စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သပိတ်စစ်ကြောင်း ပစ်ခတ်ဖြိုခွင်းခံရမှု တစ်နှစ်ပြည့်အဖြစ် မြို့နယ်ဆိုင်းဘုတ်တွေကို ဆေးနီနဲ့ပက်ဖျန်းခဲ့တယ်လို့ သိရပါတယ်။
ဧပြီ ၁၀ ရက်နေ့ဟာ အရာတော်မြို့နယ် သပိတ်စစ်ကြောင်းကို အကြမ်းဖက်စစ်တပ်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် ဝါးရောင်းကျေးရွာသား ကိုရှိုင်းဝေဖြိုး ကျဆုံးခဲ့ခြင်း (၁) နှစ်ပြည့်မြောက်နေ့ ဖြစ်ပါတယ်။
ဒါ့ကြောင့် အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင်ကော်မတီနဲ့ အရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) တို့က မြို့နယ်ဆိုင်းဘုတ်တွေကို ဆေးနီတွေပက်ဖျန်းကာ ပြောက်ကျားသပိတ်ဆင်နွှဲခဲ့ကြတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေး စာမျက်နှာ အရာတော်မြို့နယ် သတင်းမှန် ပြန်ကြားရေးက ဖော်ပြပါတယ်။