မော်ဒယ်သရုပ်ဆောင် ဟိန်းထက်ရဲ့ နေအိမ်ကို ရန်ကုန်သွေးသောက်အဖွဲ့လို့ အမည်တပ်ထားတဲ့ စစ်အုပ်စုလက်ဝေခံ အဖွဲ့တစ်ခုက သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဟိန်းထက်ရဲ့ အဖိုးဖြစ်သူ သေဆုံးသွားတယ်လို့ သိရပါတယ်၊ဒီကနေ့ ဧပြီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီလောက်မှာ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကျေးရွာအုပ်စု ပေါင်းကူးဉာဏရပ်ကွက် ဂန္ဓာလမ်းမှာရှိတဲ့ မင်းသားဟိန်းထက်ရဲ့ နေအိမ်ကို ရန်ကုန်သွေးသောက်အဖွဲ့လို့ အမည်တပ်ထားတဲ့ အဖွဲ့က ကားတစ်စီးနဲ့ရောက်ရှိလာပြီး ကားပေါ်ကနေ သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။
ပစ်ခတ်မှုကြောင့် မင်းသားဟိန်းထက်ရဲ့ အဖိုးဖြစ်သူ ဦးတင်ဝင်း နေရာမှာပဲ သေဆုံးသွားခဲ့ရတယ်လို့ သိရပါတယ်။
“ကျွန်တော့်အိမ်ကို လူတစ်စုက သေနတ်နဲ့ လာပစ်သွားတယ် အဖိုးသေနတ်မှန်ပြီး ဆုံးသွားပြီ”လို့ မင်းသား ဟိန်းထက်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။