သဲကျောက်စုပ်ယူနေတဲ့ တနင်္သာရီနေရာတချို့ကို နယ်မြေလုံခြုံရေးအရ တားမြစ်

တနင်္သာရီမြို့နယ် မြစ်ချောင်းအတွင်း သဲကျောက်စုပ်ယူနေတဲ့နေရာတချို့ကို နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ကြောင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။
တနင်္သာရီမြို့နယ်၊လယ်သစ်ကျေးရွာအုပ်စု၊မြေပြားရွာ ကြွေးချောင်းသောင်ကနေ လယ်သစ်မြစ်ဝအထိ သဲကျောက်စုပ်ယူနေခြင်းကို နယ်မြေလုံခြုံရေးအရ တားမြစ်လိုက်ပြီး
မြစ်သဲကျောက်စုပ်ယူနေသူတွေအနေနဲ့ အခုအသိပေးချက်ထုတ်ပြန်တဲ့နေ့ကစပြီး (၃)ရက်အတွင်း တားမြစ်ဧရိယာအတွင်းကနေ ထွက်ခွာပေးဖို့ တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကဒီကနေ့ထုတ်ပြန်ပါတယ်။
လိုက်နာဆောင်ရွက်ခြင်း မရှိပါက နယ်မြေလုံခြုံရေးအဖွဲ့တွေက လိုအပ်သလို ဆက်လက်အရေးယူသွားမှာဖြစ်ကြောင်း လည်း အသိပေးထားပါတယ်။
photo-တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့