ဖယ်ခုံရှေ့ဖက်ကမ်း တိုက်ပွဲတွေအတွင်း ဌာနချုပ်အပါအဝင် အဓိကစခန်း ၃ခုဆုံးရှုံးခဲ့ရ

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အကြား ဖယ်ခုံမြို့ အရှေ့ဖက်ကမ်း တိုက်ပွဲတွေအတွင်းမှာ No-1008 Infantry Southern Shan ရဲ့ ဌာနချုပ်အပါအဝင် အဓိကစခန်း ၃ခု ဆုံးရှုံးခဲ့ရတယ်လို့ ဒီကနေ့ မေလ ၂၇ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
တိုက်ပွဲကာလ ၁၁ရက်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ ထိုးစစ်ဆင်ခဲ့ပြီး Infantry Southern Shan အနေနဲ့ လက်နက်တပ်ဆင်မှု မပြည့်စုံတာကြောင့် အခုလို စခန်းတွေ ဆုံးရှုံးခဲ့ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“မိမိတို့တပ်ရင်းမှာ NUG MOD အောက်ကတရားဝင်တပ်ရင်းဖြစ်သော်လည်း အထက်ကလက်နက်တပ်ဆင်ပေးမှုကိုစောင့်မျှော်နေဆဲဖြစ်သည်”လို့ No-1008 Infantry Southern Shanက ဆိုထားပါတယ်။
ဓာတ်ပုံ- No-1008 Infantry Southern Shan