လက်နက်စွန့်ရင် ကြိုဆိုမယ်ဆိုတဲ့ ဇော်မင်းထွန်းပြောဆိုချက် တောင်ငူခရိုင် PDF ပြတ်သားစွာ ပယ်ချ

PDF တွေလက်နက်စွန့်ရင် ကြိုဆိုမယ်ဆိုတဲ့ ဇော်မင်းထွန်းပြောဆိုချက်ကို တောင်ငူခရိုင်PDF က ပြတ်သား စွာ ပယ်ချလိုက်ပါတယ်။
မကြာသေးမီ ရက်ပိုင်းအတွင်း အကြမ်းဖက်စစ်အုပ်စုပြောခွင့်ရ ဇော်မင်းထွန်းရဲ့ အဲဒီလို ကမ်းလှမ်းချက်နဲ့ပက်သက်ပြီး လူ့မိစ္ဆာတွေရဲ့ လက်အောက်ကို ပြန်သက်ဆင်းပြီး စစ်ကျွန်ဘဝ နဲ့ ပြန်လည်အရိုးထုတ်စရာ အကြောင်း လုံးဝ မရှိဘူးလို့တပ်ရင်းအမှတ်၃၅၀၁၊ဘုရင့်နောင်တပ်ရင်း၊ တောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကြေညာချက် ထုတ်ပြန်ကာတုံ့ပြန်လိုက်တာပါ။
PDFတွေ လက်နက်ချဖို့ပြောနေသူတွေ ကို ပြည်သူ့ရင်ခွင်ဆီ အရင်အလင်းဝင်လာဖို့ ပြန်လည်ဖိတ်ခေါ်ကြောင်းလည်း တောင်ငူခရိုင်PDF ရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ခုခံတော်လှန်စစ်စတင်ချိန်ကနေဒီနေ့အထိ စစ်အုပ်စုလက်ဝေခံ တွေကို အရှင်ဖမ်းမိခဲ့ရင် NUGအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသလို လူကို လူလိုဆက်ဆံပြီး ပြန်လွှတ်ပေးခဲ့ပေမဲ့ PDFရဲဘော်တွေကို အရှင်ဖမ်းမိခဲ့ရင် စစ်အုပ်စုက ရက်ရက်စက်စက်နှိပ်စက်‌မေးမြန်းပြီး အသေမီးရှို့သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။