ဧရာဝတီတိုင်း ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်ဝင်းရဲ့ နေအိမ်မှာ ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး ဦးကြည်ဝင်း ဒဏ်ရာ အနည်းငယ် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ မေလ ၂၂ ရက်နေ့ မနက်ပိုင်းက ဦးကြည်ဝင်းရဲ့ နေအိမ်ရှေ့မှာ ဗုံးလို့ယူဆရတဲ့ အထုတ်တစ်ခုကို တွေ့တာကြောင့် စစ်အုပ်စုကို ဖုန်းဆက်သတင်းပေးနေချိန်မှာ ထပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“အဲ့လူလုပ်လို့ အဖမ်းခံထားရတဲ့ သူတွေ မနည်းဘူး၊ ရွာမှာ ပြည်သူ့စစ်ဖွဲ့တော့လဲ သူပဲ ဦးဆောင်တာ၊ အတော်ထိသွားတယ်လို့ ကြားတယ်၊ အခုတော့ ရွာထဲမှာ ဟိုကောင်တွေ ခြေရှုပ်နေတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြားသတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။