြတ်ထားတယ်လို့” ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က တပ်မဟာ ၁ နယ်မြေထဲမှာ ဦးကျော်မျိုးမင်းတို့ကို တန်ဆာခံအဖြစ်ခေါ်ပြီး သွားလာနေတယ်လို့ သတင်းထွက်ပေါ်နေပေမယ့် DNA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး ။လက်တလောအချိန်မှာ KNU ထိန်းချုပ်နယ်မြေ တပ်မဟာ ၁ ဧရိယာထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ဦးကျော်မျိုးမင်းရဲ့ နဲ့လည်း အဆက်အသွယ်ပြတ်တောက်နေတဲ့အတွက် မိသားစုဝင်တွေက သူ့ရဲ့ အသက်အန္တာရယ်ကို စိုးရိမ်နေကြပါတယ်။